Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးတွင် ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၂.၉.၂၀၂၅ ရက်နေ့ ၊ နေ့လယ်(၁၆:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်း (၃)ဦးသည်   ပုဇွန်တောင်ဈေးတာဝန်ခံ ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပုဇွန်တောင်မြို့နယ် ရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင်ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်းနှင့် ကုန်ပစ္စည်းများတွင်ကုန်အညွန်း အမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ စစ်ဆေးရေးအရာရှိများက လုပ်ငန်းရှင်များ အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ပြည်မြို့နယ်အတွင်း ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်ခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်တိမွေးကု၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ အောင်မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်း ဆိုင်များသို့ သွားရောက်၍ ပြည်ဈေးကွက်အတွင်း ဆေးဈေးနှုန်းများကြီးမြင့်မှု မရှိစေရေး၊ သိုလှောင်၍ ဈေးကစားမှုမရှိစေရေး၊တရားမဝင်ပစ္စည်းများရောင်းချမှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်မှုမရှိစေရေး မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)                      

ပြည်မြို့နယ်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ ခေတ္တရာစည်ပင်သာယာဈေးအတွင်းရှိ လက်လီ၊ လက်ကားရောင်းချနေသော KTT ဆန်ဆိုင်နှင့် ထက်လင်း ဆန်ဆိုင် တို့အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်မြို့နယ်တာဝန်ခံမှ ပြည်မြို့နယ်ဈေးအတွင်းရှိ လက်လီ၊ လက်ကား ရောင်းချနေသော KTT ဆန်ဆိုင်နှင့်ထက်လင်းဆန်ဆိုင်တို့အား သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆိုင်ရှင်အား ဆန်ရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)                                                   

“ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာအုပ်စု၊ ဆူးကလပ်ရာဘာခြံမွေးမြူရေးဇုန်နှင့် ကျေးရွာများ ဖွံ့ဖြိုးမှုလုပ်ငန်းများ ခရိုင်အဆင့်ဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေး”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာအုပ်စု၊ ဆူးကလပ်ရာဘာခြံ မွေးမြူရေးဇုန်နှင့် ကော့မှူးမြို့နယ်အနောက်ခြမ်းကျေးရွာများ၏ ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများအား ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည်  စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ခရိုင်မြေစာရင်းဦးစီးဌာနမှူးတို့သည် ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စု၊ ဆူးကလပ်ရာဘာခြံ မွေးမြူရေးဇုန်နှင့် ရှင်းလင်းဆောင်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ပန်းတိုင်အထွက်နှုန်းတိုးရေး၊ လယ်ယာမြေများကွင်းပြည့်စိုက်ပျိုးနိုင်ရေး၊ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ Seeder ဖြင့် စိုက်ပျိုးနိုင်အောင် စည်းရုံးဆောင်ရွက်ရေးတို့အား ဆွေးနွေးမှာကြားခဲ့ပြီး ဆက်လက်၍ ညောင်ကုန်းကျေးရွာအုပ်စုနှင့် မဆယ်ဆိပ်ကျေးရွာအုပ်စုရှိ ဝက်မွေးမြူရေးခြံနှင့် စက်ရုံတို့အား အခြားနည်းအသုံးပြုခွင့်ကျသည့် နေရာများအား ခွင့်ပြုသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းရှိ/ မရှိ၊ ကျိုက်ထော်(မ)ကျေးရွာ အတွင်းရှိ မြစ်ရေတင်လုပ်ငန်း၊ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် ကျိုက်ထော်-ကျုံလတာ- အောက်ကျောင်း-ဥတို-သမဲ့)လမ်းအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည် One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           (၂၂-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၄:၃၀)နာရီအချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည် One Stop Mart သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ One Stop Mart တွင်ရောင်းချလျက်ရှိသော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံခြင်းနှင့် စစ်ဆေးရေးအရာရှိက  စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိ သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များဖြန့်ဖြူးရောင်း ချခြင်း ရှိ/ မရှိ ၊ ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့်အခန်း (၁၇)ပါ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

“ကော့မှူးမြို့နယ်ရှိဆေးဆိုင်များရှိဆေးဝါးများ၏ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဆေးဝါးအမျိုးမျိုးတို့အား ဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး၏ညွှန်ကြားချက်နှင့်အညီ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များသို့ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာခဲ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့သည် ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို သွားရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မိမိတို့၏ဆေးဆိုင်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးအမျိုးမျိုးတို့အား စံချိန်စံညွှန်းနှင့်ကိုက်ညီသောဆေးဝါးများ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါးများကို သာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် သက်တမ်းလွန်ဆေးဝါးများ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးဝါးများနှင့် စပ်ဆေးများအား ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချ ခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ တိုးတက်အောင်ဆီဆိုင်၊ ညွန့်ညွန့်ဆီဆိုင်၊ ရွှေလမင်းဆီဆိုင်၊ ဒေါ်ကြိတ်ဆီဆိုင်နှင့် စိန်ကမ္ဘာဆီဆိုင်တို့အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးအသိပညာပေးမှုအား (၁၈.၉.၂၀၂၅)ရက်၊ နံနက် (၁၀:၀၀)အချိန်တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ဆီဆိုင်များမှ ရောင်းချနေသော ဆီများသည် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများ အတိုင်း ရောင်းချခြင်း ရှိ/မရှိ နှင့် ဆီဈေးနှုန်း ကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီဆိုင်များအား ဈေးတင်ရောင်းချပါက အရေးယူမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)                                

တာမွေမြို့နယ်၊ Super One သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာ ရေး)သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၃၀)အချိန်တွင် တာမွေမြို့နယ်၊ Super One သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ထိုင်နိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့် တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ကုန်ပစ္စည်း များသိုလှောင်ခြင်း ၊  ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိ၊  သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်ဆိုင်ရာအဖွဲ့များဖြင့် ဈေးနှုန်း များတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်) 

တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးသို့  ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              (၂၂-၉-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) နှင့် ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ) ဝန်ထမ်း(၂)ဦးသည် တောင်ဥက္ကလာပမြို့နယ် ဈေးတာဝန်ခံဖြင့်ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးရှိကုန်စုံဆိုင်များတွင် ကုန်စည်များ အားရောင်းချလျက်ရှိ သော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေး နှုန်းများကောက်ခံခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံး သူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်) 

“ဒလမြို့နယ်တွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား သတ်မှတ်ထားသောကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့်အထက်တို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/ မရှိအား စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဈေးတာဝန်ခံ ဦးသန်းထွန်းတို့ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏသုံးစွဲပုံ နည်းလမ်းထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များအား ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကိုသာ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ