Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အနီးနားရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ထားမဲင်းဇိန်(ရုံးအကူမှူး)တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်း(အ.ထ.က(၂)အနီးနားရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်ရောင်းချနေသူများအား သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချပေးရန်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများကို ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ဖြစ်စေ  ထိခိုက်နစ်နာစေမည့် ကုန်စည်နှင့် ဝန် ဆောင်မှုမျိုးတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနနေဖြင့် အဓိက ရည်ရွယ်ချက် ဖြစ်သည့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးရမည်ဖြစ်၍ ပြည်တွင်း၌ စားသုံးသူပြည်သူများကို ထိခိုက်နစ်နာစေမည့် ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် နယ်စပ်မှ မိမိတို့နိုင်ငံအတွင်းသို့ ဘေးအန္တရာယ်ဖြစ်စေနိုင်သော တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာပါက အချိန်နှင့်တပြေးညီ စားသုံးသူပြည်သူများကို အသိပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးများ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားခြင်းမရှိဘဲ တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ကုန်စုံဆိုင်ရောင်းသူများအနေဖြင့် သက်ဆိုင်ရာဌာနက သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို ပူးပေါင်းလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားခဲ့ပါသည်။

 

DOCA(ချင်း)

 

 

 ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားဖြစ် အုန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ကွင်းဆင်း     သရုပ်ပြခြင်း သင်တန်း ဖွင့်လှစ်

            ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစီအစဉ်အရ ၂၀၂၃ ခုနှစ် ၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိ‌သောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း”ကိုစီးပွား‌ရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်း အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် “စီးပွားဖြစ်အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြခြင်းသင်တန်း” ဖွင့်ပွဲ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်၊၊

          သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့နယ်၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအုန်း သီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ သင်တန်းသားများ တက်‌ရောက်ခဲ့ပါသည်၊၊

          ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကား ပြောကြားခဲ့ပြီး စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များအကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပါသည်၊၊

          ထို့နောက် သင်တန်းနည်းပြနှင့်သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး  နံနက် ၁၀:၀၀ နာရီတွင် သင်တန်းပို့ချခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက် ခဲ့ပါသည်။ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ရက်နေ့ မှ ၁၀ရက်နေ့အထိ(၃)ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၃၀)ဦး တက်ရောက်ကြမည် ဖြစ်ရာ လက်တွေ့ကွင်းဆင်း သရုပ်ပြလေ့ကျင့် ခြင်းများလည်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။

DOCA( ဧရာဝတီ)

 

မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှုမရှိသော၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်း မရှိစေရန် ရည်ရွယ်၍ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်တို့သည် (၁၂.၆.၂၀၂၃) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များနှင့် စတိုးဆိုင်များ စုစုပေါင်း (၅)ဆိုင်သို့ ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအားလည်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်း မပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းဝေးခန်းမ၌ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၁၃.၆.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီမှူး ဦးထွန်းထွန်းမှ အဖွင့်မှာစကားပြောကြား၍ သင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး ဌာနခွဲတာဝန်ခံများမှ မိမိတို့ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဝန်ထမ်းများသိရှိစေရန် ရည်ရွယ်၍ သင်ကြားပို့ချခဲ့ပါသည်၊၊

          အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၁၄.၆.၂၀၂၃ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီတွင် သင်တန်းဆင်းလက်မှတ်ပေးအပ်ကာနှင့်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ပြီး သင်တန်းသို့အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်း မရှိစေရန် ရည်ရွယ်၍ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်စန်းစန်းဝေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်တို့သည် (၇.၆.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးပါသည်။

   ထိုသို့ ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များနှင့် စတိုးဆိုင်များ ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအားလည်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်း မပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“စားသုံးသူများ Online မှ ဈေးဝယ်ရာတွင် သတိပြုရမည့်အချက်များ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (TalkShow) ကျင်းပ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများကို ပြည်သူ အများသိရှိနားလည်စေရန်ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံဖြင့် ဆောင်ရွက် လျက်ရှိပါသည်။
      ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာနွယ်သည် ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူများ Online Shopping နှင့်ပတ်သက်၍ သတိထားရမည့်အချက်များကို ဆွေးနွေးပါသည်။

      ထိုသို့ ဆွေးနွေး‌ရာတွင် စားသုံးသူအဓိပ္ပါယ်နှင့်စားသုံးသူကာကွယ်ရေးအဓိပ္ပါယ်၊ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအကြောင်း မိတ်ဆက်ပြောကြားပြီး စားသုံးသူများ Online မှ ဈေးဝယ်ရာတွင် ကြုံတွေ့ရသည့် အချက်များဖြစ်သော ကုန်ပစ္စည်းမှာယူပြီး ငွေပေးချေပြီးနောက် ပစ္စည်းပေးပို့မှု မရှိခြင်း၊ မိမိမှာယူထားသော ပစ္စည်းနှင့် အမှန်တကယ်လက်ခံရရှိသော ပစ္စည်း၏ အရည်အသွေး ကွဲလွဲနေခြင်း၊ ကုန်ပစ္စည်းတွင် ပါဝင်သောသတင်းအချက်အလက်များကို ချဲ့ကားဖော်ပြ ထားခြင်း၊ မှာယူထားသောကုန်ပစ္စည်းကို သဘောတူညီထားသော အချိန်အတွင်း ပေးပို့မှု မရှိခြင်း၊ Online Shopping Page တွင် ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များ မြေပြင်တွင် အမှန်တကယ်မရှိခြင်း၊ ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ ကုန်ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်၍ မှာယူထားသူများထံ ပို့ဆောင်ကာ ငွေလွှဲခိုင်းခြင်း၊ ဝယ်ယူသူများမှ ကုန်ပစ္စည်းမရောက်ကြောင်း မေးမြန်းပါက မေးမြန်းသည့် အကောင့်များ၊ ဖုန်းနံပါတ်များကို block သွားခြင်းများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဝယ်ယူသူများမှ ယခုကဲ့သို့ လိမ်လည်လှည့်ဖျားမှုများ မခံရစေရန်အတွက် မိမိမှာယူအသုံးပြုမည့် Online Shopping သည် လူသိများသော Website၊  ခိုင်မာသော Page များ ဟုတ်/မဟုတ်၊  အသုံးပြုသည့်သက်တမ်းကြာမြင့်ခြင်း ရှိ/မရှိ၊ ၎င်းတို့ Page တွင် တင်ထားသော Post များ update ဖြစ်ခြင်း ရှိ/မရှိ၊ တင်ထားသော Post အောက်တွင် အသုံးပြုသော Follower များ၏ Like၊ Comment များနှင့် review ကောင်းများ ရှိ/မရှိ၊ မိမိ ရောင်းချသည့် ကုန်စည်နှင့်ပတ်သက်၍ အာမခံ ပေးနိုင်ခြင်း ရှိ/မရှိ၊ Page တွင် တင်ထားသော လိပ်စာများသည် မြေပြင်တွင် အမှန်တကယ် ရှိ/မရှိ စသည့်အချက်များကို လေ့လာပြီး မိမိတို့ စိတ်ကျေနပ်မှု ရရှိမှသာ ဝယ်ယူကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရေသန့်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၌ ကျောက်မြောင်းမြို့ရှိ သောက်ရေသန့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအပြင် အထက်ဌာနမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက် ရယူကြရန်လိုအပ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ သောက်ရေသန့်တွင်ထည့်သွင်းဖော်ပြရသည့် ကုန်အညွှန်းအမှတ်အသား အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်လက်မှတ်ဆောင်ရွက်နိုင်ရန် Online မှ လိုင်စင်လျှောက်ထားနိုင်ရေးအတွက်  ချိတ်ဆက်ပေးခြင်းများဆောင်ရွက်ခဲ့၍ စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “စားသောကုန်ထုတ်လုပ်မှုနည်း ပညာ သင်တန်း”တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၁၃.၆.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူးက တက်ရောက်နေသော သင်တန်းသူ/သားများအား ဦးစွာမိတ်ဆက်ပြီး မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနအမည်ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA နှင့်မှားတတ်ကြသဖြင့် ၎င်းဦးစီးဌာနနှစ်ခုအကြောင်းကို ကွဲပြားအောင်ရှင်း လင်းဆွေးနွေးခြင်း၊ မိမိတို့ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း ၊ ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအကြောင်း သင်တန်းသူ/သားများအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

    ဆက်လက်၍  မုံရွာမြို့နယ်တာဝန်ခံက မိမိတို့ဦးစီးဌာနတွင် ကျင့်သုံးနေသော စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ ယခုသင်တန်းသား/သူများတွင် အချို့က သင်တန်းပြီးလျှင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ကြမည့်သူများ ပါဝင်သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)တွင် ပါဝင်သော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အား လိုက်နာရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားကာ ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူ/သားများအား လက်ရှိသင်တန်း ဆင်းပြီးသွားလျှင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြမည်ဖြစ်၍ လုပ်ငန်းရှင်ဟု မြင်သာအောင် ဆွေးနွေးပြောကြားခဲ့သော်လည်း တစ်ဖက်ကကြည့်လျှင် စားသုံးသူများဖြစ်ကြောင်း၊ ပြည်သူများ သည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူတိုင်းတွင် စားသုံးသူ အခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူအခွင့်အရေး(၈)ရပ်ကို မြင်သာအောင် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထိုအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက DOCA တိုင်းနှင့် ပြည်နယ်များရှိ CICC များတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီးနောက် သင်တန်းသူ/သားများကလည်း သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဝါဆိုဦးဈေးအတွင်း စားသုံးဆီများဖြန့်ဖြူးရောင်းချမှုအပေါ် စိစစ်ကြပ်မတ်

  (၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အမှတ် (၉) ရပ်ကွက်၊ ဝါဆိုဦးဈေး၌ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ် စားသုံးဆီကုန်သည်ကြီးများနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်က ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားသော ရောင်းချပေးနေသည့်စားအုန်းဆီများ ဈေးကွက်အတွင်း  ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးသည့်  ကရင်ပြည်နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီတစ်ပိဿာအပေါ် သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်အားလုံးစုပေါင်း၍  အမြတ် ၂ရာခိုင်နှုန်းတွက်ချက်၍ ဆီတစ်ပိဿာတစ်ဘူးကို လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးကြောင်း သိရပါသည်။

  အဆိုပါ စားအုန်းဆီများရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်မှန်ကန်စေရန်နှင့်  ပြည်သူများဆီသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချရန်၊ ဈေးကွက်အတွင်း သက်သာမှန်ကန်သောဈေးနှုန်းများဖြင့် ရောင်းချရန်၊ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရန်နှင့် စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရန်တို့ကို ကွင်းဆင်းကာ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

                                               

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းမုန့်ဈေးရောင်းချနေသော ကျောင်းမုန့်ဈေးသည်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   (၁၃-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းမုန့်ဈေးရောင်းချနေသော ကျောင်းမုန့်ဈေးသည်များကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါ်နန်းအေးလှိုင်ဌေးက ကျန်းမာရေးဆိုင်ရာ သွေးလွန်တုပ်ကွေးအကြောင်းကိုလည်းကောင်း၊ အ-ထ-က (၃) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြည်က စားသုံးရန်မသင့်သောမုန့်များကိုမရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများက စားသုံးရန်သင့်ဟု ခွင့်ပြုထားသောမုန့်များကိုသာရောင်းချကြရန်အကြောင်းတို့ကိုလည်းကောင်း၊ ကျောင်းကျန်းမာရေးဦးစီးဌာန၊ ဒေါ်သန်းသန်းဆင့်က သန့်ရှင်းမှုရှိသော အစာအစာများကိုသာရောင်းချကြရန်၊ အာဟာရပြည့်ဝသောအစားအစာများကိုသာရောင်းချကြရန်၊ အစားအစာများတွင် ယင်မနားစေရန်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာခင်မိုအေးက ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးရန် မသင့်သောမုန့်အမျိုးမျိုးကိုမရောင်းချရန်၊ ရောင်းချမှုကို ပထမအကြိမ်တွေ့ရှိပါက ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း၊ ဒုတိယအကြိမ်တွေ့ရှိပါက ဒဏ်ပေးခြင်း၊ တတိယအကြိမ်တွေ့ရှိပါက ဆိုင်များကိုပိတ်သိမ်းမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းနိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင်ထုတ်ပြန်ထားသောကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ ဟောပြောပွဲသို့ ကျောင်းမုန့်ဈေးတန်းရောင်းချနေသောကျောင်းမုန့်ဈေးသည် (၁၀၁) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား  လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ