Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မှော်ဘီမြို့နယ်ရှိ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဆီကုမ္ပဏီများ၊ ဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့ပါသည်။

        အဆိုပါအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥက္ကဋ္ဌ ဦးမျိုးဝင်းက စာအုပ်စနစ်ဖြင့် စားအုန်းဆီရောင်းချမှုအခြေအနေ၊ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စများကို အဓိကဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စားအုန်းဆီအရောင်းကိုယ်စားလှယ်များကလည်း တစ်ဦးချင်းအလိုက် ပြန်လည်ဆွေးနွေးတင်ပြပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာနှင့် ကိုယ်စားလှယ်ပေါင်း (၄၄)ဦးတက်ရောက်ခဲ့ပြီး နေ့လည် (၁၅:၀၀) နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မှော်ဘီမြို့မဈေး၌ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ဈေးကွက်အတွင်း စာရင်းကောက်ယူ

      ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများစာရင်းသိရှိရန် ဈေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို (၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ ဈေးနှုန်းကောက်ယူခဲ့ပါသည်။

          ထိုသို့ဈေးကွက်အတွင်း စာရင်းကောက်ယူခဲ့ရာတွင် မှော်ဘီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် မြို့မဈေးအတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးဆိုင်များ၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးနှင့် ငါးပိ စသည့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုးတို့၏ ဈေးနှုန်းစာရင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

၂၀၂၄-ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့် ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက် ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

    ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေး‌နွေးခြင်း (၁၀)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၁၉)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တိုက်ကြီးမြို့မဈေးအတွင်းရှိ ဆန်နှင့် စားအုန်းဆီဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ဟောပြောဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်၊ မြို့နယ်ခွဲတာဝန်ခံနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး၊ မြို့မဈေးတာဝန်ခံတို့ပူးပေါင်း၍ (၃၀-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် စားအုန်းဆီဆိုင်များသို့သွားရောက်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ် ထားသည့်သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် စားအုန်းဆီ လက်လီ/လက်ကားရောင်းချလျက်ရှိသော အရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းပါသည်။

DOCA(ရန်ကုန်)

 

အသင့်စားခေါက်ဆွဲထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်   ၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၅၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်သို့ အသင့်စားခေါက်ဆွဲခေါက်ထုပ်အမျိုးမျိုးနှင့်ပတ်သက် ၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းလမ်း၊ ကျန်စစ်သားအိမ်ယာတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော City Mart သို့ရောက်ရှိခဲ့ရာ တာဝန်ခံ ဒေါ်မျိုးမျိုးမြင့်အောင်ပူးပေါင်းပါဝင်လျက် ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးဖြစ်သော OMG, mamee, Jiang, လျှာ, XO XO, Wah Lah, အူမာမီ, MAMA, WoW, Original Miegoreng နှင့် Xcite ခေါက်ဆွဲခြောက်အမျိုးမျိုးတို့တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား (အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် သုံးစွဲပုံနည်းလမ်း) တို့ကိုပြည့်စုံစွာဖော်ပြထားကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပါသည်။

DOCA(ရန်ကုန်)

 

၂၀၂၄-ခုနှစ်၊ စက်တင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

    ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  မကွေးမြို့နယ်တွင်(၅)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်တွင် (၄)ကြိမ်၊ မြို့သစ်မြို့နယ်တွင် (၂)ကြိမ်၊ နတ်မောက်မြို့နယ်တွင် (၂)ကြိမ်၊ ချောက်မြို့နယ်တွင် (၅)ကြိမ်၊ ရေနံချောင်းမြို့နယ်တွင် (၃)ကြိမ်၊ စုစုပေါင်း (၂၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

 

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၃၀-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၂း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌဖြစ်သူ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရဲမှုးကြီးမျိုးကြည်၊ အတွင်းရေးမှုးဖြစ်သူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုး ဦးကျော်ကျော်လွင်နှင့် ကော်မတီဝင်များ၊ စုစုပေါင်း ၁၅ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားစတင်ချိန်တွင်  စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌဖြစ်သူ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးဖြစ်သူ ဦးကျော်ကျော်လွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့တင်ပြထားသည့် အမှာစာများအား ဖတ်ကြားတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအစီအစဉ်များကိုပြုလုပ်ခဲ့ကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ချောက်မြို့မဈေး၌ ပလတ်စတစ်လျော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မစျေး၌ (၃၀.၉.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ချောက်မြို့ (မြို့မစျေး)အတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်း၊ ပလတ်စတစ်အိတ်သုံးစွဲခြင်းအစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 

    ဆက်လက်၍ ချောက်မြို့နယ်တာဝန်ခံမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး မြို့မဈေးအတွင်းရှိ  ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာ ပါဝင်ခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သာကေတမြို့နယ်၊ ယုဇနဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များအား သွားရောက်စစ်ဆေး

        ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ်(၃) ရေကြောင်းရပ်ကွက်ကဲမှုအဖွဲ့ခွဲမှ ရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူးတို့ပါဝင်သော အဖွဲ့များသည် ၃၀-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းအား ပုံမှန်သွားရောက်စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

         အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV တက်နေဝန်းရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ အရက်၊ ဘီယာ၊ အထွေထွေကုန်ပစ္စည်းမျိုးစုံကိုတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းကုန်ပစ္စည်းများမှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ ရန်ကင်းဈေးအတွင်း အွန်လိုင်းမှဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဆွေးနွေးဟောပြောခြင်း

      (၃၀-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  ရန်ကင်းမြို့နယ်၊ ရန်ကင်းဈေး၏ ဈေးစည်ပင်သာယာရေးရုံးခန်းမတွင် ဈေးသူ/ဈေးသားများအားခေါ်ယူ၍ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးသည် ယခုခေတ်ကာလတွင် စားသုံးသူများသည် အွန်လိုင်းစနစ်ဖြင့် ၎င်းတို့၏လိုအပ်ချက်အရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုလာကြသည့်အတွက် တန်ဖိုးနှင့်အညီ ငွေပေးချေဝယ်ယူကြရာ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ကို အပြည့်အဝနားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခြင်းနှင့် နစ်နာမှုများမကြုံ့တွေ့ကြရစေရန်၊ စားသုံးသူများက ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးအတွက် ရောင်းဝယ်မှုလုပ်ငန်းများအားလုံးနှင့်စပ်လျဉ်း၍ စနစ်တကျထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်အကြောင်းကိုရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ