Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းစက်ရုံများသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိတ်ဖက်ဌာနများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ( ၈ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်နှင့် နောင်ယား (ခ) ရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်းစက်ရုံများသို့ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးကွက်အတွင်း ရေသန့်များထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုသာထုတ်လုပ် ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုမရှိခြင်း၊ ပြည့်စုံမှန်ကန်စွာမပါရှိခြင်းတို့ကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာမပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၇၃ အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ပြစ်မှုပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း သောက်ရေသန့်လုပ်ငန်းစက်ရုံ(၃)ရုံအား အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

သရက်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုတို့ဖြင့် ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်နှင့်ဝန်ထမ်းများသည် (၈-၁၁-၂၀၂၃)ရက်နေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် သရက်မြို့နယ်၊ ရွှေဘုံသာရပ်ကွက်ရှိ “ကြယ်ဖြူ”အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ကုန်အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများမှာ စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိစေရေးနှင့် လိုအပ်သည့်အချက်များကို ထည့်သွင်းဖော်ပြနိုင်စေရန် သွားရောက်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

 ထိုသို့သွားရောက်တွေ့ဆုံဆွေးနွေးရာတွင် သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်က “ကြယ်ဖြူ” သောက်ရေသန့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လိုက်နာရမည့်အချက်များအကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြနိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ထုတ်ပြန်ထားရှိခြင်း အကြောင်း၊ ကုန်စည်များတွင် မြန်မာဘာသာ (သို့မဟုတ်) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပါသည်။

  ထို့နောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေသိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲတို့ဖော်ပြပါရှိရမည်ဖြစ်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် စားသုံးသူများသုံးစွဲရာတွင် ယုံကြည် စိတ်ချမှုရရှိစေမည့်အချက်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်းများဆောင်ရွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်အတွင်းရှိမြို့နယ်များတွင် စားသုံးသူပြည်သူများ  ယုံကြည်စိတ်ချရသောကုန်စည်များဝယ်ယူအသုံးပြုနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦးသည် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင် များအားလည်းကောင်း သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်သည် (၈-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် တောင်မင်းတည်းရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်း ရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဈေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာရောင်းချရန်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (/၂၀၁၉) အရ ကုန်စည်အုပ်စု()အုပ်စုတွင်ပါဝင်သော အချက်များပြည့်စုံမှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်ပါ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ()နှင့် ()ပါအချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထပ်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားသောကုန်စည်ကိုသာရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉) စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

တောင်တွင်းကြီးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ ကျောင်းသူများ စားသုံးသူရေးရာ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၃၀) နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

  ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်လှိုင်က အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်နည်းသုံးနည်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက စားသုံးသူအခွင့်အရေးများဆိုင်ရာနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ခင်မျိုးဆွေက လူငယ်များနှင့်ပတ်သက်၍ အားကစားနှင့်စိတ်ဓာတ်အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေယံမြင့်က တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးရှင်းလင်းပြောကြားခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ မြေပြင်အခြေအနေအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

    မြေပြင်အခြေအနေမှန်အား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မကွေးမြို့မှ လက်ကားဝယ်ယူရရှိသည့် စားသုံးဆီလက်ကားကုန်သည်ကြီးများအနေဖြင့် ဆိုရှယ်မီဒီယာတွင် ခွဲတမ်းရတချို့ဆိုင်များသည် သတ်မှတ်စျေးနှုန်းဖြင့် ဗန်းပြသာရောင်းချပြီး ပြင်ပ၌ စျေးနှုန်းမြှင့်တင်‌ရောင်းချနေကြောင်း ရေးသားဖော်ပြထားမှုနှင့်ပတ်သက်၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့လက်ကားဆီရောင်းချသူများအနေဖြင့် Exporter ကုမ္ပဏီများမှ ၎င်းတို့ဝယ်ယူရရှိသော စားအုန်းဆီများရောက်ရှိလာပါက ပြန်လည်ရောင်းချမည့်အစီအစဉ်အား သက်ဆိုင်ရာစားအုန်းဆီများကို စားသုံးသူလက်ဝယ်သို့ ပြန်လည်ရောင်းချပေးရာတွင် လက်ကားကုန်သည်ထံမှဝယ်ယူရရှိသည့် စျေးနှုန်းအပေါ် သယ်ယူဖြန့်ဖြူးမှုစရိတ်ပေါင်းပြီး အမြတ် ၂%ထက်မပိုသော စျေးနှုန်းဖြင့်သာရောင်းချလျက်ရှိပြီး လူတစ်ဦးလျှင် စားအုန်းဆီ ၅၀ကျပ်သား/ (၁)ပိဿာနှုန်းသာရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

   မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မကွေးမြို့နယ်တွင် (၄)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်တွင် (၂)ကြိမ်၊ မြို့သစ်မြို့နယ်တွင် (၃)ကြိမ်၊ နတ်မောက်မြို့နယ်တွင် (၃)ကြိမ်၊ ချောက်မြို့နယ်တွင် (၄)ကြိမ်၊ ရေနံချောင်းမြို့နယ်တွင် (၃)ကြိမ်၊ စုစုပေါင်း(၁၉)ကြိမ်ဆောင်ရွက်ခဲ့ပြီး ရုံးချုပ်၏ညွှန်ကြားချက်အရ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါဝင်သော တရားမဝင်တင်သွင်းလာသည့် Parbisure IV/ HV Injection ဆေးဝါးများရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စျေးကွက်အတွင်း စားသုံးဆီအတုပြုလုပ်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ စားသုံးဆီအတုပြုရန် မြေပဲဆီနံ့၊ နှမ်းဆီနံ့ရရှိအောင် ရောစပ်သောဓာတုပစ္စည်းများရောင်းချမှုရှိ/မရှိတို့ကိုလည်း မြို့နယ်အလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ် လျာထားချက်ချမှတ်၍ ဆောင်ရွက်လျက်ရှိပါသည်။

      မကွေး/ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၃)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၂၄)ကြိမ်ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဦးကျော်အောင်ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၀.၁၁.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ဦးကျော်အောင်(ကုန်စုံဆိုင်)၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင်  ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ  ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် Golden Dragon အမှတ်တံဆိပ် (ကြက်သွန်ဖြူငရုပ်ဆီအချိုအရသာ)ငရုပ်ဆီတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

သာကေတမြို့နယ်ရှိ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည်  (၆-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)  နာရီအချိန်တွင် သာကေတမြို့နယ်၊ စံပြဥယျာဉ်ဈေးရှိ ဈေးတာဝန်ခံများနှင့်ပူးပေါင်းပြီး ဈေးအတွင်း ရောင်းချနေသည့်ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊   ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး) က ဈေးအတွင်းရောင်းချသည့်ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါရှိရမည့်အချက်(၈)ချက်ကိုဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပေးရမည်ဖြစ်ကြောင်းနှင့် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနား၊ အမှတ်(၁)မြို့မဈေး၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့်  (၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနား၊ အမှတ်(၁)မြို့မဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး ဥပဒေဖြစ်‌ပေါ်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဈေးသူ/ဈေးသား စုစုပေါင်း(၉)ဦးခန့် တက်ရောက်ခဲ့ပြီး  ဟောပြောပွဲကို နံနက် (၁၁:၀၀)  နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ