Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့ စားသုံးသူကာကွယ်ပေးရေး ပြည်သူအသိပညာပေး ဟောပြောဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မြို့နယ်ရှိ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည်(၂၅.၅.၂၀၂၃) ရက်နေ့ နံနက် (၀၉:၄၅) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဓနုဖြူမြို့နယ် ထီကွေ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ပြည်သူ(၁၅)ဦးအား စားသုံးသူ ကာကွယ်ရေးရာအသိပညာပေးဟောပြောခြင်းကို တိုင်းရင်းဆေးပညာဦးစီးဌာန၊ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်၊ စားသုံးသူဖြစ်စဉ်၊ စီးပွားရေးလုပ် ငန်းစဉ်ဖြစ်စဉ်၊ ကုန်စည်/ ဝန်ဆောင်မှု၏ ဆိုလိုရင်း အဓိပ္ပယ်၊ ကုန်သွယ်မှု၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံမှု၊ ကုန်အညွှန်းအမှတ်အသား၊ ဘေးအန္တရာယ် ရှိသော ကုန်စည်၊ စသည့်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)၏ အမည်နှင့် အဓိပ္ပယ်ဖွင့်ဆိုချက်များကို သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးပြီး၊ ကုန်စည်တစ်ခုတွင် ကုန်အညွှန်းအမှတ်အသား ကုန်အမှတ် တံဆိပ်ပါဝင်သော၊ ထုတ်လုပ် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သူ ၏လိပ်စာ၊ လုပ်ငန်းအမည်နှင့် လိပ်စာ၊ ကုန်ကြမ်းပါဝင်မှု အမျိုးအမည်၊ ပမဏ၊ ပါဝင်မှုအချိုးအစား စသည့်အချက်များကိုဝယ်ယူသုံးစွဲရန်၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူတို့သည် ကုန်စည်တစ်ခုကြောင့် နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင်ချက်များကို doca.gov.mm website တွင်ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း ဟောပြောရှင်းလင်းခဲ့ပြီး ပြည်သူများမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၂၉.၅.၂၀၂၃)ရက်နေ့ နေ့လည် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်အလယ်ပိုင်းရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း” များကို နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပါ အခန်း(၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်အကြောင်းကို ရှင်းလင်းပြီး ပြည်သူတိုင်းသည် စားသုံးသူဖြစ်၍ စားသုံးသူတိုင်း ပြည်သူဖြစ်သောကြောင့် စားသုံးသူများက မိမိတို့၏ စားသုံးသူအခွင့် အရေးများကို သိရှိထားရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုရှိလာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဆက်သွယ်လေ့လာဆောင်ရွက်နိုင်သည့် ဖုန်းနံပါတ်၊ လိပ်စာများ၊  ကုန်စည်တစ်ခုတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်သော အချက်များပါမှသာ ဝယ်ယူအသုံးပြုကြရန်၊ ဈေးကွက်အတွင်း ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းစေရန် စစ်ဆေးရေးအရာရှိများမှ လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိသောကြောင့် စားသုံးသူများက စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များကိုသိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့၊ မဈေးကြီးအတွင်း ရောင်းချနေသောအလှကုန်ဆိုင်များမှ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ မြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်(၅)ဆိုင်သို့သွားရောက်၍ ကောင်းမွန်သော အလှကုန်များရောင်းချမှုနှင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်မှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး ဦးအောင်ဇော်ဦးက မအူပင်မြို့၊ မြို့မဈေးကွက်အတွင်း ရောင်းချနေသောဆေးဝါးများ၊ စိုက်ပျိုးရေးသုံးမျိုးစေ့နှင့် ဓာတ်မြေဩဇာများ၊ စားသောက်ကုန်များ၊ အလှကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ လစဉ် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း၊ ယခုအခါ အလှကုန်ပစ္စည်များ၏ အညွှန်းအမှတ်အသားဖော်ပြချက် (label) တွင် အလှကုန်ပစ္စည်းဓာတုများနှင့် ဆိုးကျိုးများ၊ အလှကုန်ပစ္စည်း၏ဘေးထွက်ဆိုးကျိုးများ၊ အသားအရေအတွက်အန္တရာယ်ရှိသောအလှကုန်များနှင့်ပတ်သက်၍ သိရှိနားလည်ဖတ်ရှုရွေးချယ်ဝယ်ယူအသုံးပြုနိုင်စေရန် သက်ဆိုင်ရာဌာနတို့၏သတ်မှတ်ထားသည့်  မြန်မာဘာသာဖော်ပြချက်ပါဝင်သောအလှကုန်များကိုရောင်းချရန် လုပ်ငန်းရှင်များကလည်း သတ်မှတ်ချက်များကိုလိုက်နာဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ထောက်ခံချက်၊ ခွင့်ပြုချက်ပါဝင်သောအလှကုန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သက်မှတ်ချက်များပါဝင်သောအလှကုန်များကိုသာရောင်းချရန်၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေမည့်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်ပစ္စည်းများရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရလည်း အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၅-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

 အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ရည်ရွယ်ချက်အကြောင်းကို ရှင်းလင်းပေးပါရန်တင်ပြလာ၍  မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်(၈)ချက်ရှိကြောင်း၊ အမှတ်စဉ်(က)အရ စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိနိုင်စေရန်၊ (ခ) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်၊ (ဂ) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန် ရှင်းလင်းသည့်သတင်းအချက်အလက်များဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန်၊ (ဃ) စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သောအရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊ (င) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်ကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်၊ (စ) စားသုံးသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကိုသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသောနစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ (ဆ) စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးမှုများ၊ ထိန်းကျောင်းမှုများဆောင်ရွက်ပေးနိုင်ရန်နှင့် ယင်းအဖွဲ့များ အားကောင်းခိုင်မာမှုရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊ (ဇ) စားသုံးသူတို့ကို ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှုများလုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး ဆက်လက်၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ကြုံတွေ့ရသည့်အခါ တိုင်ကြားနိုင်သည့်နည်းလမ်းများကို ပြည်သူများသိရှိနိုင်ရန်အတွက် ရှင်းလင်းပေးရန်မေးမြန်းလာသဖြင့် စားသုံးသူများနစ်နာဆုံးရှုံးမှုကြုံတွေ့ရသည့်အခါ တိုင်ကြားနိုင်တဲ့နည်းလမ်းများမှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်လှုပ်ရှားမှုများကို doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center (1535) သို့တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ Play Store တွင် Mobile App၊ Download ရယူပြီး တိုင်ကြားနိုင်ကြောင်း၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မည်သည့်အခြေအနေမျိုးတွင် တိုင်ကြားရမည်လဲဟု မေးမြန်းရာ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ဂုဏ်သိက္ခာဖြစ်စေ၊ အမည်ဂုဏ်သတင်းပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ၊ ဥပဒေနှင့်မညီသည့် ထိခိုက်နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း ပြည်သူများသိရှိရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြည့်စွက်ပြောကြားရန်ရှိပါက ပြောကြားပေးစေလိုကြောင်း၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဖြည်စွက်ပြောကြားရမည်ဆိုလျှင် ပြည်သူတိုင်းသည် စားသုံးသူဖြစ်သဖြင့် စားသုံးသူတိုင်းသည်လည်း ပြည်သူဖြစ်ကြောင်း၊ ယခုခေတ်ကာလအနေဖြင့် ပြည်သူများသည် အင်တာနက်အသုံးများလာ၍ Online Shop ကုန်စည် ဝယ်မှုများလာကြပြီး ကြော်ငြာထားသောကုန်စည်များမှာ အမှန်တကယ်မှာယူသည့်အခါ  ကုန်ပစ္စည်းအရည်အသွေးကွဲလွဲနေ၍ Online Shop ပစ္စည်းများကို အထူးသတိပြု၍ ဝယ်ယူအသုံးပြုကြပါရန် သတိပေးပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မေလ (၃၁)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ပါဆံကျကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

    ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသောအစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ဟောပြောရှင်းလင်း ပြသခဲ့ပါသည်။

DOCA(ရှမ်း)

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)ကျင်းပပြုလုပ်ခဲ့ခြင်း

     ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ မေလ(၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

     အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

DOCA(ကယား)

ဖျာပုံမြို့နယ်ရှိ ကျားပိုက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့သည် (၂၄-၅-၂၀၂၃) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင်    ဖျာပုံမြို့နယ်ကျားပိုက်လုပ်ငန်းရှင်(၂၅)ဦးအား  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့်     ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များကို ဟောပြောပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိသည့် အရည်အသွေးမီသောစားသောက်ကုန်များကို သုံးစွဲနိုင်ရေးအတွက် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် သတ်မှတ်ချက်များပါရှိသောကုန်စည်နှင့်အစားအသောက်များ၊ တားမြစ်ဓာတုဆိုးဆေးနှင့်တာရှည်ခံဆေး၊ ပိုးသတ်ဆေးအန္တရာယ်အကြောင်းများ၊ ဌာနအနေဖြင့် စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဆိုရှယ်မီဒီယာ Facebook အသုံးပြု၍ မျက်စိဆေးများ ရောင်းချခြင်းရှိ/မရှိအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၂၃-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိ  ဆေးဝါးအရောင်းဆိုင်များသို့ ဆိုရှယ်မီဒီယာ Facebook အသုံးပြု၍ မျက်စိဆေးများရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဆိုရှယ်မီဒီယာ Facebook အသုံးပြု၍ “Aung Lay” အမည်ဖြင့် Account မှ “မျက်စိကျန်းမာရေးနှင့်ရောဂါ၊ မျက်စိကျန်းမာရေးနှင့်ရောဂါ(၁)၊ မျက်စိကျန်းမာရေးနှင့်ရောဂါ(၂)၊ မျက်စိကျန်းမာရေးနှင့်ရောဂါ(၃)၊ မျက်စိကျန်းမာရေးနှင့်ရောဂါ-ပရဟိတအသင်း” စသည့်အမည်များဖြင့် Facebook Page များတွင် ဆေးများ၊ မျက်မှန်များနှင့် မျက်ကပ်မှန်များရောင်းချမှုမရှိပါကြောင်း ဆေးများတွင်ပြည်တွင်းရှိ  ပုံနှိပ်တိုက်တစ်ခု၌ ဘူးခွံများ Printing လုပ်ထားသောဆေးများမပါရှိပါကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပေးသည့် ထောက်ခံချက်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များသာပါရှိသည်ဟု သတင်းရရှိပါသည်။  

DOCA(ဧရာဝတီ)

မှော်ဘီကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ မေလ(၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များ၊ မည်သည့်စီးပွား ရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားများအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို ဟောပြောပြီးနောက်   မြို့နယ်တာဝန်ခံက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိသည့် အရည်အသွေးမီသောစားသောက်ကုန်များကို သုံးစွဲနိုင်ရေးအတွက် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် သတ်မှတ်ချက်များပါရှိသော ကုန်စည်နှင့်အစားအသောက်များ၊ တားမြစ်ဓာတုဆိုးဆေးနှင့်တာရှည်ခံဆေး၊ ပိုးသတ်ဆေးအန္တရာယ်အကြောင်းများ၊ ဌာနအနေဖြင့် စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိ ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

   မကွေးတိုင်းဒေကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် (၂၄-၅-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ Talk Show တွင် ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးသန်းမြင့်က Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက်  စားသုံးသူရေးရာဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းက စားသုံးသူများသည် အစားအသောက်ဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အခန်း(၁၈)၊ ဥပဒေပုဒ်မ(၄၁)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၌ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းဖော်ပြထားသည့်အချက်များကို ကြည့်ရှုပြီး ရွေးချယ်စားသောက်သင့်ပါကြောင်း၊ အခန်း(၁၁)၊ ဥပဒေပုဒ်မ(၂၃)တွင် ပြဋ္ဌာန်းထားသည့်ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်နှင့် အခန်း(၁၃)၊ ဥပဒေပုဒ်မ(၂၆)တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူများအား ဝန်ဆောင်မှုပေးခြင်းအပေါ် စီးပွားရေးလုပ်ငန်းရှင်က အာမခံပေးခြင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ အခန်း(၁၂)၊ ဥပဒေပုဒ်မ(၂၄)နှင့် အခန်း(၁၄)၊ ဥပဒေပုဒ်မ(၂၇)တို့အရ စားသုံးသူများက အာမခံပေးထားမှုအပေါ် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်ပါက တောင်းဆိုနိုင်သည့်အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ