Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့တွင် တရားမဝင်အကောက်ခွန်မဲ့ စားဆီများဖမ်းဆီးရမိ

         ၇.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် အကောက်ခွန်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ မော်လမြိုင်- ကျိုက်မရောလမ်းရှိ ဟင်္သာအဝိုင်း စစ်ဆေးရေးဂိတ်၌ Zone(အဖြူရောင်) မော်တော်ယာဉ်အား မသင်္ကာ၍ ဖွင့်ဖောက်စစ်ဆေးရာ ပုဇွန်နှစ်ကောင်တံဆိပ်စားဆီ (၅ လီတာ x ၄ ဗူး) (၁၆၅) ဖာ၊ ပုဇွန်နှစ်ကောင်တံဆိပ်စားဆီ (၁ လီတာ x ၁၂ ဗူး) ပါ (၂၃၀) ဖာတို့အား စစ်ဆေးတွေ့ရှိရပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/ မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေး

         ၇.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/ မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ အောက်လမ်းမကြီးရှိ လမ်းဘေးဝဲယာဆေးဆိုင်များတွင် ရောင်းချနေသောဆေးများမှာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါစစ်ဆေးခဲ့ရာ ဆေးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း မရှိပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်၊ ဖက်ခင်းရပ်ကွက်ရှိ K-Mart Super Market ရှိ ငရုတ်ဆီနှင့်အချဉ်ရည် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ၉.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ ဖက်ခင်းရပ်ကွက်ရှိ K-Mart Super Market ရှိ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ K-Mart Super Market ရှိ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးအားစစ်ဆေးခဲ့ရာ အဆိုပါငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

           ၈.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်ရှိ ဝံဈေးစင်တာသို့ သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး၊  ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် စားသုံးသူများအား ဘေးအန္တရာယ်ကင်းသောအစားအသောက်များသာ ရောင်းချရန်  အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ လင်သက်ကွင်းကျောင်းတွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ဆက်၊ အားကာဌာနတို့နှင့် ပူးပေါင်း၍ ၄.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လင်သတ်ကွင်း အ.လ.ကကျောင်းတွင် ကျောင်းသား/သူ (၁၅၂) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

    ထိုသို့ ဟောပြောရာတွင် ကျောင်းသားကျောင်းသူများ အစားအသောက်များဝယ်ယူစားသောက်ရာတွင် မှန်ကန်စွာရွေးချက်ဝယ်ယူစားသောက်တက်ရန်၊ အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိမှ ဝယ်ယူစားသောက်ရန် စသည့်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်သုံးဆီရောင်းချမှုအခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ  စက်သုံးဆီဆိုင်များတွင် ပုံမှန်ရောင်းချလျက်ရှိပြီး စက်သုံးဆီ (၄) မျိုးအား အပြည့်အဝရောင်းချပေးနိုင်ပြီး လျော့နည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ပြည်ပမှ စက်သုံးဆီများမှာယူတင်သွင်းပြီး၊ ထုတ်ယူမည့် Terminal များမှ ခွင့်ပြုချက်များအပေါ် အဆင့်ဆင့် စောင့်ဆိုင်းထုတ်ယူရရှိကြောင်း ကန်ကြီးထောင့်မြို့နယ် အတွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ ဆီကားများ ပုံမှန်ရောက်ရှိ၍ ဆီဆိုင်များမှာလည်း ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချနေကြောင်း စက်သုံးဆီရောင်းချသည့် ဆိုင်တာဝန်ရှိသူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

          ၇.၁၀.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူရေးရာဌာနခွဲမှ တာဝန်ရှိသူသည် BG ဘဏ်မှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်   စီးပွားရေးလုပ်ငန်းရှင်အား   စားသုံးသူကာကွယ်ရေးဥပဒေပါ      စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍     စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ တားမြစ်ချက်များအကြောင်း၊ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်း စာရေးဒေါ်ဇင်မေထက်သည် ၄.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အွန်လိုင်းရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show အစီအစဉ်ကျင်းပဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆွေးနွေးပြောကြားချက်များထဲမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့် အမိန့်ထုတ်ပြန်ထားပြီး၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်အာဏာ သက်ဝင်ခဲ့ကြောင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် Online Sale များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း စသည့်အချက်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ မုန့်ဈေးတန်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

         အစားအသောက်နှင့်မုန့်များတွင် ဆိုးဆေးသုံးစွဲသည့်မုန့်များ၊ ရက်လွန်မုန့်များ၊ မသန့်ရှင်းသောအစားအသောက်များ ရောင်းချမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များ ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသုပ်မျိုးစုံများရောင်းချရာတွင်လည်းခြင်/ ယင် မနားစေရန် လုံခြုံစွာဖုံးအုပ်ထားပြီး  သန့်ရှင်းသောအသုပ်စုံများကိုသာရောင်းချရန် မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်း၍ ၈.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကန်ကြီးထောင့်မြို့၊ ရွာသစ်ကုန်းကျေးရွာအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ် ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားအုန်းဆီခွဲတမ်းရရှိသော အရောင်းဆိုင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားထားသော ဈေးနှုန်းဖြင့်ရောင်းချနေခြင်းရှိ/မရှိ ၊ ဆိုင်းဘုတ်ချိတ်ဆွဲရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းဆိုင်းဘုတ်အား အများပြည်သူများမြင်သာသောနေရာတွင် ချိတ်ဆွဲထားပို့တို့ကို စစ်ဆေးခဲ့ရာ ခွဲတမ်းရရှိသောဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများဖြင့် ရောင်းချနေကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ