Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့်ဈေး၊ ရပ်ကွက်လက်လီ၊ လက်ကားရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်(၆)ဆိုင်မှ ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၂၀.၁၂.၂၀၂၃) ရက်နေ့၊ နေ့လယ် (၀၉:၀၀)နာရီတွင် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဈေးကွက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာ မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုက စားသုံးဆီများရောင်းချနေသော ကုန်စုံဆိုင်အရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊  အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်ပြီးနောက် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် စားအုန်းဆီအရောင်းဆိုင်များတွင် သက်ဆိုင်ရာ ထောက်ခံချက်များ ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် လမ်းမတော်(မ)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်(၂၀)ဦးအား (၁၅.၁၂.၂၀၂၃) ရက်နေ့ ၊နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားအုန်းဆီဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦး စီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀.၁၂.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန် ညောင်တုန်းမြို့နယ် စားအုန်းဆီအရောင်းဆိုင်(၆)ဆိုင်သို့ သွားရောက်၍ သက်ဆိုင်ရာထောက်ခံချက်များ ရှိ/မရှိနှင့် စားအုန်းဆီရောင်းချနေ မှုများကို စိစစ်ဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် ဈေး၊ ဈေးတန်းနှင့် မြို့ပေါ် ဆီအရောင်း လက်လီ/လက်ကား အရောင်းဆိုင်တွင်များတွင် ရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သက်ပြီး စားသုံးသူများ အလွယ်တကူ ဝယ်ယူနိုင်ရေး၊ နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်ရှိ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည် (၂၁.၁၂.၂၀၂၃) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဇလွန်မြို့နယ် ဆေးရုံလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ GRAND MAX သောက် ရေသန့်စက်ရုံသို့ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ရှိထုတ်လုပ်နေသော ထုတ်လုပ်ပုံနည်းစနစ်၊ ရင်းနှီးမြှပ်နှံမှုအခြေအနေနှင့် အကျိုးအမြတ်၊ လုပ်သားအင်အား၊ သန့်ရှင်းမှု ၊ သတ်မှတ်ထားသော စံချိန်စံညွှန်း မှီစေရေးတို့ကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk show ပြုလုပ်ခဲ့မှုသတင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ (၁၂)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  စားသုံးသူကာကွယ်ရေးအသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဘိုကလေးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်ပက်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာတိုင်း/ခရိုင်/မြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www. doca. gov. mm သို့ဝင်ရောက်၍တိုင်ကြားနိုင်ကြောင်း  အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ တမံ အ.ထ.က(ခွဲ)ရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ တမံ အ.ထ.က(ခွဲ) ရှိ ကျောင်းသား / သူ(၁၅၆)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တားမြစ်ဆိုးဆေးများ၊ တာရှည်ခံ ဆိုးဆေးများဖြင့်ပြုလုပ်ထားသော အစားအစာများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များ၊ စားသောက်ကုန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် အစားအသောက်များကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသောက်ကုန်များကိုဝယ်ယူသုံးစွဲကြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်စည်များကိုဝယ်ယူအသုံးပြုကြရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးမှူးရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၃ခုနှစ်၊  ဒီဇင်ဘာလ( ၁၉ )ရက်နေ့ ၊ နံနက်(  ၁၀:၃၀  )နာရီ အချိန်တွင် ဒေးဒရဲမြို့နယ်၊  စားသုံးသူရေးရာဦးစီးမှူးရုံး၌  ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်( ၈ )ဦးအား   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထားသောကုန်စည်များကိုရောင်းချခြင်းမပြရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။   

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “စားသုံးသူအခွင့်အရေး” အကြောင်းသိကောင်းစရာ အသိပညာပေး Talk show ပြုလုပ်ခဲ့သည့်သတင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ “စားသုံးသူအခွင့်အရေး” အကြောင်းသိကောင်းစရာ Talk show ပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲသည့်အခါ ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များအကြောင်း၊ တရားမဝင်ဆေးဝါးများနှင့်ကုန်ပစ္စည်းများအကြောင်း၊ ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ အခြားသာသာတစ်ခုထက်ပို၍ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးများဖြစ်ပေါ်လာပါက သက်ဆိုင်ရာမြို့နယ် ခရိုင်များရှိ စားသုံးသူရေးရာဦးစီးဌာနများနှင့် တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်း၊ Call Center No. (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOcA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင်ကျင်းပပြုလုပ်သော စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတို့က ဆောင်ရွက်လျက်ရှိသည့် စာရင်းဇယားအချက်အလက်များနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာရင်းဇယားများကွာဟမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်၊၊

       အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူးနှင့်အတူ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့တက်ရောက်ခဲ့ကြပြီး အဆိုပါတာဝန်ခံများကလည်း လုပ်ငန်းပိုင်းဆိုင်ရာစာရင်းဇယားများညှိနှိုင်း၍ ရုံးချုပ်၏ညွှန်ကြားလာမှုများအပေါ် ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၁ရက်နေ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စည်ပင်သာယာရေးအဖွဲ့ သက်ဆိုင်ရာအဖွဲ့ဝင်များနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်၊၊

      လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန်လျှောက်ထားသည့် ကွင်းဆင်းစစ်ဆေးပြီးသော လုပ်ငန်း ၃ခုဖြစ်သော ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ရှိ ဦးခင်ဇော်နိုင်၏ အကြီးစားအစားအစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်နေ ဦးကျော်ကျော်နိုင်၏ အလတ်အစားရော်ဘာနှင့် ပလတ်စတစ်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ မအူပင်မြို့၊ မလက်တိုကျေးရွာနေ ဦးမင်းနိုင်ဦး၏ အငယ်စားစက်နှင့်စက်ပစ္စည်းကိရိယာမှအပ သတ္တုသန့်စင်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတို့အား ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေပုဒ်မ (၂)၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မ (၄)၊ ပုဒ်မခွဲ(က) တို့နှင့်အညီ စက်မှုလုပ်ငန်းမှတ်ပုံတင်ရန် လျှောက်ထားလာသော ဥပဒေပုဒ်မ (၁၁)၊ ပုဒ်မခွဲ( ဂ) အရ လိုအပ်သော အချက်အလက်များနှင့်ကိုက်ညီမှုရှိသဖြင့် တိုင်းဦးစီးမှူး၏ ထောက်ခံတင်ပြလာသည့်အပေါ်  အဖွဲ့ဝင်ဌာနဆိုင်ရာများက စိစစ်ခဲ့ပြီး ထောက်ခံကြောင်း သဘောထားမှတ်ချက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)  

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ