စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း တစ်လလျှင် (၁၀)ရွာရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၉.၄.၂၀၂၃) ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီ အချိန်၊ ပြည်မြို့နယ် တလုပ်ပင်ကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသော စိုက်ပျိုးမွေးမြူရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာနေ တောင်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံစိုက်တောင်သူ အစုအဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ဆီစားသုံးမှု လျော့ချရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)