Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သင်္ဃန်းကြီး ကားလမ်းဘေးရှိ မဟာမြိုင်ဆန်စက်သို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးဦးမြင့်ဌေးသည် (၆.၆.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီက လပွတ္တာမြို့နယ် သင်္ဃန်းကြီးကားလမ်းဘေးရှိ မဟာမြိုင်ဆန်စက်သို့သွားရောက်၍ ဆန်/ စပါး၏ ဈေးကွက်အခြေအနေနှင့် စီးဝင်/ စီးထွက်အခြေအနေများအား ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်ဖြင့် ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ စီးဝင်/စီးထွက်အခြေအနေများ မေးမြန်းစုံစမ်းခဲ့ရာ ဆန်စက်ပိုင်ရှင်က နွေစပါးပေါ်ချိန်တွင် ရာသီအမှီဝယ်ယူခြင်း၊ သိုလှောင်ခြင်းများ စနစ်တကျပြုလုပ်လျက်ရှိကြောင်း ဈေးနှုန်းမှန်ကန်မှုရှိစေရေးနှင့် အများနည်းတူ စက်ပိုင်များအနေဖြင့် ဝယ်ယူသိုလှောင်မှုများပြုလုပ်နေရကြောင်း၊ ဆွေးနွေးပြောကြားမှုအရ သိရှိရပါသည်။ ထို့နောက်ဆန်စက်လည်ပတ်မှု အခြေအနေနှင့် မီးဘေးလုံခြုံရေး စနစ်တကျ ထားရှိမှုများ၊ ဆန်/စပါးများသိုလှောင်ထားရှိမှု စနစ်တကျရှိစေရေး၊ တောင်သူများထံမှ စပါးများဝယ်ယူရာတွင်လည်း ဈေးနှုန်း၊ အလေးတင်း၊ တောင်း၊ အချိန်အတွယ်မှန်ကန်စွာဝယ်ယူနိုင်ရေးနှင့် မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် သဘာဝဘေးအန္တရာယ်ကျရောက်မှုဖြစ်ပေါ်လာပါက ဆန်စပါးများ ရေမစိုစေရေးအတွက် စီမံထားရှိရန်၊ သဘာဝဘေးနှင့်ရင်ဆိုင်ရလျှင် မိမိဒေသအတွက် ကူညီဆောင်ရွက်ပေးကြစေရန်နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်ပိုင်၊ ကုန်သည်၊ တောင်သူတို့နှင့် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးတိုက် တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၇.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော မုန့်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၅)ရပ်ကွက် ဘုရားလမ်းအတွင်းရောင်းချနေသော Mingalar ရေညှိအာလူး(ကရက်ကာ)မုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားရှိ/မရှိ စစ်ဆေးခဲ့ပြီး မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည့်အကြောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် ထုတ်ပြန်ထားသည့်ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်၊ မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၇.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ အိမ်မဲမြို့နယ်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    မြို့နယ်တာဝန်ခံဦးလေးလွင်က မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Golden BEE ရွှေပျားအသင့်စား ငရုတ်ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ  ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ စစ်ဆေးရာတွင် ပြည်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိမရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုမြို့ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ (၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်၊ မင်းရပ်ရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင် (၂) ဆိုင်အား ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂) ဦးတို့က  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားရှိသဖြင့် ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ တရားမဝင်တင်သွင်းသောကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ တရားမဝင်တင်သွင်းသောကုန်စည်များကို ဈေးကွက်အတွင်းရောင်းချခြင်းဖြင့် နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်၊ ဘဏ္ဍာငွေဆုံးရှုံးမှုဖြစ်စေရုံသာမက အဆိုပါကုန်စည်များသည် အရည်အသွေးအာမခံချက်မရှိနိုင်ခြင်း၊ ကုန်စည်အတုများဖြစ်နေနိုင်ခြင်းနှင့် စားသုံးသူပြည်သူများအတွက် ဘေးကင်းလုံခြုံမှုမရှိနိုင်ခြင်းတို့ဖြစ်စေနိုင်သဖြင့် ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနကဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်၏ ရုံးချိန်အတွင်း Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ သက်တမ်းလွန်သည့်ကုန်စည်များအား ရောင်းချခြင်းမပြုရန်နှင့်  စားသုံးရန်/သုံးစွဲရန်မသင့်သော ကုန်စည်များရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၇.၆.၂၀၂၃)ရက်နေ့၊ နေလယ်(၁၁:၄၅)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

  ထိုသိုဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့် ပြစ်မှု ပြစ်ဒဏ်များ၊ တားမြစ်ချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားခြင်း၊ ထို့နောက် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံး တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင် ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၈-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက် အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း (၄၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ဒု-တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး  တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ ဦးကျော်သက်‌ဝေ (အငယ်တန်းစာရေး) က “ကောင်းမွန်သော Power Point Presentation တစ်ခုကို ဘယ်လိုဖန်တီးမလဲ” အကြောင်းကိုဆွေးနွေးခဲ့ပြီး  ရုံးစာကြည့်တိုက်မှ စာအုပ်များအားဖတ်ရှုပြီး နှစ်ပတ်လျှင် တစ်ကြိမ် စာပေစကား ဝိုင်းဆွေးနွေးပွဲကို  မုံရွာမြို့နယ်တာဝန်ခံရုံးမှ ဒေါ်တိုးတိုးချွန် (ဦးစီးအရာရှိ) က  စာရေးဆရာ နန္ဒသိန်းဇံ၏ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းအကြောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ပပဝင်း (အငယ်တန်းစာရေး) က စာရေးဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ၏ဝတ္ထုတိုများအကြောင်းတို့ကို    အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းက EC၊ CEC များ၊ ညီနောင်အသင်းများနှင့်တွေ့ဆုံဆွေးနွေး

    ကရင်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ (၂) ၌ ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက EC၊ CEC များ၊ ညီနောင်အသင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     တွေ့ဆုံပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားရာတွင် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်ခြင်းအပေါ် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်တင်ပို့ရောင်းချပြီး အခြားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ဒေသထွက်ကုန်ကြမ်းများကို သွင်းကုန်အစားထိုးကုန်ပစ္စည်းအဖြစ် ထုတ်လုပ်မှုများလုပ်ကိုင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ကုန်သွယ်မှုအနေအထားအရ သွင်းကုန်လျှော့ချ၍ ပို့ကုန်တိုးမြှင့်နိုင်ရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများက အမှန်တကယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းနှင့် မိမိတို့လုပ်ငန်းရှင်များကလည်း အချင်းချင်းစည်းလုံးညီညွှတ်စွာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင်ပြည်နယ်အတွင်းရှိ MSMEs အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက SMEs လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင် အသင်း၊ စုစုပေါင်းအသင်း (၃၀) သင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ပပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲအား ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ တောင်ကြီး (SSSCCI) တွင် ကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့မှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး (Export Promotion Task Force) အဖွဲ့က ကြီးမှူးကျင်းပသော ပြည်ပပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကို (၁၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး (SSSCCI) တွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးမိုးသွယ်၊ ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ရှိ စီးပွားရေးအသင်းအဖွဲ့များ၊ သီးနှံအစုအဖွဲ့များ၊ လုပ်ငန်းရှင်များတက်ရောက်ကြပါသည်။

   ပြည်ပပို့ကုန်တိုးမြှင့်တင်ပိုမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးအသင်းအဖွဲ့များ၊ သီးနှံအစုအဖွဲ့များ၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်နှင့် အခက်အခဲများကိုတင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

သီပေါမြို့၊ နောင်ကော်ကြီးကျေးရွာတွင် နာနတ်သီးအသင်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   သီပေါမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက သီပေါမြို့၊ နမ့်ရမ်းကျေးရွာအုပ်စု၊ နောင်ကော်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၆-၆-၂၀၂၃) ရက်‌နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နောင်ကော်ကြီးကျေးရွာရှိ နာနတ်သီးအသင်းအဖွဲ့မှ ဒေသခံအသင်းသား (၄၀) ယောက်တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

     အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းဦး၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရတနာဝင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မြပွင့်ဖြူတို့က မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကိုဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဒေါ်လင်းလင်းထွန်းက  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ DOCA Myanmar Application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း Consumer Call Center No. (၁၅၃၅) နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာကိစ္စများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

   တက်ရောက်လာသူများ၏မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(ရှမ်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် (၉.၆.၂၀၂၃) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုံရပ်ကွက်ရှိ ဒေါ်လှလှမော် ကုန်စုံဆိုင်နှင့် ဒေါ်မိကောက်ကုန်စုံဆိုင်(၂)ဆိုင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ ကိုက်ညီခြင်း ရှိ/ မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် Monkey အမှတ်တံဆိပ်ပါ အသင့်သောက်လက်ဖက်ရည်နှင့်  NuNaNuNa အမှတ်တံဆိပ်ပါ မာလာမောက်ချိုက် ခေါက်ဆွဲခြောက်တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက် စသည့်အချက်များအား ကုန်အညွှန်းအမှတ်အသားအဖြစ် ထည့်သွင်းဖော်ပြထားရှိခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ