စားအုန်းဆီများဖြန့်ဖြူးရာတွင် လုပ်ငန်းများစနစ်တကျရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း
နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စားအုန်းဆီများဖြန့်ဖြူးရောင်းချလျက်ရှိရာ လုပ်ငန်းများစနစ်တကျရှိစေရေးအတွက် မြို့နယ်အလိုက် လက်ကားကိုယ်စားလှယ်များနှင့် လက်လီရောင်းချသူများ၏အမည်၊ လုပ်ငန်းတည်နေရာ၊ လိပ်စာ၊ ဖုန်းနံပါတ် စသည့်အချက်အလက်များကိုပြုစုပေးပို့နိုင်ရေးနှင့် စားအုန်းဆီပေပါများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ထုတ်ယူမှုရှိ/မရှိ၊ သတ်မှတ်အလေးချိန်၊ ပမာဏပြည့်မီစွာရရှိမှုရှိ/မရှိ၊ သတ်မှတ်အရည်အသွေးကိုက်ညီမှုရှိ/မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်/ပင်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအဖွဲ့သည် နတ်တလင်းမြို့နယ်အတွင်း လက်ကားကိုယ်စားလှယ်များနှင့် လက်လီရောင်းချသူများ၏ နေ့စဉ်ခွဲတမ်းရသော စားအုန်းဆီပေပါများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ထုတ်ယူမှုရှိ/မရှိ၊ သတ်မှတ်အလေးချိန်၊ ပမာဏပြည့်မီစွာရရှိမှုရှိ/မရှိ၊ သတ်မှတ်အရည်အသွေးကိုက်ညီမှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး (၁၉-၁-၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)