Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်း ရွှေဝါနဒီ ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦး စီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁.၁၂.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန် ညောင်တုန်း မြို့နယ် အရွဲကျေးရွာ ရွှေဝါနဒီ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကွင်းဆင်းစစ် ဆေး ဆောင်ရွက်ခဲ့သည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရွှေဝါနဒီ ဆန်စက်လုပ်ငန်းရှင် ဦးလူမော်မြင့်မောင်နှင့်တွေ့ဆုံ၍ ဆန်စက်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေ အနေများ၊ ဆန်တင်ပို့ရောင်းချမှု ဈေးကွက်အခြေအနေများ၊ ဆန်စက်အဆင့် အတန်းနှင့် Gasifier သုံးစနစ်ဆောင်ရွက်မှု အခြေအနေများကို စက်ရုံအတွင်းကြည့်ရှုလေ့လာခဲ့ပြီး ရွှေဝါနဒီ ဆန်စက်မှ အဆင့်မြင့်တင်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးတိုင်ပင်အကြံညဏ်ပြုခဲ့ပြီး ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာ ပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက်  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များကိုထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု- ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၂)ဦးတို့သည် (၁၄-၁၂-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စတိုးဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁၉/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁၉/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ၎င်းဟောပြောပွဲသို့ ဝန်ထမ်း(၉)ဦးတက်ရောက်ခဲ့ပါသည်။

    အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက ဆန်စပါးသိုလှောင်မှု မှတ်ပုံတင်နိုင်ရေးလုပ်ငန်းစဉ်အကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့ (၁၀) ရပ်ကွက်ရှိ ငွေကြယ်စင် ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှုနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

          ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဦးဆောင်မှုဖြင့် ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် (၁၀) ရပ်ကွက်ရှိ ငွေကြယ်စင် ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှုနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ငွေကြယ်စင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါး အရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ ပြည့်မီမှန်ကန်စေရေး၊ ဆန်စပါး ဈေးနှုန်း ဈေးကွက် အခြေအနေများကို မေးမြန်းစုံစမ်းခြင်း၊ ဈေးကွက် တည်ငြိမ်မှု ရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နှင့်ပက်သက်၍ ခေတ်မီစက်ကိရိယာများ၊ နည်းစနစ်သစ်များနှင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဈေးကွက် စီးပွားရေးကျယ်ပြန့်လာနိုင်သလို ၊ ကုန်ထုတ်လုပ်မှုများ ပိုမိုထုတ်လုပ် လာနိုင်ပါက အလုပ်သမား ဝန်ထမ်းမိသားစုများအတွက် စားဝတ်နေရေး ပြေလည်စေနိုင်ကြောင်း ဆန်စက်မှ ကြိတ်ခွဲ ထွက်ရှိ လာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ တို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်ရုံး၊ Community Centre ခန်းမ၌ “စားသုံးသူကာကွယ်ရေး” အသိပညာပေး Talk show ပြုလုပ်ခဲ့ခြင်း သတင်း

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊စာသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးမင်းဇော်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်ဖျာပုံခရိုင်ရုံးCommunity Centre ခန်းမ၌ “စားသုံးသူကာကွယ်ရေး” အသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အခမ်းအနားတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော် မှ စားသုံးသူများအနေဖြင့် အစားအသောက်နှင့် ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးရာတွင် စိတ်ကျေနပ်မှု ရရှိစေရေး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များနှင့် ဓာတုဆိုးဆေးများအကြောင်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်းများနှင့်ပက်သက်၍ စနစ်တကျလိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ အကြောင်း ရှင်းလင်းဟောပြောအသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန် ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက မြို့နယ်ဦးစီးမှူးရုံးများနှင့် တိုင်ကြားနိုင် သည့်စင်တာများ ဖွင့်လှစ်ထားရှိကြောင်းတို့အား အသိပညာဟောပြောခဲ့ကြောင်း သိရှိရပါသည်။

သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုပေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုပေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းများသို့ ားရောက်၍ စိမ်းလန်းစိုပြည်သော ကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်းတို့ကို နတ်တလင်းမြို့နယ်၊ (အ.ထ.က)အခြေခံပညာအထက်တန်းကျောင်းနှင့် ပွတ်စုကျေးရွာ (အ.လ.က) ကျောင်းများတွင် သက်ဆိုင်ရာဌာနများပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါကျောင်းများ၌ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄)ချက်တွင်ပါဝင်သည့် ကျောင်း၏အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် လုပ်ငန်းအစီအစဉ်များကို (Action Plan)နှစ်အလိုက် ရေးဆွဲချမှတ်ထားခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများကို ဒေသတွင်း ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိခြင်း၊  ကျောင်းဝန်းအတွင်း ကျောင်းမုန့်ဈေးတန်း၌ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဆိုးဆေးကင်းလွတ်သော မုန့်များရောင်းချစေရေးအတွက် ထိန်းချုပ်မှုရှိခြင်း၊ ကြပ်မတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများရှိခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊  အခြေခံစံနှုန်းနှင့် အညွှန်းကိန်း(၁၇)ချက်များနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများပါဝင်သော ကွင်းဆင်းစစ်ဆေးအဖွဲ့နှင့်အတူ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ရာ ပထမအကြိမ်ထက် တိုးတက်မှုရှိပြီး  ဆောင်ရွက်ထားရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေး   (Talk  Show ) ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ  Talk  Show  ဆွေးနွေးပွဲတွင် ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးစုစံက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူရေးရာဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၁) ပါ ကုန်ညွှန်း  အမှတ်အသားဖော်ပြခြင်းဆိုင်ရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများအနေဖြင့်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင် သည့်နည်းလမ်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည််  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန် မအူပင်မြို့ ထန်းပင်ကွေ့အရှေ့ကျေးရွာရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်(၁၅)ဦး စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ ပါသည်။

   အဆိုပါအသိပညာပေး ဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်(သို့)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် စစ်ဆေးရေးအရာရှိမှ  မိတ်ဖက်ဌာနအဖွဲ့အစည်းဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လစဉ် လျာထားချက်များဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း၊ အရည်အသွေး ပြည့်မီသောကုန်စည်များ ထုတ်လုပ်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံအသိပညာပေးခြင်းများ၊ စားသုံးသူများ ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာမှ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ကတိုင်ကြားနိုင်ပြီး တိုင်ကြားမှုကို စေ့စပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်းများ၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခြင်းနှင့် ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှုများ ပြည်တွင်း ဈေးကွက်သတင်းများ၊ ကုန်စည်စီးဆင်းမှု အခြေအနေနှင့် စားဖိုဆောင်သီးနှံ ဈေးနှုန်းဈေးကွက် သတင်းများအား (DOCA) Website နှင့် Commerce Journal တွင် သတင်းရေးသားဖြန့်ဝေကာ ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းကို လုပ်ငန်းရှင်များ သိရှိနားလည်စေရန် ဟောပြောဆွေးနွေးခဲ့ကြောင်း လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်းခဲ့ကြောင်း သိရသည်။  

DOCA(ဧရာဝတီ)

ပေါင်းတည်မြို့နယ်၊ ပေါက်အိုင်ကြီး(အ.မ.က)ကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

    နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများပူးပေါင်း၍ (၁၅-၁၂-၂၀၂၃) ရက်နေ့ ၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့၊ ပေါက်အိုင်ကြီးကျေးရွာ၊ မူလတန်းကျောင်း၌  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်သိန်းက ကျောင်းသား/ကျောင်းသူများအား ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည့် အစားအသောက်များကိုဝယ်ယူစားသုံးကြရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးစုစံက ကျောင်သား/ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် စာအုပ်များကိုများများဖတ်ကြရန်၊ စာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတများစွာရကြောင်းဟောပြောခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ( ၅၅ )ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မအူပင် ထိန်ထိန်လင်းဆန်စက်အား SME လုပ်ငန်းဖွံ့ဖြိုးရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ် ဦးစီးမှူး ရုံးသည် (၁၁.၁၂.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၁:၀၀)အချိန် မအူပင်မြို့နယ် စွန်သိုက်ကျေး ရှိ ထိန်ထိန်လင်း ဆန်စက်အား SME လုပ်ငန်းဖွံ့ဖြိုးရေးနှင့်ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။

        အဆိုပါ ကွင်းဆင်ဆောင်ရွက်မှုတွင် မအူပင်မြို့နယ်တွင် ဧည်မထစပါး မနောသုခ (၅၀)ပေါင် ဆန်စက်အရောက်ဈေးမှာ (၁၈၅၀၀) ဈေးရှိကြောင်း၊ မနောသုခ ထိပ်စအမြင့် ဆန်တစ်အိတ်လျှင် (၆၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် တွင်ကျယ်နေပြီး ရန်ကုန်ဘုရင့်နောင်ဈေးကွက်ထိ တင်ပို့နေရကြောင်း ဆန်စက် ပိုင်ရှင် ၏ ပြောကြားချက်အရ သိရှိရပါသည်။

            မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်‌ပေးရေးဥပဒေပါ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုက်နာရမည့် ဥပဒေအကြောင်း၊ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးကိစ္စရပ်များကို ရှင်းပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ