Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကော့သောင်းမြို့ အ.လ.က(ခွဲ)၇မိုင်စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကော့သောင်းမြို့ အ.လ.က(ခွဲ) ၇မိုင်စာသင်ကျောင်း၌  ကော့သောင်းခရိုင်၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့် နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မေဇင်ဦး(ဦးစီးအရာရှိ)သည် လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်ဟုသိရှိရပါသည်။ ထိုနောက် အ.လ.က(ခွဲ)၇မိုင် စာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဖြူးမြို့ အလက(ခွဲ)၊ ထန်းကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသူကျောင်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဌာနခွဲမှူး ဒေါ်ပပလင်းက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုရန် အရေးကြီးပုံများကို ဟောပြောဆွေးနွေးပါသည်။

   ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

    ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၀ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူခရိုင်မှ စားသုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူခရိုင်မှ စားသုံးဆီလုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို ဆွေးနွေးပါသည်။

    တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက ဆီကန်ကုမ္ပဏီများမှ ဝယ်ယူခွင့်ရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ရန်ကို လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပါသည်။

    ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များမှ စားသုံးဆီလုပ်ငန်းရှင် ၁၅ ဦး တက် ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့နယ် မူလွန် ကျေးတောတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာလ၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကျေးတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဌာန်းထားမှုများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုပြီး ကုန်အညွှန်းအမှတ်အသားနှင့်အညီ လိုက်နာသုံးစွဲရန် အရေးကြီးပုံများ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲသင့်ပုံများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

    ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၉၆ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ရေတာရှည်မြို့နယ် ရေနီမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဦးဇော်ဇော်ထွေးသည် တောင်ငူခရိုင် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ် ရေးမှူး ဦးကျော်လင်းထွန်း၊ ရေတာရည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရေနီတိုက်နယ် ကျန်းမာရေးဌာနမှ ဒေါ်စိုးသန္တာအေး၊  ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရေနီဈေး တာဝန်ခံ ဦးမင်းသိုက်တို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရေနီမြို့သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

   ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည်  ရေနီဈေးအတွင်းနှင့် ဈေးပြင်ပ ရပ်ကွက်ကုန်စုံဆိုင်များတွင် ရောင်းချသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ၌ ခွင့်မပြုဓါတုဆိုးဆေးများ ပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန် အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကိုလည်းကောင်း စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   ယင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သံသယဖြစ်ဖွယ်ရာ အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို တွေ့ရှိရပါက ဓါတ်ခွဲစမ်းသပ်ရန် နမူနာကောက်ယူခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူများနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် အသိပေးပြောကြားကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ကန့်ဘလူမြို့ရှိ ပြည်သူများအား စားအုန်းဆီများ ဆက်လက်ရောင်းချပေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့်  တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်  ဆီကုန်သည်များနှင့် ပူးပေါင်းကာ (၁၁.၁၂.၂၀၂၃) ရက်နေ့ နံနက် ၀၈:၀၀ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  လူတစ်ဦးလျှင်(၅၀)ကျပ်သားကို ၂၈၅၀ ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ(၁၄၀၀)ဦးအတွက် စားအုန်းဆီ ၇၀၀ ပိဿာရောင်းချ ပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် အချိုရည်အမျိုးမျိုးရောင်းချသည့်ဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းရောင်းချနေသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ဒီဇင်ဘာလ ၇ ရက် နံနက် ၁၀:၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးစားပေးစစ်ဆေးရန်ဖြစ်သည့် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော “V-CODE” အမှတ်တံဆိပ် အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စိစစ်တွေ့ရှိရကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ရောင်းချသည့် ကုန်စည်များတွင် ညွှန်ကြားချက်(၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချရန်ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်(၂/၂၀၁၉)ပါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် "ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွင့်ဖြိုးတိုး တက်စေရန်"ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀:၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်

        ပထမဦးစွာ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှလည်း မိမိတို့ အနေဖြင့် ဆီစက်လည်ပတ်ကြိတ်ခွဲထုတ်လုပ်ရာတွင် ဒေသတွင်းတောင်သူများ သီးနှံပေါ်ချိန်မှသာ လည်ပတ်ကြိတ်ခွဲရကြောင်း၊ ဆီလာကြိတ်သည့် တောင်သူများမှပိုလျှံ၍ ရောင်းချသည့်ဆီများကို ဝယ်ယူကာ ဒေသတွင်းနှင့်အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောင်းချကြောင်း၊ လုပ်ငန်းရှင်မှ ပြန်လည်ဆွေးနွေးပြောကြားခဲ့ရာ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များရောင်းချ

   စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးနှင့်  ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများ နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ဆန်များအား  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပါသည်။

    တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့်  ဆီ (၅၀)သား (၁)ဘူးလျှင်  (၂၅၀ဝိ/)နှုန်းဖြင့် ဆီ (၃၀၀)ဘူး၊ ဆန်(၁)ပြည်လျှင် (၂၅၀ဝိ)/-ကျပ်နှုန်းဖြင့် ပြည်(၄၀၀)တို့ကို  ရောင်းချခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများမှ လာရောက်ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စိတ်စွမ်းအား သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းရှဲန်ရွာ၊ ကတ်ဖအုပ်စု၊ မိုင်းလားလမ်း၊ ကျိုင်းတုံမြို့အတွင်းရှိ “စိတ်စွမ်းအား” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် “စိတ်စွမ်းအား” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

     ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

         

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ