Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာမြို့ရှိ “ 3 Stars ” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “3 Stars” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   “3 Stars” မုန့်လုပ်ငန်းကို ၂၀၁၃ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့ကြောင်း၊ မုန့်အမျိုးအစား (၆)မျိုးကျော်ထုတ်လုပ်ပြီး မုန့်အစိုများကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မုံရွာမြို့ပေါ်ဈေးရပ်ကွက်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ကိတ်ခြောက်များကို မန္တလေးမြို့သို့အများဆုံးတင်ပို့ပြီး မန္တလေးမြို့မှတစ်ဆင့် တစ်နိုင်ငံလုံးသို့ဖြန့်ချိပေးပါကြောင်း၊ လက်ရှိဝန်ထမ်းအင်အား(၄၀)ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်းဆွေးနွေးသိရှိခဲ့ရပြီး စက်မှုလုပ်ငန်းသုံးဆီများကိုလည်း လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲရန်လိုအပ်ကြောင်း ဆွေးနွေးရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောသောက်ရေသန့်များကို ဝယ်ယူသောက်သုံးနိုင်ရန်အတွက် (၇-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်များထံသို့သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော သောက်ရေသန့်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်းထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သေက်ရေသန့်များရောင်းချသည်ကိုစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုအသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော  ဆေးနှင့်ဆေးပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သုံးစွဲရန်မသင့်ဟုထုတ်ပြန်ထားသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း (သို့) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

                            

ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၇-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆရာ၊ ဆရာမ(၃)ဦး၊ Grade-4 ကျောင်းသား၊ ကျောင်းသူ(၈၄)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

  ဦးစီးမှူး ဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရာတွင် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ငွေကြေးပိုင်းဆိုင်ရာဖြစ်စေ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

  ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်ကလည်း ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခွင့်အရေးနှင့်တာဝန်များကိုသိရှိမှသာ ရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်မလာနိုင်ကြောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားခွင့်၊ အလျော်အစားရပိုင်ခွင့်နှင့်ကုစားခွင့်တို့ကို   ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

  ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်ကို ကျောင်းသား၊ ကျောင်းသူများအလွယ်တကူ နားလည်နိုင်စေရန်အတွက် နမူနာမုန့်များဖြင့်ရှင်းလင်းပြသ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော စားသောက်ကုန်နှင့် သတ်မှတ်ချက်နှင့်မညီသည့် အစားအသောက်တို့ကိုခွဲခြားတတ်စေရန်နှင့် စားသုံးသူရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535) ဖွင့်လှစ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ၎င်းနောက် အသိပညာပေးဟောပြောဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့်အကြောင်းအရာများကို အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူများအား အမှတ်တရဆုများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်များထံသို့သွားရောက်တွေ့ဆုံ၍ အသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ပခုက္ကူမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို သိရှိလိုက်နာဆောင်ရွက်တတ်လာစေရန်၊  စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာ၌ စိတ်ချယုံကြည်မှုရရှိလာစေရန်အတွက် ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၆-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော ဘယာလုံးကြော်နှင့် ကြူကြူဝါးလား၊ ပုန်းရည်ကြီး၊ ငံပြာရည်ထုတ်လုပ်သည့်လုပ်ငန်းရှင်များထံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

 ဆွေးနွေးပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။

  ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကသတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေသည့်ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း (သို့) သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ရန်နှင့် အာမခံပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရန်စသည့်အချက်များမှာ မိမိတို့၏တာဝန်များဖြစ်သောကြောင့် တိကျစွာ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ကြောင်း၊ မိမိတို့ဌာနမှ စစ်ဆေးရေးအရာရှိများကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောထုတ်ကုန်များကို စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်အောင် ဖယ်ရှားသွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၇-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၃၁၅)ဦးနှင့် ဆရာ၊ ဆရာမ(၁၂) ဦး၊ စုစုပေါင်း(၃၂၇)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

     ဟောပြောပွဲတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏သမိုင်းကြောင်းများနှင့် ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊  ဒုတိယဦးစီးမှူး ဒေါ်ဝါဝါကြည်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့်  စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်ကို သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် မိမိတို့ရရှိမည့်အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်ကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီး မိမိတို့ဝယ်ယူစားသောက်၊ သုံးစွဲမည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိကိုကြည့်ရှု၍ ရွေးချယ်ဝယ်ယူစားသောက်စေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများအခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center No. (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ဟောပြောခဲ့သည့်အကြောင်းအရာများကို နားလည်နိုင်မှုစွမ်းရည်ရှိ/မရှိ ပြန်လည်မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးဆိုင်၌ စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချခြင်းရှိ/ မရှိကိုလည်း ကျောင်းအုပ်ဆရာမကြီးနှင့်အတူ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မိုးကောင်းမြို့နယ်၊ပင်းကြိုင်းကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် (၈.၁၁.၂၀၂၃) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ပင်းကြိုင်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        ဦးဝင်းသိန်းဦးက ဟောပြောရာတွင် စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလိုပါက လူကိုယ်တိုင်သော် လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့် သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံး (CICC) သို့ သက်သေခံ အထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန ၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းတို့ကို သိရှိလိုပါက ဦးစီးဌာန၏ Website လိပ်စာဖြစ်သော www.doca.gov.mm တွင် ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြော

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း ဒု-ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၇.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့ (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝက်ကုန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

 အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ မိမိတို့ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ကျောင်းသားကျောင်းသူများအား အစားအသောက်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော အစားအသောက်များကိုသာ ဝယ်ယူသင့်ကြောင်း၊ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို သေချာဖတ်ရှု့သင့်ကြောင်း၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ FDA မှစားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များကို နံရံကတ်ဗီနိုင်းများဖြင့် ပြသရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

မြိတ်မြို့၊ ကျောက်ဖြူတောင်ရပ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောကွင်းဆင်း

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ကျောက်ဖြူတောင်ရပ်၊ မင်္ဂလာဇေယျုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင်  စားသုံးသူများတွင် အခွင့်အရေး(၈)ချက်ရှိကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ အစားအသောက်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပါရှိသော စားသောက်ကုန်များ ဝယ်ယူသင့်ကြောင်း၊ အစားအသောက်များအား ထုတ်လုပ်/ကုန်ဆုံးရက်ကြည့်၍ စားသုံးသင့်ကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန က အစားအသောက်/ ထုတ်ကုန်သင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း၊ အစားအသောက်များ ရွေးချယ်စားသုံးတတ်စေရန်နှင့် အစားအသောက်များတွင် ပါဝင်တတ်သော ဓါတုဆေးများအကြောင်းကို လည်းကောင်း၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ အစားအသာက် စားသုံးရာတွင် ဘေးကင်းစေရန် လိုက်နာဆောင်ရွက် သင့်သည့်အချက်များနှင့် စားသုံးရန်မသင့်သော အစားအသောက်များအား FDA website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ဟောပြောပွဲအပြီးတွင် ကျောင်းသူ/ သားများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးရည်ရွယ်၍  ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

သရက်မြို့၌ လုပ်ငန်းသုံးစားအုန်းဆီများ အမှန်တကယ်သုံးစွဲနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်မြို့၊ အကောက်တဲ၊ ဇော်ဂျီရပ်ကွက်ရှိ အသေးစားနှင့် အလတ်စား ပဲကြော်လုပ်ငန်းရှင်(၃)ဦးနှင့်သွားရောက်တွေ့ဆုံကာ လုပ်ငန်းရှင်များအတွက် ရည်ညွှန်းသတ်မှတ်ဈေးဖြင့် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ခွဲဝေချထားပေးလာခဲ့သည့် လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲမှုရှိ/မရှိ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာ ခွဲဝေချထားပေးသည့် လုပ်ငန်းသုံးစားအုန်းဆီတို့ကို လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိနှင့် လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးလေ့လာဆောင်ရွက်ခဲ့ရာ  ယင်းလုပ်ငန်းများတွင် ၎င်းစားအုန်းဆီများကို အမှန်တကယ်သုံးစွဲကာ လုပ်ငန်းများလည်းဆောင်ရွက်လည်ပတ်နေကြောင်း စစ်ဆေးလေ့လာတွေ့ရှိခဲ့ရပါသည်။

DOCA(မကွေး)                  

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ