Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကဝဲကျောင်းစုကျေးရွာ အထက(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၁.၁၁.၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီက ဝါးခယ်မမြို့နယ် ကဝဲကျောင်းစုကျေးရွာ အထက(ခွဲ)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်း ပြောကြားခဲ့ပါသည်။ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းသို့အဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပြီး၊ ဆိုင်ရှင်များအား သက်တန်းလွန်မုန့်များအား ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ပါသည်၊ စားသုံးသူအသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၇)ဦး၊ ကျောင်းသားကျောင်းသူ (၂၈၅)ဦး၊ စုစုပေါင်း (၃၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် အတွင်းရှိ “ဂွတ်ရှယ်” သုံးထောင့်မုန့် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဖျာပုံခရိုင်ဦးစီးမှူး ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ(၁၇) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊(၃) ရပ်ကွက် ၊ ဒုတိယလမ်းရှိ “ဂွတ်ရှယ်” သုံးထောင့်မုန့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

  အဆိုပါကွင်းဆင်းစိစစ်မှုတွင် “ဂွတ်ရှယ်” သုံးထောင့်မုန့် လုပ်ငန်းမှ ထွက်ရှိသော သုံးထောင့်မုန့် တွင်ပါဝင်သောပစ္စည်းများ (ဂျုံ၊သကြား၊မြေပဲ၊နှမ်း၊ကြက်သွန်နီကြော်၊ဆီ၊ဆား၊ရေသန့်) များပါဝင်ပြီး   တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးပေါင်း(၅၀၀)မှ(၆၀၀) ကြားထုတ်လုပ်ကြောင်း၊ ဈေးကွက်အတွင်း ရောင်းဝယ်မှုပေါ် မူတည်၍ နေ့စဉ် ထုတ်လုပ်လျက်ရှိကြောင်း၊ မုန့်တစ်ဘူးလျှင် သုံးထောင့်မုန့်(၆)ခု၊ အငံမုန့် (၈)ခု ပါဝင်ပြီး ဈေးနှုန်းအနေဖြင့် လက်လီ (၁၉၀၀)ကျပ်၊ လက်ကား(၁၈၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါ သုံးထောင့်မုန့်လုပ်ငန်းတွင် လုပ်သားဦးရေ (၇) ဦးရှိပြီး တစ်လတစ်ဦးလျှင် လုပ်ခလစာ တစ်သိန်းခွဲ ကျပ်ပေးထားရပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် အခြားဒေသများပါ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

  ထို့နောက် ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့က ထုတ်လုပ်နေသောကုန်စည်နှင့်ပက်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ထည့်သွင်းရောင်းချကြပါရန်နှင့် ကုန်စည်အရည်အသွေးပြည့်ဝစွာထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး    တို့အတွက် ဆွေးနွေးခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk (၁၁/၂၀၂၃) အသိပညာပေးဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC) ခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုစေရန် Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၇)ဦးတက်ရောက်ခဲ့ပါသည်။

    အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်သူဇာက  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဆိုင်ရာ ညွှန်ကြားချက်(၁/၂၀၂၂)ပါ အပိုဒ်(၁)မှ(၃၉)ထိ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဋ္ဌာန်းချက်ပါ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေး၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၄)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက‌တောင်းဆိုနိုင်သည့် အခွင့်အရေးများအား မိမိ၏ကိုယ်တွေ့အကြောင်းအရာများနှင့်ဆက်စပ်ပြီး ဌာနတွင်လုပ်ကိုင်ဆောင်ရွက်နေရသော လုပ်ငန်းအတွေ့အကြုံများနှင့်ပေါင်းစပ်၍ အကျယ်တဝင့်ဆွေးနွေးခြင်းနှင့် အငယ်တန်းစာရေး ဒေါ်သီတာနွယ်က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် အခန်း(၁၉)တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းဥပဒေ ပုဒ်မ ၄၁မှ ဥပဒေပုဒ်မ ၅၁ထိ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 ဆက်လက်၍ ဦးဝေဠုအောင်က ယခုကဲ့သို့ရှင်းလင်းဆွေးနွေးခဲ့သူများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ တက်ရောက်လာသည့်ဝန်ထမ်းများလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဌာနခွဲများမှ လုပ်ငန်းများကိုလည်းနားလည်စေရန်အတွက် Thursday Talk ကို လစဉ်ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် နောင်လာမည့် Thursday Talk  များတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများသာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့်ဒေသထွက်ကုန်များ၊ စိုက်ပျိုးသီးနှံများအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသွားရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၄/၂၀၂၃)ကျင်းပ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးက ကြီးမှူးကျင်းပသော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၄/၂၀၂၃)သင်တန်းကို ၂၀၂၃ခုနှစ်၊  နိုဝင်ဘာလ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး(CICC)ခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး  ဦးဝေဠုအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းများ၏တာဝန်၊ ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများ၊ ဌာန၏လုပ်ငန်းတာဝန်များကိုသိရှိနားလည်ပြီး ပေးအပ်သည့်တာဝန်များကို ကျေကျေပွန်ပွန်ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားနိုင်စေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ သင်တန်းပို့ချသူများက မှန်ကန်တိကျသောရုံးစာရေးသားနည်းများ၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့်တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့်အခွင့်အရေးများ၊ စားသုံးသူတိုင်ကြားမှုများ လက်ခံဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်များ၊ ငွေစာရင်းခေါင်းစဉ်အလိုက် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ၊ ဘဏ္ဍာရေးကျင့်စဉ်(၅)ရပ်နှင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များ စသည်တို့ကိုသင်ကြားပို့ချခဲ့ရာ  ဝန်ထမ်း (သင်တန်းသား/သူ) စုစုပေါင်း(၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့ ၌ Online Sale ‌မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့် (ဦးစီးမှူး)သည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုတို့ဖြင့် လစဉ် အသိပညာပေးခြင်းလုပ်ငန်းများပြုလုပ်ဆောင်ရွက်လျက်ရှိရာ (၁၇-၁၁-၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ Online ပေါ်တွင်ရောင်းချနေသော ကုန်စည်များဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ Online Sale ‌ပြုလုပ်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန် အသိပညာပေးဟောပြောပွဲ (Talk Show) ကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးက ယနေ့ လူအများသုံးစွဲနေသည့် Facebook စာမျက်နှာများပေါ်တွင် Online Sale များနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်လျက်ရှိသော လုပ်ငန်းလုပ်ဆောင်ချက်များအကြောင်း ရှင်းလင်းပြောကြားပေးပါရန် မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးအုန်းမြင့်က  Online စနစ်ဖြင့်ရောင်းချနေမှုအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၁-၇-၂၀၂၃)ရက်နေ့တွင် သတ်မှတ်ကြော်ငြာခဲ့ပြီး Online စနစ်ဖြင့်ရောင်းချပါက မှတ်ပုံ တင်ခြင်းပြုလုပ်ရမည်ဖြစ်ပါကြောင်း Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်သည့်အခါတွင် လုပ်ငန်းလိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လုပ်ငန်းရှင်၏ရပ်ကွက်ကျေးရွာတွင် အမှန်တကယ်နေထိုင်ကြောင်းထောက်ခံစာ စသည့် လုပ်ငန်းမှတ်ပုံတင်ရမည်အချက်(၈)ချက်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ Online စနစ်ဖြင့်ရောင်းချခြင်းပြုလုပ်ပါက လုပ်ငန်းမှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System (https://www.ecomreg.gov.mm) Website တွင် မှတ်ပုံတင်နိုင်ကြောင်း စားသုံးသူပြည်သူများအားသိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မော်လမြိုင်မြို့၊ အခွန်လွတ်ဈေး၌ အခြေခံစားကုန်များရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

     ပြည်သူများအနေဖြင့် အခြေခံစားကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချသည့် အခွန်လွတ်ဈေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှစ၍ အပတ်စဉ် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိရာ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ၁၈.၁၁.၂၀၂၃ နှင့် ၁၉.၁၁.၂၀၂၃ ရက်နေ့တို့တွင်   မော်လမြိုင်မြို့၊ အခွန်လွတ်ဈေး၌ အခြေခံစားသောက်ကုန်များ ရောင်းချနေခြင်းအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ထားသော အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်၊ ဆီအပါအဝင် အခြေခံစားကုန်များအား စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မကွေးမြို့၊ ရန်ကင်းစျေးနှင့် ဆည်မြောင်းစျေးတို့ရှိ ကုန်စည်များအား Mobile Lab ဖြင့် ကွင်းဆင်းစစ်ဆေး

  မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရန်ကင်းစျေးနှင့် ဆည်မြောင်းစျေးရှိ စားသောက်ကုန်များအား (၁၅-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်မှ နံနက်(၀၉:၃၀)နာရီအချိန်အထိ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကုန်စည်များနမူနာဝယ်ယူကာ Mobile Lab ဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     နမူနာဝယ်ယူစစ်ဆေးခဲ့သော ကုန်စည်များမှာ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ ချင်းပေါက်၊ သရက်ချဉ်၊ ပဲပင်ချဉ်၊ နနွင်းမှုန့်၊ မုန်လာဥချဉ်၊ မုန့်ဟင်းခါးဖတ်၊ အသားတု၊ ငါးပိထောင်း၊ အမဲသွေးနှင့် ဆိတ်သွေးခဲတို့ဖြစ်ပြီး စစ်ဆေးစဉ် စားသုံးရန်မသင့်ဟုတားမြစ်ထားသော တာရှည်ခံဆေးများကို သုံးစွဲထားခြင်းမရှိကြောင်းတွေ့ရပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဖြင့် စျေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များအား ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားသော အရည်အသွေးပြည့်ဝသည့်ကုန်ပစ္စည်းများကိုသာသုံးစွဲနိုင်ခြင်း စသည့် အကျိုးရလဒ်များရရှိလာနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်း(ပျဉ်းမကျောင်း)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်း (ပျဉ်းမကျောင်း)၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။

   ရှေးဦးစွာ ပြန်ကြားရေးနှင့် ပည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “သုံးစွဲရန်မသင့်သောဆေးဝါးများနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သည့်ပစ္စည်းများကို ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ညိမ်းညိမ်းအေးက “ရေချိုသယံ ဇာတအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

    ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်‌ရောက်‌ဟောပြောခဲ့သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါ လူငယ်ရေးရာအသိပညာ ဩပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

    ဆက်လက်၍ မူလတန်းအဆင့် ‌ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ အစားအသောက်ဆိုးဆေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိတ္တဗလနှင့် မိတ်ဆွေကျင့်ဝတ်အကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြပြီး ကလေးများအား ပုံပြင်ပြောပြခြင်းအစီအစဉ်များလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

912 ဆန်စက်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၃)ရက်နေ့ (၁၀:၀၀)အချိန်တွင် ရေလဲလမ်းမရှိ 912ဆန်စက်သို့ သွားရောက်၍ ဆန်စက်လည်ပတ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။

  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် 912ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲ လည်ပတ်မှုအခြေအနေ၊ စပါး၊ ဆန်ဈေးကွက်အခြေအနေများကို မေးမြန်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး၊ မအူပင်မြို့နယ်အတွင်းရှိ ဆန်စက်လုပ် ငန်းများ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီး မှူး ဦးအောင်ဇော်ဦးမှ 912ဆန်စက်လုပ်ငန်းရှင်နှင့်  တွေ့ဆုံဆွေးနွေးခဲ့ပြီး  ဆန်၊ စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ လေ့လာစုံစမ်းခဲ့ကြေင်းသိရသည်။

DOCA(ဧရာဝတီ)

မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေး ဆွေးနွေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည် (၂၁.၁၁.၂၀၂၃)ရက်နေ့ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ဓနုဖြူ သပြုကျေးရွာရှိ မုန့်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၈)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

   အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးပြောပွဲတွင် ဦးခိုင်လွမ်းမိုးက စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်၍ ရောင်းချမှုမပြုကြရန် တားမြစ်ထားသောကုန်စည်များ ရောင်းချခြင်းမပြရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ