Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်း/ ဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂) ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့်ဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၁.၁၂.၂၀၂၃) ရက်နေ့မှ (၁၆.၁၂.၂၀၂၃) ရက်နေ့အထိ ဆီကုမ္ပဏီ (၁၆) ခုမှ စားအုန်းဆီ ကိုယ်စားလှယ်(၅၀၉)ဦးတို့အား စားအုန်းဆီတန်ချိန် (၆၃၆၆.၄၇၈) တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

 

သင်္ဃန်းကျွန်းမြို့နယ် စားအုန်းဆီရောင်းချမှုကွင်းဆင်းကြပ်မတ်

    ရန်ကုန်တိုင်းဒေသကြီး၊ ဈေးကွက်အတွင်းတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များမှ စားအုန်းဆီများကို လက်လီ/လက်ကားဈေးနှုန်းများဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိရာ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၈.၁၂.၂၀၂၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်အတွင်း လုပ်ငန်းရှင် ဦးဇော်မင်းအောင်မှ   စားအုန်းဆီများ သွားရောက်ရောင်းချပေးနေမှု အခြေအနေများကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်း

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အများပြည် သူများမှ စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ဦစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၅.၁2.၂၀၂၃ ရက်နေ့၊နေ့လယ် (၁2:30) နာရီအချိန်တွင်  ဗိုလ်တထောင်ခရိုင် အတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ဒေါပုံမြို့နယ် ၊ ဗိုလ်တထောင်မြို့နယ် ၊ သာကေတမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ မြေပြင်အခြေအနေအား သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာဆိုင်မန်နေဂျာများနှင့် ကွင်းဆင်းတွေ့ဆုံပြီး ဆီလာရောက်ဝယ်ယူနေကြသည့် Customer များ၏ ကားဆီတန်းစီမှုအခြေအနေများကို မှတ်တမ်းများ ရယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချစေရေးအတွက် မိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ (၁၉.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်ရှိ မြို့မဈေးအတွင်း/ အပြင် စားသောက်ကုန် ရောင်းချသည့် ဈေးဆိုင်(၆)ဆိုင်တို့ကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဈေးကွက်အတွင်း နမူနာ ကောက်ယူ၍ ဓါတ်ခွဲစစ်ဆေးချက်အရ စားသုံးရန်မသင့် စားသောက်ကုန်ပစ္စည်း (၁၅)မျိုးအား ဈေးဆိုင်များတွင် ရောင်းချခြင်း ရှိ/ မရှိကို ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထို့သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထုတ်လုပ်ရောင်းချ/ ဖြန့်ဖြူး/ ရောင်းဝယ်/ ဖောက်ကားသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင် ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် ပုဒ်မ(၄၀)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထား သောကုန်ပစ္စည်းများကိုသာ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

မကွေးခရိုင်နှင့် ချောက်ခရိုင်တို့တွင် စာအုန်းဆီများ ပြန့်ပြန့်နှံနှံဖြစ်အောင် ဖြန့်ခွဲရောင်းချလျက်ရှိ

    ၂၀၂၃ ခုနှစ် ၊ဒီဇင်ဘာလမှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ စားသုံးဆီဖြန့်ခွဲမှု အစီအစဉ်အရ မကွေးတိုင်းဒေသကြီးမှ (၁)လအတွက်ရရှိသည့် ခွဲတမ်းဆီ တန်ချိန်(၃၀၀၀)ကို တစ်ရက်လျှင် ဆီပေပါ (၇၁၀)ပေပါနှုန်းဖြင့် ရန်ကုန်မြို့ရှိ ဆီကန်များမှ နေ့စဉ်ထုတ်ယူလျက်ရှိပါသည်။

    မကွေးတိုင်းဒေသကြီးအနေဖြင့် စားအုန်းဆီများနှင့်ပတ်သက်၍ (၆.၁၂.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဆောင်၍ Virtual Zoom Meeting အသုံးပြု၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ ဆီကုန်သည်များနှင့် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးညှိနှိုင်းသဘောတူ ဆုံးဖြတ်ချက်အရ (၁၁.၁၂.၂၀၂၃) ရက်နေ့မှစ၍ မကွေးခရိုင်အတွက် တစ်ရက်လျှင် စားအုန်းဆီဆီပေပါ(၂၁၀)လုံးနှင့် ချောက်ခရိုင်အတွက် (၁၀၀)လုံးအားခွဲတမ်း ရရှိပြီး ရရှိလာသော ဆီပေပါခွဲတမ်းများအား မြို့နယ်အလိုက် တစ်ရက်လျှင် မကွေးမြို့နယ်အတွက် ဆီပေပါ(၁၂၅)လုံး၊ တောင်တွင်းကြီးမြို့နယ်အတွက် (၄၅)လုံး၊ မြို့သစ်မြို့နယ်အတွက် (၁၅)လုံး၊ နတ်မောက်မြို့နယ်အတွက်(၂၅)လုံး၊ ချောက်မြို့နယ်အတွက် (၆၀)လုံး၊ ရေနံချောင်းမြို့နယ်အတွက် (၄၀)လုံး အသီးသီးခွဲဝေချထားခဲ့ပါသည်။

    (၁၉.၁၂.၂၀၂၃)ရက်နေ့ နံနက်(၀၉း၃၀)နာရီခွဲအချိန်တွင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲများမှ ကြပ်မတ်ကွပ်ကဲပြီး လက်လီဆိုင်များ၊ ရပ်ကွက်၊ ကျေးရွာများသို့ ပြန့်ပြန့်နှံနှံရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်ဟောပြောဆွေးနွေးခြင်း

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၁.၁၂.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံ(ဦးစီးအရာရှိ)မှ Online ရောင်းဝယ်မှုဆိုင်ရာနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)မှ Online မှ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် စားသုံးသူများ နစ်နာမှုမရှိစေရန်အတွက် ဌာနမှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက မိမိတို့ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူမှုမပြုမီ သတိပြုရမည့်အချက်များနှင့် ဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ၂၁.၁၂.၂၀၂၃ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပုဒ်မ ၄၁ ပြဌာန်းချက်နှင့်အညီ ဖော်ပြရန်၊ ပုဒ်မ ၄၃ အရ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက် စသည့်အချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)၊ DOCA Myanmar Mobile Application၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mmနှင့် Consumer Call Center No.(1535)သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသေးစိတ်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ရွှေဘိုမြို့ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးတို့အတွက် ဈေးကွက်ရောက်ပြီးသောကုန်စည်များသာမက ဈေးကွက်မရောက်မီကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၉-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊  အမှတ်(၃) ရပ်ကွက်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊  အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ရှိ စက်သုံးဆီအရောင်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦးတို့သည် (၂၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်ရှိ “သိန်းကမ္ဘာ”စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ မြေပြင်လက်ကျန်အခြေအနေနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်ချနေခြင်းကို စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို အချင်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားကာ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Online Sale Registration ပြုလုပ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၂၁.၁၂.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်နယ်ဦးစီးမှူးရုံး၌ Online Sale Registration ပြုလုပ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်မှ Online Sale Registration လျှောက်ထားရာတွင် လိုအပ်သည့် အထောက်အထားများ၊ လျှောက်ထားသည့်နည်းစနစ်များနှင့်ပတ်သက်၍ မေးမြန်းရာ ဒုတိယပြည်နယ်ဦးစီးမှူးက Online Sale Registration အား https://www.ecomreg.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း၊ Online Sale Registration လျှောက်ရာတွင် Account ရယူပုံ၊ လျှောက်ထားမှုများ၊ လိုအပ်သည့် အထောက်အထား/စာရွက်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး Online Sale Registration လျှောက်ထားပုံနည်းလမ်းများနှင့် လိုအပ်သည့်စာရွက်စာတမ်းများအား https://www.ecomreg.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ