Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန(ဘီးလင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ဘီးလင်း)တို့ ပူးပေါင်း၍ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာစားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး (Talk Show) ပြုလုပ်ဟောပြောဆွေးနွေးခြင်း

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၆.၆.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း) ခန်းမတွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း)မှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံ (ဦးစီးအရာရှိ)မှ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးအကြောင်း သိလိုသည်များကို မေးမြန်းခဲ့ရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း (ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှု ရှိလာပါက ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်နည်းလမ်းများရှိကြောင်း ပြောကြားပြီးနောက် ယခုအခါတွင် စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို Internet၊ website၊ Application (သို့မဟုတ်) Social Media များတွင် ဝယ်ယူသုံးစွဲနေသည်ကို တွေ့ရှိရကြောင်း၊ စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် Online Shopping မှတ်ပုံတင်စနစ် ပြုလုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် e-commerce guide line နှင့် e-commerce ဥပဒေ အမြန်ဆုံးထွက်ရှိနိုင်ရန် ဌာနမှစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နော်အေးမို့မို့မှ Online Shopping နှင့်ပတ်သက်၍ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက် (၇) ချက်နှင့် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်း (၅) ခုအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(မွန်)

 

လေးမျက်နှာမြို့၊ “ထွန်းသစ်စ” စက်သုံးဆီဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံသည် (၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အိုင်သပြုကားလမ်းမဘေးရှိ “ထွန်းသစ်စ” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသောစက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိနှင့် အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီရေး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ/ချောဆီများတင်သွင်းရောင်းချမှုမပြုစေရေး၊  ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း သိရှိစေရေးတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

    ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က (၆) ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ           အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးအပါအဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များနှင့် လူမှုရေးအဖွဲ့အစည်းများမှ သစ်ပင် ၁၀၁၂ ပင်ကို စိုက်ပျိုးခဲ့ကြသည်။

 ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက “သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးကြပါစို့” ဆိုသည့်ဆောင်ပုဒ်အတိုင်း လူသားတွေအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နိုင်ရေးအတွက် သစ်ပင်တွေစိုက်ပျိုးဖို့ သစ်တောတွေကို ထိန်းသိမ်းဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုကျင်းပသော သစ်ပင်စိုက်ပျိုးပွဲတော်တွင် အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်တဲ့အပင်များ၊ အရိပ်ရသစ်မျိုးများ စသည့်အပင်အမျိုးမျိုးကို စနစ်တကျ စိုက်ပျိုးသွားမှာဖြစ်၍ စိုက်ပျိုးရေးနှင့်သဘာဝဒီရေတောများ ကာကွယ်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူများပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    ယခုလို မိုးရာသီကာလတွင် သစ်ပင်အမျိုးမျိုးတို့ကို စိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရေး၊ ဂေဟစနစ်ပြောင်းလဲမှုများကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဇလွန်မြို့၊“ One Star” သောက်ရေသန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဒူးယားလမ်း၊ လမ်းမတော်မြောက်ရပ်ရှိ “One Star”သောက်ရေသန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး စက်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သူနာပြုသင်တန်းကျောင်းအပတ်စဉ် (၄၇)၏ ဦးဆောင်း/ဝတ်စုံ အပ်နှင်းပွဲ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၄၇) ၏ဦးဆောင်း၊ ဝတ်စုံအပ်နှင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်း (၈:၀၀) နာရီအချိန်တွင် သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးအပါအဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။

   ထို့နောက်အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မျိုးဆက်သစ် သူနာပြုသင်တန်းသား/သူ (၄၄) ဦးကို သူနာပြုအမှတ်အသားဖြစ်သည့် ဦးဆောင်း၊ ဝတ်စုံအပ်နှင်းပွဲ ဖြစ်သည့်အတွက် သင်တန်းကျောင်း၏ မင်္ဂလာရှိသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍသည်လည်း အပါဝင်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်တိုးတက်နေသောခေတ်နှင့်အညီ ရင်ဘောင်တန်းပြီး နိုင်ငံတော်က ချီးမြှင့်လမ်းဖွင့်ပေးထားသည့် သူနာပြုပညာရေးသိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များကိုလည်း ဆက်လက်ဆည်းပူးသွားကြရန်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

  ဆက်လက်၍ သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ  ကျေးဇူးတင်စကားပြောကြားပြီး အပတ်စဉ် (၄၇) သူနာပြုသင်တန်းသား/သူများအား တာဝန်ရှိသူများက ဦးဆောင်းနှင့်ဝတ်စုံကို ချီးမြှင့်ခဲ့ရာ သူနာပြုသင်တန်းသား/သူများက “ဂရုဏာအလင်း” သီချင်းဖြင့်သီဆိုဖျော်ဖြေနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံဈေး၌ ဆီကုန်သည်အသင်းမှ စားအုန်းဆီများရောင်းချနေမှုအား ကွင်းဆင်းစိစစ်ကြီးကြပ်ခြင်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားသုံးဆီများအား အခြေခံလူတန်းစားပြည်သူလူထုထံသို့ စနစ်တကျရောက်ရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးတို့အတွက် မွန်ပြည်နယ်ဈေးကား စိစစ်ကြပ်မတ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ နေ့စဉ်ဈေးကားများဖြင့် ပြည်သူများသို့ ရောင်းချပေးနေမှုအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သောအဖွဲ့သည် (၉.၆.၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မောင်ငံရပ်ကွက်ရှိ၊ မောင်ငံဈေးတွင် စားသုံးသူပြည်သူများသို့ မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ (၁) ပိဿာလျှင် (၄၅၀၀) ကျပ်ဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းကြီးကြပ်ရာတွင် စစ်ဆေးရေးအရာရှိက စားသုံးသူပြည်သူများ အဆင်ပြေ ချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများဖြင့် ပြည့်မီစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော စားအုန်းဆီ သုံးစွဲနိုင်ရေး၊ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်မှုရှိစေရေးနှင့် စားအုန်းဆီဝယ်ယူရာ၌ စနစ်တကျရှိစေရေးတို့ကို ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေး SME ဘဏ်နှင့်ဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်၊ ပြည်တွင်း/သတင်းဌာနခွဲတာဝန်ခံတို့သည် (၇-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅း၃၀) နာရီအချိန်တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ SME ဘဏ်ခွဲသို့သွားရောက်၍ ဘဏ်ခွဲမန်နေဂျာနှင့်တွေ့ဆုံကာ ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ ချေးငွေရယူလျှောက်ထားနိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်၊၊

    ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က ကရင်ပြည်နယ်အတွင်းရှိ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနကဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘားအံ SME ဘဏ်မန်နေဂျာက SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများအနေဖြင့် SME ချေးငွေရယူနိုင်မည့်လုပ်ငန်းအခြေအနေများနှင့် လျှောက်ထားရာတွင် ဆောင်ရွက်ရမည့်အသေးစိတ်အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည့်အပြင် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေ‌ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

“ မိုးသီးနှံစိုက်အခြေအနေ”

   ၂၀၂၃ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် မိုးဦးကျအနေဖြင့် မိုခါမုန်တိုင်းကာလဖြစ်သော (၁၄-၅-၂၀၂၃) ရက်နေ့တွင်သာ ဒေသအနှံ့အပြား၌ ကောင်းစွာရွာသွန်းခဲသော်လည်း ၎င်းကာလ၌ မိုးဦးသီးနှံစိုက်တောင်သူများမှာ လာမည့်မိုးကို မျှော်ကိုးခဲ့ရပါသည်။ မိုးသီးနှံအနေနှင့် မိတ္ထီလာခရိုင်အတွင်း ဒေသနှင့်ကိုက်ညီသော နှမ်း၊ မြေပဲတို့ကို စတင်စိုက်ပျိုးခဲ့ရာ ရာသီကာလအရ ပုံမှန်စိုက်ရမည်ဖြစ်၍ မိုခါမုန်တိုင်းအပြီး စိုက်ပျိုးခဲ့ကြသော်လည်း နောက်ပိုင်းတွင် မိုးရွာသွန်းမှုမရှိသောကြောင့် တောင်သူများစိုးရိမ်ပူပန်မှုများရှိခဲ့ပါသည်၊၊ ဇွန်လဆန်းတွင် ရွာသွန်းခဲ့သောမိုးကြောင့် နှမ်းသီးနှံများအသက်ဆက်နိုင်မည်ဟု တောင်သူများမျှော်မှန်းထားကြောင်း သိရသည်။ ဆက်လက်၍ ဒေသတွင်းစိုက်သော မိုးသီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ ငရုတ်၊ ပဲမျိုးစုံ၊ နေကြာတို့ကိုလည်း ရာသီဥတုအခြေအနေပေါ်မူတည်၍ စိုက်ပျိုးကာလပြောင်းလဲနိုင်သော်လည်း စိုက်ပျိုးဧကမှာ လျော့နည်းနိုင်မှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် မေလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၁)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၁)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၆၄) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၇၂) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

    ၂၀၂၃ ခုနှစ်၊ မေလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဗြိတိန်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် စွန်တာနီ၊ ဂေါ်ဖီခြောက်မှုန့် ဆန်ဖြူ၊ ပဲစဉ်းငုံအခွံချွတ်ခွဲခြမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲလုံး၊ မတ်ပဲ၊ ပဲလွန်းနှင့် ဆန်ကွဲတို့၏ ဓာတုအရည်အသွေးနှင့် ပိုးသတ်ဆေးကြွင်းပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

  ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၃၇) ခု၊  ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၁၉)ခုနှင့် သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၆) စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု(၁၇၂)ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DOCA(ITQM)

မိတ္ထီလာမြို့နယ်ရှိ ဆေးဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်၍ စာရင်းကောက်ယူ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေ ၂၀၁၉အရ ကုန်စည် (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. ပါရှိခြင်းရှိ/မရှိ၊ ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေးနှင့် ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခြင်းမရှိစေရေးရည်ရွယ်၍ အပတ်စဉ်သွားရောက်၍ စစ်ဆေးမှုများနှင့် ဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများလုပ်ဆောင်ခဲ့ပါသည်။ ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဆေးဝါးများပြတ်လပ်မှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ