သရက်မြို့ပေါ်ရှိပဲကြော်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေး
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်၊ ဦးစီးမှူးဦးဆောင်သော ဝန်ထမ်း များသည် ပြည်တွင်းဒေသဖွံ့ဖြိုးရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် (၁၆-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြခဲတောင်ကျောင်းတိုက်အနီးရှိ ‘ရွှေကမ္ဘာ’ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချနေသော ပဲကြော်လုပ်ငန်းရှင် ဦးစိုးလွင်၊ အနောက်ရပ်တောင် ပိုင်း၊ အောင်သီရိရပ်ကွက်ရှိ ‘ရွှေပန်ဒါ’ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချနေသောပဲကြော်ဖို လုပ်ငန်းရှင် ဦးခင်ဇော်ဝင်းနှင့် ‘ဇာမဏီ’ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချနေသော ပဲကြော်ဖို လုပ်ငန်းရှင် ဦးရင်မောင်ထွန်းတို့အားတွေ့ဆုံ၍လုပ်ငန်းသုံး စားအုန်းဆီများ အမှန်တကယ်သုံးစွဲမှု ရှိ/မရှိ၊ လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်းရှိ/မရှိတို့အား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး စားသုံးသူများဝယ်ယူ သုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်စည်များ ထည့်သွင်း ထုတ်လုပ်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ လိုက်နာရမည့်အချက်များအကြောင်း၊ ကုန်စည်များထုတ်ပိုးရာတွင် ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြစေလိုကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ထုတ်ပြန်ထားရှိခြင်းအကြောင်း၊ ကုန်အညွှန်းအသားပြည့်စုံစွာ ထုတ်လုပ်ရောင်းချခြင်း သည် မိမိတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုများအား အာမခံချက်အပြည့်အဝရရှိစေပြီး ဈေးကွက်တွင်လည်း ပိုမိုတွင်ကျယ် စွာ ရောင်းဝယ်ဖောက်ကားလာနိုင်မည်ဖြစ်ပါကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(မကွေး)