Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသင့်သောက်အချိုရည်များစစ်ဆေးခြင်း

      ၂၆.၁၂.၂၀၂၃ ရက်နေ့၊ နေ့လည် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ် ပြည်သူ့ ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်း ရောင်းချနေသောကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်ညွှန်းအမှတ်  အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး) နှင့်ဝန်ထမ်းများမှ အသင့်သောက်အချို ရည်များကို အဓိကထားစစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရာ ပုဇွန်တောင်ဈေးအတွင်းရှိ အချိုရည်အမျိုးမျိုး သည် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၈)၊ ပုဒ်မ (၄၁) ရှိ (ခ) နှင့် (ဆ)ပါ  ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(YGN)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူးရေးသိပ္ပံကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်လူမှုဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပြုလုပ်သော လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကို (၂၂-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

 ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တက်ရောက်လာသော ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များကိုသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) ၏ www. doca. mm. Website တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကွင်းဆင်းစစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် တာဝန်ခံသည် အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားဝတ်နေရေးအထောက်အကူပြုဖြစ်စေရန်အတွက် ရောင်းချပေးနေသော စားအုန်းဆီများအား ဈေးနှုန်းမှန်ကန်မှုနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကို မြို့နယ်ကြီးကြပ်ရေးအဖွဲ့ များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

       မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ဆီကုန်သည်များအသင်းမှ (၄.၁၂.၂၀၂၃)ရက်နေ့မှ စတင်၍ ခရိုင်အလိုက်ဆီပေပါခွဲတမ်းများအား ခွဲဝေချထားပေးခဲ့ပါသည်။ မင်းဘူးမြို့နယ်အနေဖြင့် ခွဲဝေရရှိသောစားအုန်းဆီများအား မြို့နယ်တွင်းရှိ စားအုန်းဆီလက်ကား အရောင်းဆိုင် (၁၂)ဆိုင်အား ခွဲဝေချထားခဲ့ပါသည်။ (၄.၁၂.၂၀၂၃)ရက်နေ့မှ စတင်၍ ပထမအကြိမ်စားအုန်းဆီပေပါ (၅၆)လုံး၊ ဒုတိယအကြိမ်(၆၄)လုံး၊ တတိယအကြိမ်(၆၄)လုံးတို့အား ခွဲဝေရောင်းချစေခဲ့ပါသည်။ ထိုသို့ ခွဲဝေရောင်းချနေမှုအား မြို့နယ်ကြီးကြပ်ရေးအဖွဲ့တို့မှ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ အလေးချိန် အချင်အတွယ်မှန်ကန်မှု ရှိ/မရှိနှင့် ရရှိသည့်ခွဲတမ်းများအား အခြေခံလူတန်းစားများသို့ ရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မုန့်ထုတ်လုပ်မှုသင်တန်းတွင် စားသုံးသူအသိပညာပေးဆွေးနွေးပွဲကျင်းပ

        မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မုန့်ထုတ်လုပ်မှုသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှ စားသုံးသူအသိပညာပေးဆွေးနွေးပွဲအား တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     သင်တန်းတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေး ရမည့်အချက်များအား ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်အေးအေးခိုင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထို့နောက် သင်တန်းသားများအနေဖြင့် ဆွေးနွေးဟောပြောမှုများအပေါ် သိလိုသည်များ ပြန်လည်မေးမြန်းခြင်းများပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ကြီးကြပ်သူတာဝန်ခံအရာရှိဒေါ်အေးမဉ္ဇူခိုင်ကရှင်းလင်းဖြေကြား ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲအား (၁၁:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါဆွေးနွေးဟောပြောပွဲသို့ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

သတင်းဆောင်းပါးရေးသားနည်းသင်တန်းဖွင့်လှစ်

        ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း  တာဝန်ထမ်းဆောင် နေသော အရာထမ်း/အမှုထမ်း ဝန်ထမ်းများအားလုံး သတင်း/ဆောင်းပါး ရေးသားရာတွင် ကျွမ်းကျင်တက်မြောက်ပြီး စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယထပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော “သတင်း ဆောင်းပါးရေးသားနည်း”ရက်တိုသင်တန်းအား ဖွင့်လှစ်ပို့ချခဲ့ရာ အဆိုပါသင်တန်းတွင် ဦးမောင်ခြိမ့် (အမျိုးသားစာပေဆုရစာရေးဆရာကြီး)က “ဆောင်းပါးရေးသားနည်း” ဘာသာရပ်ဖြင့် လည်းကောင်း၊ ဦးဌေးလင်း (နည်းပညာအကြံပေး-တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး)က “Video Clip / Video Content” ပြုလုပ်နည်းကိုလည်းကောင်း၊ မြင်းမူမောင်နိုင်မိုး(ဥက္ကဌ၊ သတင်းမီဒီယာကောင်စီ) က “သတင်း/ ဆောင်းပါးရေးသားနည်း” ဘာသာရပ်ဖြင့်လည်းကောင်း၊ ဦးဆန်းဝင်း (ညွှန်ကြားရေးမှူး၊ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန) က “သတင်းရေးသားနည်း” ဘာသာရပ်ဖြင့်လည်းကောင်း၊ သင်ကြားပို့ချခဲ့မှု များကို ၎င်းသင်တန်းသို့တက်ရောက်ခဲ့သော အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးမှ ဒေါ်ခိုင်မြတ်မွန်ထွန်း (အငယ်တန်းစာရေး)က အရှေ့ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများအား ထိုသင်တန်းမှ သင်ကြား ရရှိခဲ့သော သတင်း/ဆောင်းပါးရေးသားနည်း အသိပညာ/ ဗဟုသုတများ စသည့်တို့ကို ၂၂.၁၂.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံးအစည်း အဝေးခန်းမ၌ ပြန်လည် Sharing ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (YGN)

အသင့်သောက်အချိုရည် အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

            ၂၆.၁၂.၂၀၂၃ ရက်နေ့ နေ့လည်(၁၂:၃၀) အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးနှင့် မင်္ဂလာဒုံမြို့နယ်၊ ရတနာသီရိဈေးသို့ အသင့်သောက်အချိုရည် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်ကေခိုင်မျိုးထွန်း(ဒု-ကြီးကြပ်ရေးမှူး) နှင့်ဝန်ထမ်းများ ဈေးစည်ပင်မှတာဝန်ခံပါ ဝန်ထမ်းများသည် ရွှေပြည်သာမြို့နယ်ရှိ ပတ္တမြား ဈေးနှင့်မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးသို့ သွားရောက်ကာ အသင့်သောက်အချိုရည် အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသား တွင် ပါဝင်ရမည့်အချက်များဖြစ်သည့် ကုန်စည်တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကုန်ကြမ်း ပစ္စည်းများ၏ အမျိုးအမည်၊ ပမာဏပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်)ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်း အမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများအား မရောင်းချရန် အသိပေးပြောကြားခဲ့ပါသည်။

DOCA (YGN)

‌ပြည်တွင်းထုတ်အသင့်စား စားသောက်ကုန်အမယ်(၃၁)မျိုးအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း

         အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနမှ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးတို့အတွက် ဈေး ကွက်မတင်မီနှင့် ဈေးကွက်တင်ပြီး အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ စစ်ဆေးခြင်း ကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၂၆.၁၂.၂၀၂၃)ရက်နေ့ နေ့လည် (၁၃:၃၀)အချိန်တွင် အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်းမကြီးပေါ်ရှိ 1 Stop Mart လုပ်ငန်းအား အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူ ရေးရာဉီးစီးဌာနတို့မှ အဖွဲ့ဝင်များလိုက်ပါ၍ 1 Stop Mart အတွင်းရှိ ပြည်တွင်းထုတ်အသင့်စား စားသောက်ကုန်အမယ် (၃၁)မျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA (YGN)

“ တွံတေးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖာ်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး အပြင်ရပ်ကွက်တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် အအေးမျိုးစုံ အရောင်းဆိုင်များသို့ ဒီဇင်ဘာလ (၂၅)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီတွင် လုပ်ငန်းရှင်များနှင့်သွား ရောက်တွေ့ဆုံ၍  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန် ပစ္စည်းများနှင့်အချိုရည်များ ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိကို ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

            ထိုသို့ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးပြင်ပရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စတိုးဆိုင်ကြီးများ၊ ဆေးဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား စားသုံးသူပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသော စားသောက်ကုန်ပစ္စည်းများ၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေး ဦးစီးဌာန (FDA) ခွင့်ပြုချက်မပါရှိသော အသင့်သောက်အချိုရည်များ၊ သက်တမ်းကုန်ဆုံးနေသော အစားအသောက် များရောင်းချခြင်း မပြုစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ကို လစဉ် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝ မပြုလုပ်ရန် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ၊ မိမိတို့မြို့နယ် နှင့် ဈေးဆိုင် များတွင် ဖြန့်ဖြူးရောင်းချနေခြင်းများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA (YGN)

“ ကော့မှူးမြို့နယ်၌ ဆောင်းဆီထွက် သီးနှံ၊ နေကြာမျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကျင်းပခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆောင်းဆီထွက်သီးနှံ၊ နေကြာမျိုးစေ့ချစိုက်ပျိုးခြင်းအခမ်းအနားအား ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်း (၈:၃၀)နာရီတွင်  မကျီးကန်ရပ်ကွက်ပိုင် ကွင်းအမှတ်(၃၉၃)လာပကိန်းကွင်း ဦးပိုင်အမှတ်(၁၀/၃) တောင်သူ ဦးဝင်းကြည်၏ လယ်ယာမြေ (၃)ဧကတွင် ကျင်းပခဲ့ကြောင်းသိရပါသည်။

   နေကြာမျိုးစေ့ချအခမ်းအနားသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်(၂)၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး၊ မြို့နယ် စီမံကိန်း ဦးစီးဌာနမှ ဦးစီးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှဦးစီးမှူး၊ တိရစ္ဆာန်ကုသရေးနှင့်မွေးမြူရေးဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ် လယ်ယာစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီး ဌာနမှမြို့နယ်တာဝန်ခံနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တောင်သူများတက်ရောက် ခဲ့ကြောင်းသိရပါသည်။

     ထိုသို့ နေကြာမျိုးစေ့ချစိုက်ပျိုးခြင်းအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မန်နေဂျာ ဦးသက်နိုင်ကနေ နေကြာသီးနှံအထွက်တိုးရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအနေဖြင့် အပင်ပေါက်စုံချိန်၊ အပင်ပိုင်းကြီးထွားချိန်တို့တွင် တစ်ကျင်းတစ်ပင်ချန်စနစ်ဖြင့် သားခွဲရန်၊ ဖူးကင်း ဝင်ချိန်၊ ပန်းဖွင့်ချိန်နှင့် မျိုးပွားအင်္ဂါများဖွံ့ဖြိုးချိန်တို့တွင် အစိုဓာတ်အလိုအပ်ဆုံးအချိန်၊ ပထမ အကြိမ် ရေသွင်းပြီး ယူရီးယားဓာတ်မြေဩဇာကျွေးရန်၊ စိုက်ပြီးရက်(၄၀)အတွင်း ပေါင်းနှိမ်နင်းရန် နှင့် အပင်မလံရန် ဘောင်တင်ပေးရမည်ဖြစ်ပြီး ပန်းပွင့်ပြီးဆုံးချိန်၊ ပန်းပွင့်စငိုက်ချိန်နှင့် ရင့်မှည့် ချိန်တို့တွင် ဒုတိယအကြိမ်ရေသွင်းရန်စသည့် အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အချက်များ စိုက်ချိန်တွင်ရောဂါပို့မွှားကျရောက်ဖျက်ဆီးမှုမှ ကာကွယ်ရန်နည်းလမ်းများ ပန်းမပွင့်မီ ရောဂါပိုးမွှားများကို စနစ်တကျကာကွယ်မှသာ ပန်းပွင့်ချိန်တွင်ပို့သတ်ဆေးဖြန်းပါက ဝတ်မှုကူးမှု အား ထိခိုက်နိုင်ကြောင်း အလေအလွင့်နည်းစေရန် စနစ်တကျရိတ်သိမ်းခြွေလှေ့ရမည့် အကြောင်း အရာများအား ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခဲ့ပြီး ၎င်းအခမ်းအနားသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက နေကြာသီးနှံမျိုးစေ့ချနေမှုအခြေအနေအား ကြည့်ရှု အားပေးခဲ့ကြောင်းသိရပါသည်။                 

DOCA (YGN)

“တွံတေးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေးခြင်း”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များတွင်ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် ဆေးမျိုးစုံအရောင်းဆိုင်များသို့ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်(၃:၃၀)နာရီတွင် လုပ်ငန်းရှင် များနှင့် သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ရွှေဆံ တော်ရပ်ကွက်၊ မင်းပိုင်းရပ်ကွက်များရှိ ဆေးဆိုင်များသို့သွားရောက်၍ဆိုင်ရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားသုံးဆီအမျိုးမျိုးနှင့် အာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့အား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အစားအသောက် နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA) ခွင့်ပြုချက်မရှိသော လူကြီးအာဟာရဖြည့်စွက်စာများ သက်တမ်းကုန်ဆုံးနေသော အစားအသောက် များရောင်းချခြင်းမပြုစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ရန် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ မိမိတို့မြို့နယ်ရှိ ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA (YGN)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ