Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း(လည်ပေါ်)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံသည် (၁၇.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း(လည်ပေါ်)ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။

   အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆောင်ပုဒ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ (၄၁)အရ ကုန်စည်တစ်ခုတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအား ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က လူငယ်စကားဝိုင်းအား ကျောင်းသား/ ကျောင်းသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရေနံချောင်းမြို့၊ စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေး ကွင်းဆင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံ သည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ပါဝင်စေရေးအတွက် ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ “သန့်စင်” ပဲကြော်နှင့် ရွှေဘုံသာရပ်ရှိ “ငွေခရေ” ပဲကြော်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ဘားအံမြို့ရှိ အ.ထ.က (၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ဇာခြည်အောင်နှင့် ဝန်ထမ်း များသည် ၂၂-၉-၂၀၂၅ ရက်၊ တနင်္လာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က(၅)၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူ ကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြ က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း စားသုံးသူကာကွယ်ရေး အကြောင်းသိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို  ကျောင်းသား၊ ကျောင်းသူများအား မုန့်နမူနာများဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ရန် Call Center (1535)အားလက်တွေ့ ခေါ်ယူမေးမြန်းခြင်း၊ ဆရာ၊ ဆရာမ (၁၅) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၇၀)ဦး စုစုပေါင်း ဦးရေ(၈၅) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က (၅) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၂၂-၉-၂၀၂၅) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.ထ.က (၅) ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၄)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသိရီမောင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က (၄) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်း များသည် ၁၉-၉-၂၀၂၅ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က(၄)၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူ ကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြ က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း စားသုံး သူကာကွယ်ရေး အကြောင်းသိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို  ကျောင်းသား၊ ကျောင်းသူများအား မုန့်နမူနာများဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ရန် Call Center (1535)အားလက်တွေ့ ခေါ်ယူမေးမြန်းခြင်း၊ ဆရာ၊ ဆရာမ (၂၀) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ဦး စုစုပေါင်း ဦးရေ(၂၂၀) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က (၄) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၉-၉-၂၀၂၅) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.ထ.က (၄) ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၈)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသိရီမောင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချ ရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

စားသုံးသူကာကွယ်ရေးဆိုင်ရာ(Talk Show) ဆွေးနွေးပွဲ ကျင်းပ

     ၁၉-၉-၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ခရိုင်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ Online ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

    ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နော်ဖူးအေးအိအောင် (အကြီးတန်းစာရေး)က အွန်လိုင်း Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက် အကြောင်းပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်စုနွေးသီရိမောင်(ဒု-ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မှတ်ပုံတင်ခြင်း ဆိုင်ရာ အမိန့်ထုတ်ပြန်ချက်အကြောင်း၊ အွန်လိုင်းတွင်အခြေခံဆောင်ရွက်ရမည့် အမျိုးအစားများ အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးအစား ရွေးချယ်သတ်မှတ်ထားကြောင်း၊ အွန်လိုင်း မှတ်ပုံတင်ခြင်း လုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့် လျှောက်ထားမှုပုံစံ အကြောင်းကို https://www.ecomreg.gov.mm website တွင် လျှောက်ထားရန်အတွက် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးခဲ့ကြောင်း သိရှိရသည်။

DOCA(ကရင်)

ဇွဲမဟာ (ရေသန့်စက်ရုံ)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၂၂.၉.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ဇွဲမဟာ (ရေသန့်စက်ရုံ) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဇွဲမဟာ (သောက်ရေသန့်) အမှတ်တံဆိပ်ပါ သောက်ရေသန့်သည် သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာ ဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်ရုံပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိ ပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၂၂.၉.၂၀၂၅ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ‌ရွှေစက်ရပ်ကွက်အတွင်းရှိ လက်လီ ဖြန့်ဖြူးရောင်းချသော ဒေါ်လှလှဌေး (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Nagarpyan အမှတ်တံဆိပ်ပါ မြန်မာ့လက်ဖက်ရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်လှလှဌေးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ( ၁၈ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးကျော်ဇင်ထွေး(ဒု­-ဦးစီးမှူး)နှင့် ဝန်ထမ်း(၂)ဦးသည် ကယား ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ကျင်းပပြုလုပ်သည့်အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ရေးကျေးရွာကော်မတီဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း၌ သင်တန်း သား/ သင်တန်းသူ စုစုပေါင်း(၁၆)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြော  ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ဇင်ထွေး       (ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းရှင်းလင်းဆွေးနွေးရာတွင် ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း ၍အာမခံ ပေးထားမှုအပေါ်စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ၏အာမခံချက်နှင့်စပ်လျဉ်း၍စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ကုန်ပစ္စည်း(သို့)ဝန် ဆောင်မှုများဝယ်ယူသုံး စွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT Ooredoo Atom Mytel ဆင်းကတ်များဖြင့် လည်း ၁၅၃၅နံပါတ်များသို့ခေါ်ဆို၍ကုန်စည်(သို့) ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍သိရှိလိုသည်များမေးမြန်းခြင်း၊နစ်နာဆုံးရှုံးမှုများအတွက်တိုင်ကြားခြင်းများ ပြုလုပ်နိုင် ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ကုန်စည်အမျိုးအစား အလိုက် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ