Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ” (၁၅.၁.၂၀၂၄ မှ ၂၀.၁.၂၀၂၄)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၅.၁.၂၀၂၄)ရက်နေ့မှ (၂၀.၁.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၅)ခုနှင့် စားအုန်းဆီတန်ချိန် (၆၉၄၃.၃၆၉)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်၊ ထမ္မနိုင်ကျေးရွာအုပ်စု၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်း”

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ဇန်နဝါရီလ (၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် ထမ္မနိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ/သားများအား ကျေးရွာဓမ္မရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

   အဆိုပါ ဟောပြောပွဲတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန်အတွက် စားသုံးသူကာကွယ်ပေးရေးဥပဒေတစ်ရပ်ကို ၂၀၂၄ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၂၀၁၉ခုနှစ်တွင် စားသုံးသူကာကွယ်ရေးဥပဒေသစ်တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉/၂၀၁၉)ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ထပ်မံပြဌာန်း လိုက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူမှ တောင်းဆိုသည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်းသုံးစွဲပုံ နည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြ ချက်နှင့် ကြိုတင်သတိပေးခြင်းတို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူ အများပြည်သူတို့အား ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရရှိစေရေးတို့အတွက် စားသုံးသူအများပြည်သူများအနေဖြင့် Online မှ ကြော်ငြာပြီး ရောင်းချလျက်ရှိသည့် အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူအသုံးပြုရာတွင် အာမခံချက်ရှိသော သက်ဆိုင်ရာဌာနများတွင် တရားဝင်မှတ်ပုံတင်ထားသော Online Shopping များမှ ဝယ်ယူသုံးစွဲကြရန်၊ အမှန်တကယ်နစ်နာဆုံးရှုံးသူများရှိလာပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ဖွင့်လှစ်ထားပါကြောင်း အသိပညာပေး ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)

 

“ ကော့မှူးမြို့နယ်၌ Seeder နှင့်သွင်းအားစု ပေးအပ်ပွဲနှင့် နွေစပါးမျိုးစေ့ချကိရိယာဖြင့် လက်တွေ့စိုက်ပျိုးသရုပ်ပြခြင်း အခမ်းအနား ကျင်းပခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် Seederနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို တာလမ်းသစ်ရပ်ကွက်၊ ကွင်းအမှတ်(၂၉၃)၊ ဦးပိုင်အမှတ်(၁၄/၁၅)ရှိ ဒေါ်ဝါဝါသန်း၏ လယ်မြေ ၂၅ဧက၌ ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

    အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ခေတ္တဥက္ကဌ ဗိုလ်မှူးထွန်းဇော်မင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဟိန်းတို့က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းမှရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သော မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပင်ကြားကန်ကြား ညီညာစွာစိုက်ပျိုးနိုင်ခြင်း၊ ကြားလိုက်သမန်းနိုးရန်လွယ်ကူခြင်း၊ တစ်ဧကလောက်ကွက်ပြည့်မှီခြင်း၊ ပင်ပွားကောင်းမွန်ခြင်း၊ လေဝင်လေထွက်ကောင်း၍ အပင်ဖြစ်ထွန်းမှုပိုမိုကောင်းမွန်ခြင်း၊ အတန်း လိုက်စိုက်ပျိုးထား၍ မြေဩဇာ အာဟာရများ ညီမျှစွာစားသုံးနိုင်ခြင်း၊ ထွက်နှုန်းတိုးစေခြင်း၊ ကုန်ကျ စရိတ်သက်သာပြီး အချိန်မှီစိုက်ပျိုး နိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ စုပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဝင်ငွေတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများနှင့် လိုက်နာရမည့်အချက်များအား အကျယ်တဝင့် ရှင်းလင်းအသိပညာပေးပြောကြားခဲ့ပြီး တောင်သူများအား သွင်းအားစုများ၊ မျိုးစပါးများ၊ မျိုးစေ့ချ ကိရိယာ Seeder များ ပေးအပ်ခဲ့ကာ မျိုးစေ့ချကိရိယာ Seeder ဖြင့် နွေစပါးလက်တွေ့ စိုက်ပျိုးပြသခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

    အဆိုပါ Seeder ၊ သွင်းအားစုပေးအပ်ပွဲနှင့် နွေစပါးမျိုးစေ့ချကိရိယာဖြင့် လက်တွေ့ စိုက်ပျိုးပြသခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူးဇော်ထွန်းမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ နှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

“ တွံတေးမြို့နယ်၌ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ တွံတေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီ အမျိုးမျိုးတို့ဝယ်ယူ စားသုံးတတ်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ (၁၈) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် ရပ်ကွက်များရှိ ကုန်ခြောက် ဆိုင်၊ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

  ထို့သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးသူပြည်သူများ၏ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီအမျိုးမျိုးတို့ကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့အား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုစေရေးစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ မိမိတို့၏ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးခြင်းများ မပြုလုပ်ကြပါရန်နှင့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားများတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ၊ ကမာရွတ်မြို့နယ် စံရိပ်ငြိမ်(ဂမုန်းပွင့်) နှင့် လှိုင်မြို့နယ် လှိုင်ဈေးကြီးတို့တွင် ရောင်းချနေသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများအား သွားရောက်စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိမန်နေဂျာများနှင့် ဈေးတာဝန်ခံများအား ထောက်ခံချက်မရှိသော ကုန်ပစ္စည်းများနှင့် အချက်အလက်မပြည့်စုံသော ပစ္စည်းများအား ရောင်းချမှုမရှိစေရန်၊ လူသုံးကုန်နှင့်စားသောက်ကုန်များတွင် ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီသောပစ္စည်းများကိုသာ ရောင်းချမှုရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ သိရှိနားလည်စေရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

 

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၁)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပပြုလုပ်

   မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ (၃၁)ကြိမ်မြောက် ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအား ၂၀-၁-၂၀၂၄ ရက်နေ့၊  နံနက်(၁၀း၀၀)နာရီအချိန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ကျန်းမာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်းနှင့် ညီနောင်အသင်းအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ရွေးချယ်တင်မြှောက်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ အစည်းအဝေးတွင် အသင်းသားစုံညီအစည်းအဝေး၏ သဘာပတိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဆန်းလင်းက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်းတို့က အမှာစကားပြောကြားခြင်း၊ ၂၀၂၂ ခုနှစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းစစ်ချက်အစီရင်ခံစာကို အသင်း၏အထွေထွေအတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က ဖတ်ကြားရှင်းလင်းတင်ပြခြင်း၊ အသင်းဝင်များက ကြိုတင်ပေးပို့ထားသော အကြံပြုချက်များအား ဖြေကြားခြင်း၊ ၂၀၂၂ ခုနှစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းစစ်ချက်အစီရင်ခံစာကို အတည်ပြုခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခရီးစဉ် မှတ်တမ်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် (၂၃-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ တာဝန်ရှိသူများမှ ဌာန၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး နေ့လယ် (၁၅:၃၅)နာရီအချိန်တွင် တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၄)ဦးနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အရာထမ်း(၁)ဦးနှင့် အမှုထမ်း(၁)ဦး တက်ရောက်ခဲ့သည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရုံးလုပ်ငန်းများနှင့် ရုံးဝန်ထမ်းမိသားစုနေအိမ်လိုင်းခန်းများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် နေ့လယ် (၁၆:၀၀)နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနသို့ သွားရောက် စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို တွေ့ဆုံမှာကြားခဲ့သည်။

    ပြည်ထောင်စုဝန်ကြီးသည် နေ့လယ် (၁၆:၁၅)နာရီအချိန်တွင် ခေတ္တတည်းခိုရာ ရိပ်သာသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ဖျာပုံမြို့ သလိပ်ကြီးကျေးရွာ အ.ထ.က ခွဲကျောင်းတွင်ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၌ ဇန်နဝါရီလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်  ဖျာပုံမြို့   သလိပ်ကြီးကျေးရွာ    အ.ထ.က  ခွဲကျောင်း တွင်     ကျောင်းသား  /  ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဆိုးဆေးကဲ့သို့သော ဓာတုဆေးများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်း  အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားမှု စင်တာဖွင့်ထားကြောင်း လာရောက်တိုင်ကြားနိုင်ကြောင်းတို့ကို အသိအညာပေး ဟောပြောခဲ့ပါသည်။ ကျောင်းအုပ်အခမ်းအနားသို့   ဆရာ / ဆရာမ(၉)ဦး၊ ကျောင်းသား/သူ(၁၅၀)ဦး၊ စုစုပေါင်း(၁၅၉)ဦး   တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ကျိုက်လတ်မြို့၊ အ.ထ. က (၂) ရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ကျိုက်လတ်မြို့၊ အ.ထ.က (၂) ရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျိုုက်လတ်မြို့နယ်တာဝန်ခံက စာသုံးသူကာကွယ်ရေးဥပဒေများအနက် စားသုံးသူအခွင့်အရေးများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် ကိစ္စများအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိပါက အရေးဆိုတိုင်ကြားနိုင်သည့် Consumer Call Center No. (1535) သို့ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့ကြောင်း၊ အခမ်းအနားသို့ ဆရာ / ဆရာမ(၅)ဦး၊ ကျောင်းသား / ကျောင်းသူ(၉၅)ဦး၊   စုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

 

 

ဘိုကလေးမြို့၊အ.ထ.က (၃)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ အ.ထ.က ( ၃ )ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စ္စည်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်စည်များကိုလည်း ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့် ဘေးအန္တရာယ်မရှိသောကုန်စည်များကို နှိုင်းယဉ်ဖော်ပြခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများကို အသိပညာပေးဟောပြောခဲ့ပြီး  အခမ်းအနားသို့ ဆရာ/ဆရာမ(၂၂)ဦး၊ ကျောင်းသား/  ကျောင်းသူ(၉၈)ဦး၊ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a