Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်ဦးစီးမှူးသည် ဆီလုပ်ငန်းရှင်များနှင့်‌တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ( ၂-၁၂-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ မွန်ပြည်နယ်အတွက်ခွဲဝေရရှိသည့် စားအုန်းဆီများကို မြို့နယ် (၁၀) မြို့နယ်သို့ လူဦးရေအချိုးအစားအလိုက် ဖြန့်ခွဲရောင်းချမည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

  ထိုသို့‌ တွေ့ဆုံဆွေးနွေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ စားအုန်းဆီဖြန့်ဖြူးရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်(မူကြမ်း)နှင့် စပ်လျဉ်း၍လည်းကောင်း၊ မွန်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်သို့ဖြန့်ခွဲရောင်းချရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်အလိုက် ဆိုင်တင်ရောင်းချမည့် ဆိုင်များစာရင်းတင်ပြရန်ကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်း/ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ လူမှုကူညီရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများသည် (၁-၁၂-၂၀၂၃) ရက်နေ့တွင် လူမှုကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ အသင်းဝင်စုစုပေါင်း (၂၄) ဦးတက်ရောက်ခဲ့သည်။

   အစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ရန်ပုံငွေရရှိမှုနှင့် ကူညီထောက်ပံ့ပေးခဲ့မှုအား ပြောကြားခြင်း၊ မတည်ရန်ပုံငွေများထည့်ဝင်လှူဒါန်းခြင်း၊ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် (၇) ချက်ချတ်မှတ်ခဲ့သည်။ ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခြောက်လတစ်ကြိမ် ပုံမှန်ကျင်းပသွားမည်ဖြစ်ပြီး အသင်းနှစ်ပတ်လည်အခမ်းအနားကိုလည်း နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက် စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာ ပေးခြင်းများဆောင်ရွက်ရာတွင်၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် ဆီစက်လုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်းရှင်၊ သောက်ရေသန့်လုပ်ငန်ရှင်၊ လ္ဘက်လုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ဝါစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးအသိပညာပေးခြင်း (၂၆)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးရှင်းလင်းခြင်းကို (၃၀-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ကဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ)က  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အဂတိလိုက်စားမှု တာဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်း၍ အဂတိလိုက်စားမှုပြဿနာပေါ်ပေါက်နိုင်သောအခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှုကို ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အဂတိလိုက်စားမှုများဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင် ငွေကြေးပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးခြင်း၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူခြင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုသိရှိနားလည်ပြီး အဂတိကင်းစင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး/ လုပ်နည်း စံသတ်မှတ်ချက်များနှင့်အညီ အဂတိတရားကင်းရှင်းစွာ အလေးထားဆောင်ရွက်နိုင်ရေး အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပြည်နယ်မှ ဝန်ထမ်း(၁၃)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)

           

မုံရွာခရိုင်၏ (၁၁/၂၀၂၃) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိပါသည်။

        မုံရွာခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် (၇.၁၁.၂၀၂၃)ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ "3 Star" မုန့်မျိုးစုံလုပ်ငန်းရှင်အား လည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့သည် (၂၀.၁၁.၂၀၂၃) ရက်နေ့တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ပွဲတော်အုပ်” လ္ဘက်လုပ်ငန်းရှင်အားလည်းကောင်းတွေ့ဆုံပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ အကြောင်းအရာ များ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ်သတ်မှတ်ကြောင်းအမိန့်ကြော်ငြာစာ

       စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၁ တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ရခိုင်ပြည်နယ်၊ ကျေးပင်ကြီးရပ်ကွက်၊ ကမ်းနားလမ်း၊ စစ်တွေမြို့ရှိ အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် အကောင်အထည်ဖော် တည်ဆောက်ထားသော စစ်တွေကုလားတန်ဆိပ်ခံတံတားအား ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကမ်းရိုးတန်းသွားနှင့် မြစ်တွင်းသွားသင်္ဘောများ ဆိုက်ကပ်အသုံးပြူနိုင်ရေးအတွက် ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ် ၂၆-၁၀-၂၀၂၄ ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်းအမိန့်ကြော်ငြာစာ ၅/၂၀၂၃ ဖြင့် ထုတ်ပြန်ထားရှိမှုအား သိရှိနိုင်ပါရန် အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

          ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ(၂၇)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် သောက်ရေသန့်၊ အချိုရည်၊ စားသုံးဆီ၊ အသင့်စားမုန့် အမျိုးမျိုး၊ အရံသင့်အစားအစာအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အသားနှင့်အသားထွက် ပစ္စည်းအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ စည်သွပ်အစားအစာအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်း အချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာန များမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်း ကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။   

DOCA(စစ်ကိုင်း)

 

မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိသည့်ဆီများအား ဖြန့်ခွဲနိုင်ရေး ခရိုင်/ မြို့နယ် ဆီကုန်သည်/ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

     မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိသည့် တစ်လ ဆီပေပါ (၁၆၇၀၀)လုံး၊ တစ်ရက် ဆီပေပါ (၇၁၀)လုံးအား ခွဲဝေဖြန့်ဖြူးရန် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဆီကုန်သည်/ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ချပြရှင်းလင်းဆွေးနွေးခဲ့ရာ မကွေးတိုင်း/ ခရိုင်/ မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌများအပါအဝင် ဆီကုန်သည် (၃၁)ဦး တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခွဲဝေချထားပေးသည့် စားအုန်းဆီ ခွဲတမ်းအတိုင်း အချိန်မီ ဆီဖိုးငွေ ပေးသွင်းခြင်း၊ နေ့အလိုက် ဆီထုတ်ယူခြင်း၊ သက်ဆိုင်ရာ ဒေသအရောက် ဆီသယ်ယူခြင်း၊ မြို့နယ်အားလုံးသို့ ပြန့်ပြန့်နှံ့နှံ့ဖြစ်အောင် ဖြန့်ခွဲရောင်းချခြင်း၊ ဒေသအရောက် စားအုန်းဆီ တစ်ပိဿာဈေးနှုန်းအပေါ် (၂%) အမြတ်ထက် မပိုသော ဈေးနှုန်းများဖြင့် ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များက တာဝန်ယူ၍ ဆောင်ရွက်သွားရမည်ဖြစ်၍ မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိသော တစ်ရက် ဆီပေပါ (၇၁၀)လုံး၊ တစ်လဆီပေပါ (၁၆၇၀၀)လုံး ခွဲဝေရရှိမှုအပေါ်  ခရိုင်/ မြို့နယ် ဆီကုန်သည်အသင်းများမှ တာဝန်ယူဖြန့်ဖြူးရောင်းချမည့် ဆီကုန်သည်များ အမည်စာရင်းနှင့် ဆီထုတ်ကိုယ်စားလှယ် အမည်စာရင်းတို့ကို တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၏ အတည်ပြုချက်ရယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိခရိုင်၏ လိုအပ်ချက်အပေါ် တွက်ချက်၍ တင်ပြတောင်းခံရန်နှင့် တက်ရောက်လာသည့် ခရိုင်/ မြို့နယ် ဆီကုန်သည်အသင်း ဥက္ကဌများမှ အတည်ပြုလက်မှတ် ရေးထိုး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ် ဆီကုန်သည် အသင်းများမှလည်း မိမိတို့ ခရိုင်/ မြို့နယ်အတွင်း ဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေးကို တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ခရိုင်/ မြို့နယ် ဆီကုန်သည်အသင်းမှ တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီး အတွက် တစ်ရက်ထုတ်ယူရမည့်ဆီပေပါ (၇၁၀)လုံးကို ခရိုင်အလိုက် ဖြန့်ခွဲမည့်လျာထားချက် (ခွဲတမ်း)အပေါ် အသီးသီးဆွေးနွေးချက်များအပေါ် အခြေခံ၍ ခရိုင်အလိုက်ဖြန့်ခွဲမှုစာရင်းအား အတည်ပြုပြီးနောက် အဆိုပါ ရရှိသည့်ခွဲတမ်းသည် လုံလောက်မှုမရှိသဖြင့် ခရိုင်အလိုက်ခွဲတမ်း ထပ်မံတိုးမြှင့်ရရှိရေး ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးက ဗဟိုစားအုန်းဆီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူးရေး ကော်မတီသို့ တင်ပြတောင်းခံပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုနောက် မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိသော ဆီပေပါ(၇၁၀)လုံးအား နေ့စဉ်ထုတ်ယူရန်လိုအပ်ကြောင်း၊ ခရိုင်အလိုက်ရရှိသည့် စားအုန်းဆီများကို တာဝန်ယူရောင်းချမည့် ဆီကုန်သည်အမည်စာရင်း ပြုစုပေး ပို့ရန်၊ ရရှိသည့်ဆီခွဲတမ်းအားလုံးကို မြို့နယ်အားလုံးရှိ ဆီကုန်သည်များသို့ ပွင့်လင်းမြင်သာစွာချပြပြီး ဆီကုန်သည်များအားလုံးသို့ မျှမျှတတ ခွဲဝေချထားပေးရန်၊ ဒေသအရောက် ဈေးနှုန်းအပေါ် အမြတ် ၂ % ထက်မပိုသောဈေးနှုန်းဖြင့် ရောင်းချကြရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်နှင့် ရောင်းချရာတွင် သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်များ/ ကျေးရွာများအရောက် ပြန့်ပြန့်နှံ့နှံ့ရောင်းချ ပေးရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် အစည်းအဝေးကို နေ့လယ်(၁၅:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရွှေဘိုခရိုင် (၁၁/၂၀၂၃)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့် အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည် နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာ နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

        (၂၄.၁၁.၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၄၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် စား သုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို သုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် (၁၅၀) စောင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင် (၁၁/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း အား (၄) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

     (၂.၁၁.၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ SBO (ကိတ် နှင့်မုန့်မျိုးစုံ) လုပ်ငန်းရှင်၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မေဘယ်လ်(ကိတ်နှင့်မုန့်မျိုးစုံ) လုပ်ငန်းရှင် နှင့်  ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ အောင်လံ (ကိတ်နှင့်မုန့်မျိုးစုံ)လုပ်ငန်းရှင်၊ ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေမြင့်မိုရ် (ကိတ်နှင့်မုန့်မျိုးစုံ)လုပ်ငန်းရှင်၊ တွေ့ဆုံဆွေးနွေးခဲ့ပြီး စုစုပေါင်း စီးပွားရေးလုပ်ငန်း ရှင်(၅) ဦးအား စားသုံးသူကာကွယ် ရေးဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်ဌာနမှ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ