Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

       မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စလေမြို့၊ ဓါတ်မြေကျေးရွာအုပ်စု၊ ဥမင်ကိုးပေါက်လျှပ်စစ်မြစ်ရေတင်၌ (၁၄.၁၂.၂၀၂၃) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မိုးစပါး စံပြကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါမိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်ကော်မတီဥက္ကဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          ထို့နောက်တောင်သူဒေါ်လှလှရီ၏ ကွင်းအမှတ် (၂၂၆၆)၊ ဦးပိုင်အမှတ် (၇၉/က)ရှိ မိုးစပါး ဧရာမင်း (၂.၅၀)ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအထွက်နှုန်း(၁၃၄.၁၀)တင်းနှုန်း ထွက်ရှိကြောင်း သိရှိရပြီး ဒေသရှိတောင်သူများအား ဆောင်းသီးနှံသီးထပ် အချိန်မီစိုက်ပျိုးနိုင်ရေး၊ နွေရာသီတွင် ဆီထွက်သီးနှံ (နွေနှမ်း) လျာထားချက်ပြည့်မီအောင်နှင့် (၁)နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမြင့်မြတ်သင်းက ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့်  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ဈေးကွက်အတွင်းရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်အတိုင်း ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိနားလည်းထားရန်လိုအပ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

         

အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း

   ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်နီလာဦးနှင့် ဝန်ထမ်းများသည် ၁၂.၁၂.၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၂:၃၀) အချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောခဲ့ရာတွင် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး၊ ဒေါ်နီလာဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်တို့ကို အကျယ်တဝင့်ပြောကြားခဲ့ပြီး အစားအသောက်များဝယ်ယူ စားသောက်ရာတွင် ဥပဒေပါအခန်း(၁၈)မှ ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံမှသာ ဝယ်ယူစားသုံးသင့်ပါကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ ကိုလည်းဟောပြောဆွေးနွေးခဲ့ရာ ကျောင်းအုပ်ဆရာကြီးကလည်း အခုလို မိမိကျောင်းသား များ မသိသေးသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၇၇) ဦးတက်ရောက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

ပခုက္ကူမြို့ အတွင်းရှိဆေးနှင့်ဆေးပစ္စည်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ခင်သူဇာနှင့် ဝန်ထမ်းများသည် စားသုံးပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၁၉.၁၂. ၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်များသို့ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော  ဆေးနှင့်ဆေးပစ္စည်းများတွင် အစားအသောက် နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချမှု ရှိ/မရှိ၊ ကိုဗစ်-၁၉ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း (သို့)ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ရှိ/မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သာယာဝတီခရိုင်ဦးစီးမှူးရုံး၌ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ (၂၁-၁၂-၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ မြို့နယ်ဆီကုန်သည်အသင်းဥက္ကဋ္ဌ ဦးဇော်ထူးတို့သည် လက်ပံတန်းမြို့ပေါ်ရှိ စားသုံးဆီရောင်းချသောဆိုင်ပိုင်ရှင်များနှင့်တွေဆုံ၍ နိုင်ငံတော်မှ ပြည်သူများသက်သာသောဈေးနှုန်းနှင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခွဲဝေဖြန့်ဖြူးရောင်းချပေးသော စားသုံးဆီများအား ပြန်လည်ရောင်းချရာတွင် အရောအနှောမရှိဘဲ အရည်အသွေးကောင်းမွန်စေရေး၊ အချင်အတွယ်မှန်ကန်စေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်‌ ဈေးမြှင့်တင်မရောင်းစေရေး ဆိုင်ရှင်များနှင့်တွေ့ဆုံရှင်းလင်းပြောကြားခဲ့‌ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆိပ်ဖြူမြို့၌ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းများသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် (၁၉.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန် တွင် ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေးအတွင်း ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် (၃) ဆိုင်မှ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားမျာ ပြည့်စုံစွာပါဝင် မှုရှိ/ မရှိ မြို့နယ်စည်ပင်သာယာအဖွဲ့ဖြင့် ပူးပေါင်း ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထုတ်လုပ်ရောင်းချဖြန့်ဖြူး ရောင်းဝယ်ဖောက် ကားသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင်ပါရှိသော အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြ ထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ် ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာ ဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြခြင်းပါရှိသော ကုန်စည်များကိုသာ ‌စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေ ရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဒီဇင်ဘာလအတွင်း ပခုက္ကူခရိုင်နှင့်ဂန့်ဂေါခရိုင်များမှ စားသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူများ၏ ဘေး အန္တရာယ်ကင်းရှင်းနိုင်စေရန်နှင့် စားသုံးသူအခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုများရှိပါက ရယူတောင်းဆိုနိုင်စေရန်အတွက် ပခုက္ကူခရိုင်တွင် အသိပညာပေး(၈)ကြိမ်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့မှ (၁)ကြိမ် စုစုပေါင်း (၉)ကြိမ် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ပခုက္ကူမြို့ပေါ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)၊ (၃)၊ (၅)၊ (၇)၊ (၈) အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်၍ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း၊ ကုန် အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသော လုပ်ငန်းရှင်များအား စိစစ်ခွင့်ပြုချက်များပေး အပ်၍ အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ပခုက္ကူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဆိပ်ဖြူမြို့နယ် တာဝန်ခံမှ အောက်ဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ချင်တောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဆောင်ရွက်ခြင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်တာဝန်ခံမှ ဂန့်ဂေါမြို့မ အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ရန် အတွက် CICC တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှလည်း (၂၄)နာရီတိုင်ကြားမှုများကို အချိန်နှင့်တစ်ပြေးညီ လက်ခံဆောင်ရွက်ပေးခြင်းများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံး သူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center 1535 အား ဖွင့်လှစ် ထားရှိကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“ ကွမ်းခြံကုန်းမြို့နယ်၌ စက်သုံးဆီနှင့် စားအုန်းဆီဆိုင်များ ဆီရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များနှင့် စားအုန်းဆီကိုယ်စားလှယ်အရောင်းဆိုင်များတွင် ဆီရောင်းချနေမှု အခြေအနေများအား ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီတွင် ဗိုလ်ချုပ်လမ်းမကြီး၊ ဘေးဝဲယာတွင် ဖြန့်ဖြူး ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချပေးနေသော စားအုန်းဆီကိုယ်စားလှယ်အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဝင် (၁)၊ မြို့နယ်ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် စားသုံးသူရေး ဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့သည် ဗိုလ်ချုပ်လမ်းမကြီး ဝဲယာတွင် ရောင်းချလျက်ရှိသော UP ဆီဆိုင်၊ Winner ဆီဆိုင်နှင့် Apex စက်သုံးဆီအရောင်းဆိုင်တို့တွင် ယာဉ်များ တန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်း ရှိ/မရှိ၊ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှု ရှိ/မရှိ၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရန် စက်သုံးဆီလုံလောက်မှု ရှိ/မရှိ အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။ ဆက်လက်၍ ၎င်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ‌သော စားအုန်းဆီကိုယ်စားလှယ်အရောင်းဆိုင်များမှ လုပ်ငန်းရှင်များ အားဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုအရ ဒီဇင်ဘာလ ၁၁ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်အထိုင် ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် (၄၈၁၅) ကျပ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်တစ်ပတ် ရန်ကုန်အထိုင်ဈေး (၄၉၂၀) ကျပ် ယခုတစ်ပတ်အတွင်း တစ်ပိဿာလျှင် (၁၀၅) ကျပ်ခန့် ကျဆင်းသွားခဲ့သည့်အတွက် သယ်ယူစရိတ်ပါရာခိုင်နှုန်းအမြတ်ယူကာ စားသုံးသူပြည်သူများအား ဖြန့်ဖြူးရောင်းချ ပေးသွားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)  

“ကော့မှူးမြို့နယ်၌ ဆောင်းသီးနှံသီးထပ်သီးညှပ် လျာထားစိုက်ဧကပြည့်မီနိုင်ရေး လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးကျင်းပခြင်း”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ စိုက်ပျိုး ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများ သည် ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဆောင်းသီးနှံထပ်သီးညှပ်စိုက်ပျိုးရန်လျား ထားဧကပြည့် မီအောင်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရပါသည်။

    အစည်းအဝေးသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင် (၂) ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှစခန်းမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှဦးစီးမှူး၊ တိရစ္ဆာန်ကုသရေးနှင့်မွေးမြူရေးဌာနမှ ဦးစီးမှူး၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

   အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဗိုလ်မှူး ထွန်းဇော်မင်းက ကော့မှူးမြို့နယ်သည်စိုက်ပျိုးရေးအဓိက စိုက်ပျိုး ထုတ်လုပ် နေသော ဒေသတစ်ခု ဖြစ်သလိုယခုနှစ်တွင် မိုးစပါးစိုက်ဧက (၈၈၇၉၉) ပြည့်မီ စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်ခဲ့ပြီး ယခုဆိုလျှင် တစ်မြို့နယ်လုံးအနေဖြင့် တဝက်ကျော်ခန့် ရိတ်သိမ်း ခြွေလှေ့ပြီးဖြစ်သည့်အတွက် ဆောင်းသီးနှံများဖြစ်သော နွေစပါး (၁၅၆၈၇)ဧက၊ ပဲမျိုးစုံ (၂၈၁၂၄)ဧက၊ နေကြာ (၅၀၉)ဧက၊ ပြောင်း (၃၀၀၀)ဧက၊ ငရုတ် (၁၂၂)ဧက၊ ပိုက်ဆံကျော် (၂၅)ဧက၊ ဟင်းသီးဟင်းရွက် (၃၂၀၀)ဧက စုစုပေါင်းလျာထားဧက (၇၉၄၆၇) တို့အား မြို့နယ်စိုက်ပျိုးကြီးကြပ်မှုကော်မတီမှ သီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်းသီးနှံ စိုက်ပျိုးမည့်တောင်သူများ အချိန်မီသိရှိအောင် အထူးကြပ်မတ် ဆောင်ရွက်သွားကြရန် နွေစပါးအတွက် လယ်ရေတင်စက်သုံးဆီများဖြစ်သော ဒီဇယ်၊ ရိုးရိုးနှင့် ပရီမီယံဒီဇယ်တို့အား အပြည့်အဝရရှိနိုင်ရေးတို့ကို ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်သွားမှသာ ၂၀၂၃-၂၀၂၃ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှု လျာထားချက် ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။      

DOCA(ရန်ကုန်)  

“ ကော့မှူးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက်ပိုင်း (၉:၃၀) နာရီတွင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းအဖွဲ့တို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကော့မှူးမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မကျီးကန်ကျေးရွာတွင် စက်သုံးဆီ ရောင်းချပေးလျက်ရှိသော ရတနာဆီဆိုင်၊ ဗိုလ်ချုပ်လမ်း ဇလုတ်ကြီးကျေးရွာမှ MAXဆီဆိုင်နှင့် ဗိုလ်ချုပ်လမ်း အဖျောက်ကျေးရွာရှိ ရွှေသရဖူဆီဆိုင်များတွင် စက်သုံးဆီ ရောင်းချပေးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဗိုလ်မှူးထွန်းဇော်မင်းမှ မိမိတို့ဆီဆိုင်များအနေဖြင့် ယာဉ်များတန်းစီ စောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှု ရှိ/မရှိ၊ လုပ်ငန်းရှင်များနှင့် လယ်သမားများ လာရောက် ဝယ်ယူရာတွင် အပြည့်အဝရောင်းချဖြန့်ဖြူးပေးနိုင်ခြင်း ရှိ/မရှိတို့အား မေးမြန်းခဲ့ရာ ၎င်းဆိုင်မှ တာဝန်ရှိမန်နေဂျာတို့သည် မိမိတို့၏ဆီဆိုင်တွင် သတ်မှတ်ထားသည့်ခွဲတမ်းများ အချိန်မီထုတ်ယူရရှိနေပါသဖြင့် မည်သည့်စက်သုံးဆီအမျိုးစားကို မဆိုဖြန့်ဖြူး ရောင်းချပေး လျက်ရှိကြောင်း ယာဉ်တန်းစီတိုး၍ ဝယ်ယူနေရသည့်အခြေအနေမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်သမားများအနေဖြင့် ယခုအချိန်သည်မိုးစပါးအချိန် မီရိတ်သိမ်းနိုင်ရေး၊ သီးထပ် သီးညှပ် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နိုင်ရေးသည် အရေးကြီးသည့်အချိန် ကာလဖြစ်နေသည့်အတွက် ရိတ်သိမ်းခြွေလှေ့ စက်ဆီရိုးရိုး၊ ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်ဆီတို့အား အပြည့်အဝဖြန့်ဖြူးရောင်းချနိုင်ရေး၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီသို လှောင်ကန်များတွင် ဆီရှိလျက် ဖြန့်ဖြူးရောင်းချခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဖွဲ့စည်းမိန့်နှင့်အတူ ပြန်လည်တင်ပြရန် မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)  

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ