Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင်ကျင်းပပြုလုပ်သော စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတို့က ဆောင်ရွက်လျက်ရှိသည့် စာရင်းဇယားအချက်အလက်များနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာရင်းဇယားများကွာဟမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်၊၊

       အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူးနှင့်အတူ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့တက်ရောက်ခဲ့ကြပြီး အဆိုပါတာဝန်ခံများကလည်း လုပ်ငန်းပိုင်းဆိုင်ရာစာရင်းဇယားများညှိနှိုင်း၍ ရုံးချုပ်၏ညွှန်ကြားလာမှုများအပေါ် ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၁ရက်နေ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စည်ပင်သာယာရေးအဖွဲ့ သက်ဆိုင်ရာအဖွဲ့ဝင်များနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်၊၊

      လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန်လျှောက်ထားသည့် ကွင်းဆင်းစစ်ဆေးပြီးသော လုပ်ငန်း ၃ခုဖြစ်သော ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ရှိ ဦးခင်ဇော်နိုင်၏ အကြီးစားအစားအစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်နေ ဦးကျော်ကျော်နိုင်၏ အလတ်အစားရော်ဘာနှင့် ပလတ်စတစ်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ မအူပင်မြို့၊ မလက်တိုကျေးရွာနေ ဦးမင်းနိုင်ဦး၏ အငယ်စားစက်နှင့်စက်ပစ္စည်းကိရိယာမှအပ သတ္တုသန့်စင်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတို့အား ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေပုဒ်မ (၂)၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မ (၄)၊ ပုဒ်မခွဲ(က) တို့နှင့်အညီ စက်မှုလုပ်ငန်းမှတ်ပုံတင်ရန် လျှောက်ထားလာသော ဥပဒေပုဒ်မ (၁၁)၊ ပုဒ်မခွဲ( ဂ) အရ လိုအပ်သော အချက်အလက်များနှင့်ကိုက်ညီမှုရှိသဖြင့် တိုင်းဦးစီးမှူး၏ ထောက်ခံတင်ပြလာသည့်အပေါ်  အဖွဲ့ဝင်ဌာနဆိုင်ရာများက စိစစ်ခဲ့ပြီး ထောက်ခံကြောင်း သဘောထားမှတ်ချက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)  

အင်္ဂပူမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၂၀၀ဦး အား (၁၉-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်များပေါ်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသောမုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်ရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  မြန်အောင်မြို့နယ်၊ မြို့မနေခြည်ဈေးအတွင်းရှိ မုန့်ဆိုင်များအား (၁၉-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကုန်မျိုးစုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကြံခင်းမြို့နယ်ရှိ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာအုပ်စုရှိ အုပ်စုခန်းမ၌ မုန့်ဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီးနောက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် Call Centre Np.(1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်ရှိ SMEs ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၂၃-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာရှိ ထန်းလျက်လုပ်ငန်းရှင်များအား SMEs ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ရှိထုတ်လုပ်နေသောကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်ပုံနည်းစနစ်၊ ရင်းနှီးမြှပ်နှံမှုအခြေအနေနှင့် အကျိုးအမြတ်၊ လုပ်သားအင်အား၊ သန့်ရှင်းမှု၊ သတ်မှတ်ထားသော စံချိန်စံညွှန်းမီစေရေးတို့ကိုဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ဘက်ကလည်း ဝယ်လိုအား၊ ရောင်းလိုအားအပေါ်မူတည်၍ ထုတ်လုပ်မှုအနည်းအများရှိခြင်းနှင့် စားသုံးသူများအန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတခရိုင်ရှိ ဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲ

    စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးသည် တာငါးဆယ်(မ)ရပ်ကွက်၊ ဈေးကလေး လမ်း၊ ခရိုင်ဦးစီးမှူးရုံး၌ ဆီလုပ်ငန်းရှင်(၅၀)ဦးအား (၂၄.၁၂.၂၀၂၃) ရက်နေ့ ၊နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များဘက်မှလည်း သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ဟင်္သာတမြို့ ပဒေသာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား (၁၇.၁၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေတာရှည်မြို့နယ် ပြန်ဆက်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော် ထွေး သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပြောကြားပါသည်။

       အခမ်းအနားတွင် မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုကို တိုင်ကြားနိုင်ခြင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေ ရေးအတွက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

         ဆက်လက်၍ တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် ရေတာရှည် မြို့မှ စာပေဝါသနာရှင် ၈ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်မှ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

         စားသုံးသူ‌ရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒီဇင်ဘာလ၂၂ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပ ပြုလုပ်သည့်  တောင်ငူခရိုင်မှ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာများကို ရှင်းလင်းပြောကြားပါသည်။

        အခမ်းအနားတွင် တောင်ငူခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌ ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးငြိမ်းမင်းအောင်က မုန့်ဖတ်ခြောက် လုပ်ငန်းများ ထုပ်ပိုးမှုစနစ် အဆင့်မြှင့်တင်ရေးနှင့် Online စနစ်ဖြင့် FDA ထောက်ခံချက် လျှောက်ထားခြင်း အကြောင်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။

        ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက် များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြရန်ကိုလည်းကောင်း၊ ထုတ်ကုန် များ ဈေးကွက် ရှာဖွေဖော်ထုတ်ရာတွင် ကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။

       ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင် တို့က သက်ဆိုင်ရာ ဦးစီးဌာနများအလိုက် လုပ်ငန်းလိုင်စင်များလျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

       ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲ သို့ တောင်ငူခရိုင်အတွင်းရှိ မုန့်ဖတ်ခြောက်လုပ်ငန်းရှင် ၁၃ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ