Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချပေးနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

   ၂၃.၉.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးမှ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင် (၉)ဆိုင်သို့ စားအုန်းဆီရောင်းချပေးနေမှုများအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား  အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၂..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းနောင်သည် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ရှိ 91 Fashion House အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ Global Good Pure Group Co.Ltd မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

    ၂၃.၉.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်နှင့် ဦးစီးမှူး ဦးအောင်မြင့်မြတ်တို့သည် မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်အတွင်းရှိ မြေနီကုန်းရပ်ကွက်၊ အမှတ်(၂) ဈေးကြီး၊ ရိုးဂိုးကျေးရွာ၊ ဖားအောက်ကျေးရွာရှိ စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်နယ်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

    ၂၃.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

    အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ် ရရှိထားသည့် စီးပွားရေး လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများအား လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာအတွင်း စားအုန်းဆီများ ရောင်းချနေမှုအား ကြီးကြပ်စစ်ဆေး

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာတွင် (၂၀.၉.၂၀၂၅) ရက်နေ့၌ Kaung Hlyan New Asia ကုမ္ပဏီမှ ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများကို  လက်လီကိုယ်စားလှယ်များထံသို့ မျှတစွာ ခွဲတမ်းချပေး၍ လက်လီကိုယ်စားလှယ်များမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ကျေးရွာနေစားသုံးသူပြည်သူများအား ပွင့်လင်းမြင်သာစွာ ရောင်းချ ရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းတို့ ဖော်ပြထားသည့် ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ ရောင်းချပေးနေမှုအား စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြစ်သော စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားသက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်တာဝန်ရှိသူများသည် သတ်မှတ်ရည်ညွှန်းစျေး၊ အလေးချိန်၊ ခွဲတမ်းရပိဿာချိန် ပြည့်ဝစွာရောင်းချမှု ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးခဲ့ပါသည်။ ကျေးရွာနေ စားသုံးသူပြည်သူများမှ ယခုကဲ့သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးခွင့်ရသဖြင့် များစွာ အဆင်ပြေနေကြောင်း၊ အလေးချိန်ပြည့်ဝ၍ အရည်အသွေးကောင်းသဖြင့် စီစဉ်ဆောင်ရွက်ပေး သူတာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ကြောင်းတို့ကို ကြားသိခဲ့ရကြောင်း သတင်းရရှိ ပါသည်။

DOCA (မွန်)

မလှိုင်မြို့ရှိ ပါရမီဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မလှိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆  ရက်နေ့တွင်  ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းမြှင့်တက်စေမှုမရှိစေရေးအတွက် မလှိုင်မြို့ရှိ ပါရမီဆန်ဆိုင်များသို့ သက်ဆိုင်ရာမြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေး အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ဒေသတွင်းမှထွက်ရှိသော မနောသုခ၊ ဧရာပဒေ သာဆန်များအပြင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များအား ရောင်းချလျက်ရှိကြောင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိပြီး လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိ ပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မလှိုင်မြို့ရှိ ဟန်ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မလှိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆  ရက်နေ့တွင်  ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းမြှင့်တက်စေမှုမရှိစေရေးအတွက် မလှိုင်မြို့ရှိ ဟန်ဆန်ဆိုင်သို့ သက်ဆိုင်ရာမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ဒေသတွင်းမှထွက်ရှိသော မနောသုခ၊ ဧရာပဒေ သာဆန်များအပြင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များအား ရောင်းချလျက်ရှိကြောင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိပြီး လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိ ပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မလှိုင်မြို့ရှိ နီနီဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မလှိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆  ရက်နေ့တွင်  ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းမြှင့်တက်စေမှုမရှိစေရေးအတွက် မလှိုင်မြို့ရှိ နီနီဆန်ဆိုင်သို့ သက်ဆိုင်ရာမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ဒေသတွင်းမှထွက်ရှိသော မနောသုခ၊ ဧရာပဒေ သာဆန်များအပြင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များအား ရောင်းချလျက်ရှိကြောင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိပြီး လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ရမည်းသင်းမြို့နယ် စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်း ချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်း ရှိ/ မရှိ၊ MSMEနှင့်စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေး နှင့် စက်သုံးဆီများပြတ်လပ်မှု ရှိ/မရှိ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ရမည်းသင်းမြို့နယ်ရှိ စက်သုံးဆီဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ် သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများ ရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင် တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား အထူးကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့နယ်စည်ပင်သာယာဈေးအတွင်းရှိ သောက်ရေသန့် အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး’

   စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော သောက်ရေသန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ သောက်ရေသန့်များထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်များ ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ပါကုန်စည် အမျိုးအစားအလိုက်ဖော်ပြ ရမည့်ညွှန်ကြားချက်များးကို ပြည်စုံမှန်ကုန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းလိုင်စင် FDA ၏ ထောက်ခံချက် လက်မှတ်များ ရှိ/မရှိ စစ်ဆေးရာ ပြည်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ