Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

‌မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ သဘာဝဇီဝမြေဩဇာစက်ရုံအား ကွင်းဆင်းလေ့လာ

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၉-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ ရွှေဇီဝသဘာဝဇီဝမြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ခံနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက စက်ရုံလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းမှုအခြေအနေ၊ ထုတ်လုပ်မှုအခြေအနေ၊ ဖြန့်ဖြူးမှု၊ ဈေးနှုန်း/ဈေးကွက်နှင့် ရှေ့ဆောင်ရွက်မည့်အစီအစဉ်များကိုဆွေးနွေးခဲ့ရာ စက်ရုံတာဝန်ခံက ကုန်ကြမ်းများဖြစ်သော မြေဆွေး၊ ကောက်ရိုး၊ ကြက်ချေး၊ နွားချေး စသည်တို့ကို မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော စသည့်မြို့နယ်များမှ ဝယ်ယူရရှိပြီး တစ်လလျှင် အိတ်ရေ (၃၀၀၀) ခန့်ထုတ်လုပ်ကြောင်း၊ ၎င်းတို့စက်ရုံအနေဖြင့် သဘာဝမြေဩဇာအမျိုးအစားပေါင်း (၆) မျိုးထုတ်လုပ်ပြီး မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားသို့ ဖြန့်ချိလျက်ရှိကြောင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

‌မွန်ပြည်နယ်ဦးစီးမှူးသည် ခရွန်းရှမ်းရွာရှိ အအေးခန်းစက်ရုံများအား ကွင်းဆင်းလေ့လာ

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၉-၁၁-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ ခရွန်းရှမ်းရွာရှိ Cool အအေးခန်းစက်ရုံသို့ရောက်ရှိ၍ အအေးခန်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးအောင်သိန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက အအေးခန်းလုပ်ငန်းတည်ဆောက်မှုအခြေအနေ၊ ကုန်ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေ၊ ဈေးကွက်အခြေအနေ၊ ဝန်ဆောင်မှုပေးသည့်ခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မှုအခြေအနေများကိုဆွေးနွေးခဲ့ရာ အအေးခန်းလုပ်ငန်းရှင်က အအေးခန်း (၅) ခန်းတည်ဆောက်ထားရှိကြောင်း၊ ၎င်းအအေးခန်းတွင် အခဲခန်း (၂)ခန်း၊ အအေးခန်း (၃) ခန်းတည်ဆောက်ထားရှိပြီး အခဲခန်း၌ ပင်လယ်စာများကို သိုလှောင်ထားရှိကြောင်း၊ အအေးခန်းတွင် ငါးခြောက်၊ ငရုတ်သီးခြောက်၊ အာလူး၊ သစ်သီးဝလံများကို သိုလှောင်ထားရှိကြောင်း၊ ရေး၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်များမှ လုပ်ငန်းရှင်ကုန်သည်များ လာရောက်သိုလှောင်ကြောင်း၊ သိုလှောင်ခအနေဖြင့် ကုန်ချိန်တစ်ပိဿာကို တစ်ရက်လျှင် (၃) ကျပ်နှုန်းဖြင့် သိုလှောင်ကြကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သားအင်အား (၂၀) ဦးအား အလုပ်အကိုင်ပေးထားနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူပြည်သူလူထု၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ

 ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊  ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁၀/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာဌာနများက တရားမဝင်ကုန်စည်အဖြစ်ကြေညာထားသည့် ကုန်ပစ္စည်းများ  ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုရှိ/မရှိစစ်ဆေးခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေနွေးခဲ့ပြီး မိမိတို့စားသုံးသူကော်မတီအဖွဲ့သည် စားသုံးသူအကာကွယ်ပေးရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးမည့် ကော်မတီဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူပြည်သူများအတွက် စိတ်ရင်းစေတနာထားကာ ပိုမိုကောင်းမွန်သော/ ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရှေးဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူအားလုံးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ပိုမိုကောင်းမွန်သောကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆက် လက်တာဝန်ယူဆောင်ရွက်ပေးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ချင်း)

 

 

ထားဝယ်မြို့ရှိ စားသုံးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း     ဒေသကြီးအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အဖွဲ့ဝင်ဌာနများနှင့် ဆက်စပ်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ အိမ်နီးချင်းနိုင်ငံမှ တရားမဝင်တင်သွင်းရောက်ရှိလာသည့် ပုစွန်တံဆိပ်ပါ စားသုံးဆီများအား ထားဝယ်မြို့တွင်းရှိ ကုန်စုံဆိုင်များ၊ ပွဲရုံများနှင့်ဆက်စပ်လျက်ရှိသော သိုလှောင်ရာနေရာတချို့အား ရှောင်တခင်စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

                                                                                                                         

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ မှတ်ပုံတင်နိုင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ မှတ်ပုံတင်နိုင်ရေးအတွက် Online Sales Bussiness လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်သည် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့ (၂၉-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

     ထိုသို့လာရောက်တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်သည် Online Sales Bussiness မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည်များကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က အွန်လိုင်းရောင်းဝယ်မှုများနှင့်ပတ်သက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃) ဖြင့် ထုတ်ပြန်ကြော်ငြာခဲ့ကြောင်း၊  အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေးသောလုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းအားဖြင့် မှတ်ပုံတင်ရရှိသူသည် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်ပါလက်မှတ်အမည်ဖြင့် ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း၊ အွန်လိုင်းဖြင့်မှတ်ပုံတင်ခြင်းအား eComReg System/ ecomreg.gov.mm တွင် မှတ်ပုံတင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားရာတွင် မိမိအသုံးပြုသော email (သို့) Mobile Phone Number ဖြင့် Sign Up (Register) ပြုလုပ်ခြင်း၊ Login ဝင်ခြင်း၊ Apply ကိုနှိပ်၍ မိမိတို့၏ Online Sales အတွက် Registration Form များကိုဖြည့်၍ မှတ်ပုံတင်ခြင်းများဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့နောက် Online Payment ပေးဆောင်ပြီး မိမိ၏ Online Sales Registration Certificate ကို Print/PDF ထုတ်ယူရမည်ဖြစ်ပါကြောင်း၊ ရရှိလာသော Certificate ၏ QR Code Link ကို မိမိတို့၏ Dashboard တွင် Copy ယူ၍ မိမိတို့၏ Online Sales (eCommerce) Website များတွင်အသုံးပြုခြင်းဖြင့် ယုံကြည်စိတ်ချရသော Online Sales (eCommerce) Website များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊  လုပ်ငန်းမှတ်ပုံတင်လျှောက်ထားသူများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ဖုန်းနံပါတ် ၀၆၇-၄၈၄၈၅၊ ၀၆၇၄၀၈၂၂၆၊၀၁-၃၇၁၂၁၉ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

    အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း( Online Sales)လုပ်ငန်းများမှတ်ပုံတင်နိုင်ရေးအတွက် eComReg System အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှစ၍ စတင်အသုံးပြုလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

                                                         

မုံရွာမြို့တွင် သောက်ရေသန့်အမျိုးမျိုးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

     သောက်ရေသန့်အမျိုးမျိုးသည် နေ့စဉ် လူအများသောက်သုံးနေသော ကုန်စည်ဖြစ်ခြင်းကြောင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်များနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ကိုက်ညီမှုရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့် သောက်ရေသန့်နှင့်ပတ်သက်၍ ညွှန်ကြားထားသောကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များကို တိကျစွာဖော်ပြစေခြင်းအလို့ငှာ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

    မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂၃-၁၁-၂၀၂၃) ရက်နေ့တွင် ခရိုင်ဦးစီးမှူး၊  ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ရှိ ပင်လုံသောက်ရေသန့်စက်ရုံသို့လည်းကောင်း၊ (၂၄-၁၁-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ရှိ ကောင်းကင်ယံသောက်ရေသန့်စက်ရုံနှင့် (၂၈-၁၁-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့လည်းကောင်း၊ စုစုပေါင်း (၆)ဆိုင်သို့သွားရောက်၍ သောက်ရေသန့်အမှတ်တံဆိပ် (၁၀) မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များ၏ ဆန်စပါးကြိတ်ခွဲရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး”

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များ၏ စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှု အခြေအနေနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်၊ ရပ်ကွက်၊ ကျေးရွာများ၌ လက်လီ/လက်ကား ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ 

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ပြည်တွင်းဆန်ဈေးနှုန်းများမတည်မငြိမ်ဖြစ်ပေါ်ခြင်းများမရှိစေရေး စီစစ်ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားလာသဖြင့် ကော့မှူးမြို့နယ်အခြေအနေအရ ရေလမ်းကြောင်းဖြင့်မဟုတ်ဘဲ ဧရာဝတီတိုင်းဒေသကြီးဘက်မှ ကုန်းလမ်းကြောင်းဖြင့်ဝင်ရောက်လာသည့် ဆန်ကုန်တင်ယာဉ်များအား သက်ဆိုင်ရာခရိုင်၊ မြို့နယ်များမှ ဝင်ပေါက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့ဖြင့်လည်ကောင်း  မြို့နယ်အတွင်းရှိ ဆန်စက်သိုလှောင်ရုံများ ဆန်နှင့်ဆန်ထွက်ပစ္စည်းအရောင်းဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တက်စေရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် ထမ္မနိုင်ကျေးရွာရှိ သုခပြည့်စုံဆန်စက်၊ ရွှေနဂါးဆန်စက်တို့တွင် ဆန်စပါးကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ ကျေးရွာအတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းများမတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် တွေ့ရှိပါက စားသုံးသူကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲမှူး၊ ဒုရဲအုပ်နှင့်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

(၁၁/၂၀၂၃)လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ကာကွယ်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ် စည်းကမ်း များနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လိုက်နာရမည့်တာဝန်များအား သိရှိ လိုက်နာနိုင် စေရေးအတွက် စားသုံးသူများအားအသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းများ ကိုဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း အသိပညာပေးဆွေးနွေးခြင်း()ကြိမ်၊ လုပ်ငန်း ရှင်နှင့်တွေ့ဆုံခြင်း(၁၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

          အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအနေဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များအတွင်းရှိ စာသင်ကျောင်းများဖြစ်သော အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများသို့ သွားရောက်၍ စားသုံးသူအခွင့်အရေးများအား သိရှိပြီး ရယူတတ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များအား သတိပြုဝယ်ယူသုံးစွဲရန်လိုအပ်ကြောင်း၊ အသိ ပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုအနေဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များအတွင်း ရှိ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ ကုန်မျိုးစုံရောင်းချသည့်အရောင်းဆိုင်များနှင့်စတိုးဆိုင် များ၊ သောက်ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံး သူကာကွယ်ရေးဥပဒေပါ အချက်အလက်များအား သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ စားသုံးဆီရောင်းချ သည့်လုပ်ငန်းရှင်များအား ပဲဆီ၊ နှမ်းဆီများကို စားအုန်းဆီများနှင့်ရော၍ ရောဆီအဖြစ်ရောင်းချရာတွင် စားသုံးသူများအပေါ် လိမ်လည်လှည့်ဖျားခြင်းမရှိစေရန်အတွက် ရောစပ်သည့်အချိုးအစား ရာခိုင်နှုန်း အား  သိသာထင်ရှားစွာ သတင်းအချက်အလက်ပေး၍ ရောင်းချရန်၊ ဆီထည့်သည့်ပုံးများအား စတီးပုံး များဖြင့် အဖုံးများဖုံးအုပ်၍ရောင်းချသွားရန် ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိ စေရေး အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မကွေး)

 

ကော့သောင်းမြို့၊ အ.ထ.က (ခွဲ) အဏ္ဏဝါကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့၊ အ.ထ.က(ခွဲ) အဏ္ဏဝါကျောင်း၌  ကော့သောင်းခရိုင်၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲသည့်အခါ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲဦးဗိုလ်(ဆေးဝါး)၊ ဒုကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းနိုင်၊ ဒုကြီးကြပ်ရေးမှူးတို့ကလည်း အစားအသောက်နှင့်ဆေးဝါးဆေးပစ္စည်းနှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအကြောင်းကို အကျယ်တဝင့်ပြောကြားခဲ့ပါသည်။ ထိုနောက် အ.ထ.က(ခွဲ)အဏ္ဏဝါကျောင်းရှိ ကျောင်းမုန့်ဈေးတန်းရှိ သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ဝန်ထမ်းအင်အား (၂၇)ဦးတက်ရောက်ခဲ့ကြပြီး  ခရိုင်ဦးစီးမှူးရုံးများမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက တင်ပြရန်ရှိသည်တို့ကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်းသိရှိရပါသည်။

   ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့်အတူ နှစ်ပတ်လျှင်(၁)ကြိမ် ကျင်းပပြုလုပ်သည့် (Thursday Talk) အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အသိပညာပေးဆွေးနွေးပွဲအား ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ တက်ရောက်ဝန်ထမ်းအင်အား(၂၇)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲ၌ စီမံရေးရာဌာနခွဲမှ ဒေါ်ခိုင်သင်းရီ၊ အငယ်တန်းစာရေးက ဦးရဲဦး- မြန်မာပြန်၏ “နှုတ်ချို သျှိုတစ်ပါး ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူများက ပြန်လည်မေးမြန်းခြင်း၊ အမေးအဖြေကဏ္ဍများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)                                                 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ