Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်၌ စားသုံးသူအသိပညာပေး Talk Show ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်း၍သော်လည်းကောင်း၊ Online မှတစ်ဆင့်သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     Online မှတစ်ဆင့်အသိပညာပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show များဟောပြောဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါ အသိပညာပေး Talk Show ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက Online Salse လုပ်ကိုင်သူများအနေဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို အောက်တိုဘာလ(၂) ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ Online Salse မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့လျှင် တာဝန်ရှိသူများနှင့် မှတ်ပုံတင်ဆောင်ရွက်ရမည့် Online Salse လုပ်ကိုင်သူများသိရှိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

  ၂၆.၁၀.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ခဲ့ပြီး သီတင်းကျွတ်ဂါရဝပြုပွဲနှင့် ဗလာမပါကံစမ်းမဲအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အခမ်းအနားတွင် ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်ကြရန်၊ လျာထားချက်များကို ပြည့်မီအောင် ဆောင်ရွက်ကြရန်၊ လုံခြုံရေးအထူးဂရုပြုကြရန်၊ သီတင်းကျွတ်အချိန်အခါတွင် ဝန်ထမ်းများ ပျော်ရွှင်ကြရန် ယခုကဲ့သို့ ဗလာမပါကံစမ်းမဲအစီအစဉ်ကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် စည်းကမ်းရှိကြရန်၊ မိမိရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်၊ ရုံးဝတ်စုံများ ဝတ်ဆင်ရာတွင်လည်း ရင်ထိုးတံဆိပ်ပြည့်စုံစွာစနစ်တကျဝတ်ဆင်ကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ဌာနခွဲတာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးတင်ပြခြင်း၊ ဝန်ထမ်းတစ်ဦးချင်းမှ ဆွေးနွေးတင်ပြခဲ့ကြပါသည်။

   ထို့နောက် ဝန်ထမ်းများမှ ပြည်နယ်ဦးစီးမှူးအား သီတင်းကျွတ်ဂါရဝထားကာ ကန်တော့ခဲ့ပြီး ဗလာမပါကံစမ်းမဲအစီအစဉ်ကို စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။         

DOCA(မွန်)

နွေစပါး/ ဆောင်းသီးနှံ စိုက်ပျိုးရေးစီမံကိန်း တာဝန်ပေးအပ်ခြင်းနှင့် ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနား

    ၂၆.၁၀.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံသည် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည့် သထုံမြို့ နွေစပါး/ဆောင်းသီနှံ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သထုံမြို့နယ်အတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ နေကြာတိုးမြှင့်စိုက်ပျိုးမှုအခြေအနေများနှင့် နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးနည်းပညာရပ်များနှင့် ကူညီထောက်ပံ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

  ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်း ဆီးထွက်သီးနှံ နေကြာစိုက်ပျိုးကြမည့်တောင်သူများထံ ရေဆင်းစပ်မျိုးနေကြာမျိုးစေ့များကို ဖြန့်ဖြူးပေးရာ ကျေးရွာအလိုက် ကိုယ်စားလှယ်တို့က လက်ခံရရှိယူခဲ့ကြသည်။

   သထုံမြို့နယ်အတွင်း ယခုနှစ်ရာသီတွင် ဆီထွက်သီးနှံနေကြာဧကပေါင်း ၁၀၀၀ စိုက်ပျိုးရန် လျာထားပြီး အဆိုပါအခမ်းအနား၌ တစ်ဧကလျှင် မျိုးစေ့တစ်အိတ်နှုန်းဖြင့် ဧကပေါင်း ၅၀၀ အတွက် ဖြန့်ဖြူးပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ဧက ၅၀၀ ကိုလည်း ထပ်မံဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ဘားအံတွင်ကျင်းပ

   ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၇-၁၀-၂၀၂၃ရက်နေ့၊ နေ့လယ် ၁၄:၀၀နာရီအချိန်၌  စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့  ပူးပေါင်း၍  အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်းဦးစီးမှူး ဒေါ်စိုးစိုးအေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို  Online Shopping စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် Online Shopping နှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များအကြောင်း၊ ကရင်ပြည်နယ်အတွင်း တိုင်ကြားမှုနှင့်ပတ်သက်၍ ငွေရေးကြေးရေး ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ Wifi အင်တာနက်ပြတ်တောက်သည့် ဝန်ဆောင်မှု ရှိခဲ့များနှင့် Online Shopping ပတ်သက်၍ တိုင်ကြားလာမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး Online Shopping နှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူပြည်သူများအနေဖြင့် Online မှ  ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ အကြောင်းကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကာ Onlineဝန်ဆောင်မှုများနှင့် ပတ်သက်၍  စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

DOCA(ကရင်)

ကန့်ဘလူမြို့၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌  ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ကန့်ဘလူမြို့မဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပျက်ပြားစေမည့် ကိစ္စရပ်များကိုပြုလုပ်ပါက ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်မြို့နယ်ရှိ ကျေးရွာ‌နေပြည်သူများအား အခြေခံစားသောက်ကုန်များဈေးကားဖြင့် ရောင်းချပေးလျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်စိုင်ခြံကျေးရွာ အုပ်စုအတွင်းရှိ ၊ စိုင်ခြံကျေးရွာနှင့် ကညင်ကုန်းကျေးရွာများရှိ ဒေသခံပြည်သူများအား တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ ဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၄၈၀၀ ဈေးဖြင့် ဆီ ၅၅၀ ပိဿာ၊ မြို့နယ်ဆန်ကုန်သည် နှင့်ဆန်လုပ်ငန်းရှင်များအသင်းမှ ဆန်တစ်ပြည်လျှင် ကျပ် ၂၅၀၀ ဈေးဖြင့် ဆန် ၁၀ အိတ် ၊ ဆားတစ်ပိဿာလျှင် ၃၀၀ ကျပ်ဈေးဖြင့် ဆားပိဿာ ၂၀၀ အား ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စု ၅၅၀ စုအတွက် ရောင်းချပေးခဲ့ရာ တိုင်းဆားလုပ်ငန်းဦးစီးဌာနနှင့်အတူ စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင် ၊ မြို့နယ်တွင်း ဒေသခံပြည်သူများအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့

     ပုသိမ်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ ၊ နံနက်ပိုင်း ပုသိမ်မြို့နယ် ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ရွာသစ် ၊ ကုန်းသာယာ ၊ ထန်းကုန်း ၊ လက်ခုတ်ပင် ၊ ကွင်းပေါက် ၊ ညောင်ကုန်းအတွင်းရှိ ကျေးရွာနေ ဒေသခံ အိမ်ထောင်စု (၅၅၀) အတွက် အခြေခံ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ (၁) ပိဿာလျှင် ကျပ် (၅၂၀၀) ဈေးနှင့် စားအုန်းဆီ (၅၅၀) ပိဿာ ၊ မြို့နယ်ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်အသင်းမှ ဧည့်မထဆန် (၁) ပြည်လျှင် ကျပ် (၂၅၀၀) နှုန်းဖြင့် ဆန် (၁၀) အိတ် ၊ ဆားလုပ်ငန်းဦးစီးဌာနမှ ဆား (၁) ပိဿာ လျှင် ကျပ် (၃၀၀) ဈေးဖြင့် ဆားပိဿာ (၁၀၀) အား ဈေးကားဖြင့် ရောင်းချပေးခဲ့ရာ ကျေးရွာနေ ပြည်သူများမှ ပြည်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံတို့မှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Thursday Talk ကျင်းပပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ၁၉.၁၀.၂၀၂၃ ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောပွဲ ဆွေးနွေးခြင်း (၁၀/ ၂၀၂၃) Thursday Talk ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲက ဒေါ်စန္ဒာအောင် ၊ အကြီးတန်းစာရေးသည် ဌာနခွဲ၏ နေ့စဉ် ၊ လစဉ်ဆောင်ရွက်ချက်များ ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ချက်များနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm သို့ ဝင်ရောက်ပုံ အဆင့်ဆင့်များနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁၆/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၆-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁၆/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၁) ဦးတက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် အကြီးတန်းစာရေး ဒေါ်ပြည့်ဖြိုးဝေက ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ အသုံးပြုသည့် ဈေးကွက်စောင့်ကြည့်ပုံစံဖြည့်သွင်းခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မအူပင်ခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  (၁၉.၁၀.၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၂)ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် မအူပင်ခရိုင်မှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရုံးအကူမှူး ဒေါ်သင်းသင်းထွေးမှ စားသုံးသူရေး ရာဌာနခွဲတွင် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရိုင်ဦးစီးမှူးက အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ကူညီလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ အခန်း(၁)မှ အခန်း(၄)ထိ ဆွေးနွေးခဲ့ရာ ဥပဒေ၏အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်များ၊ ပုဒ်မ-၂ ပါ အဓိပ္ပာယ် ဖော်ပြချက်များမှ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးခြင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသား၊ ဘေးအန္တရာယ်ရှိသောကုန်စည် (သို့) ဝန်ဆောင်မှုစသည့် ပုဒ်မ(၂)ပါအချက်များ၊ အခန်း(၂)တွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်(၈)ရပ်၊ အခန်း(၃)တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဖွဲ့စည်းပုံနှင့် ကော်မတီတွင် ဖွဲ့စည်းရမည့်အဖွဲ့ဝင်ဦးရေ ကော်မရှင်ဥက္ကဌ၏ တာဝန်များ၊ နိုင်ငံဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များ၏ခံစားခွင့်များ၊ အတွင်းရေးမှူး၏ တာဝန်များနှင့် အခန်း(၄)တွင် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးမှ လိုအပ်ချက်များကို ဖြည့်စွက်အသိပညာပေး သင်ပြခဲ့ပြီး လူငယ်များအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ အထက်ဌာနမှ အချိန်နှင့်တပြေးညီ လမ်းညွှန်ချက်များကို လေးစား လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ထပ်ဆင့်ရှင်းလင်းပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၄း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ