Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အ.မ.က မုရစ်ကြီး(အရှေ့)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၈-၁၁-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ အ.မ.က မုရစ်ကြီး(အရှေ့)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့သည်။

  အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Mobile စာကြည့်တိုက်၊ နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့်ပတ်သက်သည့် အကြောင်းအရာကိုလည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် ဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၁၄၄) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်အတွင်းရှိ သောက်ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁၁-၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ရေသန့်လုပ်ငန်းများမှာ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရှိ/မရှိ၊ သောက်ရေသန့်ဘူးများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိမှသာရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းခြင်းဆိုင်ရာဖော်ပြချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ လိုက်နာမှုမရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show)ကို (၉-၁၁-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

     ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချသည့်အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့တွင် စတင်၍အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

အ.ထ.က (ခွဲ) ကျိုက်မရောကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်ပညာရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁၁-၂၀၂၃) ရက်နေ့တွင် အ.ထ.က(ခွဲ) ကျိုက်မရောကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုးသန္တာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် ဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၁၀၂) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

MSMEs လုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ်က ကွင်းဆင်းကြည့်ရှုစစ်ဆေး

    မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ (၉-၁၁-၂၀၂၃) ရက်နေ့တွင် MSMEs လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုအခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်က ကွင်းဆင်းကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့သည်။

    ထိုသို့ ကွင်းဆင်းလေ့လာရာတွင် မော်လမြိုင်မြို့၊ လမုတန်းရပ်၊ ကမ်းနားပိုင်းရှိ Export Quality အဆင့်မီဆန်များထုတ်လုပ်မည့် တစ်နေ့လျှင် တန် (၆၀) ထုတ်လုပ်နိုင်သော “ရွှေမြိုင်” ခေတ်မီအဆင့်မြင့်ဆန်စက်သို့ရောက်ရှိပြီး ဆန်စက်တည်ဆောက်နေမှုအခြေအနေ၊ သိုလှောင်ရုံများတည်ဆောက်မည့်အစီအစဉ်၊ ဆိပ်ခံတံတားဆောက်လုပ်မည့်အစီအစဉ်များအား လေ့လာကြည့်ရှုခဲ့သည်။

   အဆိုပါ ဆန်စက်တည်ဆောက်ပြီးပါက မွန်ပြည်နယ်အတွက် ပို့ကုန်အလားအလာရှိသော Export Quality အဆင့်မီ အရည်အသွေးမြင့်ဆန်များကို ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

DOCA(မွန်)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်

     မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၈-၁၁-၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးကလည်း  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

  ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း(၃)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ အုတ်ဖိုလ်ကျင်းရပ်ရှိ “ထာဝရ” ရေသန့်စက်ရုံနှင့် “မိုးသောက်နှင်း” ရေသန့်စက်ရုံထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင်  စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစိစစ်ရာ “ထာဝရ”ရေသန့်နှင့် “မိုးသောက်နှင်း”ရေသန့်တို့မှာ  ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားကြောင်းနှင့် FDA ၏ ထောက်ခံချက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းတို့ထုတ်လုပ်သောကုန်စည်များ၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများသို့ ကုန်အညွှန်အမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍  မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများသို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားပါရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်များသည် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး အလေးထားဆောင်ရွက်ထားကြပြီး ကျန်းမာရေးနှင့် ညီညွတ်သော‌ သောက်ရေသန့်ရရှိစေရေးနှင့် လုပ်ငန်းရှင်များလိုက်နာကျင့်သုံးရမည့်အချက်များနှင့် လိုအပ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တက်ရောက်

 ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting စနစ်ဖြင့် (၁၁-၁၁-၂၀၂၃)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊အစည်းအဝေး ခန်းမ(၃)၌ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ကျင်းပခဲ့ကြောင်း သိရသည်။ 

 အဆိုပါ အစည်းအဝေးတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ကဦးဆောင်ကျင်းပ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး၊ အသင်းအဖွဲ့များခိုင်မာအားကောင်း၍ သက်ဝင်လှုပ်ရှားမှုရှိစေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီး Online မှ Virtual စနစ်ဖြင့် တက်ရောက်သော တိုင်းဒေသကြီး/ပြည်နယ်များမှ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများက ဒေသတွင်း အသင်းအဖွဲ့များဖွဲ့စည်း ထားရှိမှုအခြေအနေများ၊ သက်ဝင်လှုပ်ရှားမှုအခြေအနေများ၊ သီးနှံဇုန်များ၊ ကုန်စည်ဒိုင်များ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ Website နှင့် Commerce Journal နှင့် နိုင်ငံပိုင်သတင်းစာတို့တွင် သတင်းရေးသားဖော်ပြမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပါသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ညနေ (၁၇:၁၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ပြည်တွင်း ဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ပြည်တွင်းဌာနခွဲ နှင့် သတင်းအချက်အလက်ဌာနခွဲမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်နယ်ဦးစီးမှူးများ၊ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

                                                         

HONEYအမှတ်တံဆိပ် မျက်နှာသစ်ဆပ်ပြာခဲအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၊ နေ့လယ်(၁၃ꓽ၀၀)အချိန်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ရှိ HONEYအမှတ်တံဆိပ် မျက်နှာသစ်ဆပ်ပြာခဲအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

      ထိုသို့စစ်ဆေးရာတွင် HONEYအမှတ်တံဆိပ်မျက်နှာသစ်ဆပ်ပြာခဲသည် စားသုံးသူကာကွယ် ရေး ဥပဒေအခန်း(၁၈) ပါ“ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက်စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အားစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်း လိုင်စင်နှင့်ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ