Main menu

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ Denko စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်တာဝန်ခံသည် (၁၃.၁၀.၂၅) ရက်နေ့တွင် ရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ Denko စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီများ အချိန်အတွယ် ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်း ထားရှိမှုရှိ/ မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)