Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်အရပ်ရပ်တို့ကိုသိရှိစေရန် လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးလုပ်ငန်းစဉ်များအား အဆက်မပြတ်ဆောင်ရွက်လျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် မွေးမြူရေးလုပ်ငန်းရှင်(၂၈)ဦးအား စားသုံးသူကာကွယ်ရေးရာဥပဒေ (၂၀၁၉)အရ စီးပွားရေးလုပ်ငန်းရှင်တို့အား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်၊ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုခြင်းဖြစ်‌ကြောင်းတို့ကိုရှင်းလင်းပြီး လုပ်ငန်းရှင်တို့အနေဖြင့် မိမိတို့ထုတ်လုပ်ဖြန့်ချိမည့်ကုန်စည်များကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားပါရှိရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ပါကြောင်း၊ စသည့်ဖြင့် ကုန်စည်တစ်ခုတွင် ကုန်အညွှန်းအမှတ်အသား၊ ကုန်အမှတ်တံဆိပ်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်သူ၏လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ကုန်ကြမ်းပါဝင်မှုအမျိုးအမည်၊ ပမဏ၊ ပါဝင်မှုအချိုးအစား စသည့်အချက်များပါရှိသောကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲတတ်ရန် ဥပမာပေးရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိရှိလိုပါက  စားသုံးသူရေးရာဦးစီးဌာန၏လုပ်ဆောင်ချက်များကို www. doca. gov. mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များကို အသိပညာပေးဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ကျုံစုပ်ကျေးရွာရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင် (၂၇) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်ဝတ္တရာများအကြောင်းကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အဓိပ္ပါယ်နှင့်ဖော်ပြချက်များ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုခြင်းဖြစ်‌ကြောင်းကိုရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၀)ပါ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်(၁၁)ချက်၊ အခန်း(၂၃)ပါ တားမြစ်ချက်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့်အချက်အလက်များအကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ကုန်မျိုးစုံလုပ်ငန်းရှင်(၂၇)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေစေတီလမ်းရှိ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခမ်းမ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသောကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသူများကလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့ရှိ အောင်ချမ်းသာဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ အောင်ချမ်းသာဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အောင်ချမ်းသာဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့် ထွက်ရှိလာသောဆန်များကို ရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းများကိုဆွေးနွေးပြီး လုပ်ငန်းရှင်တို့၏ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့်စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

နီလာမုန့်မျိုးစုံလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဦးတင်ဦး၏ နီလာမုန့်မျိုးစုံလုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။  

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက နီလာမုန့်မျိုးစုံထုတ်လုပ်လျက်ရှိသောလုပ်ငန်းအား လေ့လာကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်လုပ်ငန်းတာဝန်များအကြောင်း၊ လုပ်ငန်းရှင်တို့က မိမိတို့၏ကုန်စည်ကို ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ချိရာတွင် မဖြစ်မနေလိုအပ်သောကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များအကြောင်း၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ) ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ပုဒ်မ၄၁၊ ပုဒ်မခွဲ (ဆ)၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ဆောင်ချက်များကို www. doca. gov. mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းတို့ကိုမျှဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြသိန်းတန်ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငါးဘတ်အိုင်ကျေးရွာရှိ ဦးစိုးမင်း၏ မြသိန်းတန်(၂)ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြသိန်းတန်ဆန်စက်ပိုင်ရှင် ဦးစိုးမင်းမက စပါးများဝယ်ယူရရှိမှု၊  ဆန်ဈေးကွက်အခြေအနေကောင်းများနှင့် ဆန်စက်အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်များကို တင်ပြဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက အရည်အသွေးကောင်းမွန်သောဆန်များကို ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှ ပြည်ပတင်ပို့ကုန်အထိ ဈေးကွက်မြှင့်တင်နိုင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုအပ်သည့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟိုပုံးမြို့တွင် ပြည်ပပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Export Promotion Task Force) ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်၍ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တို့မှလိုက် ပါ၍ (၁၁.၆.၂၀၂၃) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပွဲရုံလုပ်ငန်းရှင်များ၊ ဆန်အစုအဖွဲ့၊ ပြောင်းအစုအဖွဲ့၊ အာလူးအစုအဖွဲ့၊ ထောပတ်အစုအဖွဲ့၊ ပင်မှည့်အစုအဖွဲ့၊ ငရုတ်သီးအစုအဖွဲ့၊ နာနတ်အစုအဖွဲ့၊ ကော်ဖီအစုအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

    Task Force အဖွဲ့မှ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေသခံလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့၊ အစုအဖွဲ့များမှ လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် ဟိုပုံးမြို့ရှိ Coffee Neo စက်ရုံလုပ်ငန်းဆောင်ရွက်နေမှုများနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပြည်ပပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲအား ရွာငံမြို့တွင်ကျင်းပပြုလုပ်

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Export Promotion Task Force) ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်၍ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တို့မှလိုက် ပါ၍ (၁၀.၆.၂၀၂၃)ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ကော်ဖီအသင်း၊ ရွာငံကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ( Task Force) အဖွဲ့မှ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ တောင်သူများ၊ သမအသင်း၊ ကော်ဖီအသင်းများမှ လုပ်ငန်းလိုအပ်ချက်၊ အခက်အခဲများကို တင်ပြခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ပါသည်။

   ထို့နောက် အဖွဲ့ဝင်များသည် ဉာဏ်ကြီးရှင်နှင့် ရွှေသိင်္ဂီကော်ဖီလုပ်ငန်းများ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြုသင်တန်း ကျင်းပပြုလုပ်

    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၈) ဦး တက်ရောက်ခဲ့သည်။

     ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ရာ Thursday Talk တွင် ဝန်ထမ်းများ Capacity ပြည့်ဝစေရန်၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးပွဲများ၊ သင်တန်းများမှ ရရှိလာသည့် ဗဟုသုတများကို အခြားဝန်ထမ်းများသို့ ပြန်လည်မျှဝေပေးရန် စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

   ထို့နောက်  မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ တာဝန်ခံဒေါ်ခင်မြတ်ကျော်က စားသုံးသူရေးရာဦးစီးဌာန၏ မူဝါဒများအကြောင်းနှင့်ပတ်သက်၍ လည်ကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ အကြီးတန်းစာရေး ဦးကျော်စည်သူသွင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာနှင့်ပတ်သက်၍လည်းကောင်း၊ စီမံရေးရာဌာနခွဲမှ  အကြီးတန်းစာရေး ဦးနိုင်လင်းထက်က  Market Segmentation နှင့်ပတ်သတ်၍လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်သုတေသန ဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက စားသုံးသူရေးရာဦးစီးဌာနမှ လွှင့်တင်လျက်ရှိသော Website၊ Mobile Application နှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မြန်အောင်မြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

      (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့မှ ဒု-ခရိုင်ဦးစီးမှူးသည် ဆန်နီချောင်ကျေးရွာအုပ်စုရှိ ဘုန်ကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူ (၁၅၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုသိရှိနားလည်စေရန် စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်နှင့် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန်နှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ရန်နှင့် Consumer Call Center နံပါတ် (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ရန် စသည်တို့ကို အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်သူများကလည်း သိလိုရှိသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ