ရွှေတောင်မြို့နယ်တွင် နွေနှမ်းများစိုက်ပျိုးပြီးစီး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် နွေနှမ်းများစိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ၊ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် (၂၄.၄.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်တွင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စုတွင် နွေနှမ်းများ စမ်းသပ်စိုက်ပျိုးထားရှိရာ ရွှေတောင်မြို့နယ်အနေဖြင့် (၁၃၄) ဧက စိုက်ပျိုးပြီး ဖြစ်ပါသည်။ စိုက်ပျိုးသည့် နှမ်းအမျိုးအစားမှာ နှမ်းနက်မျိုးဖြစ်ပြီး တစ်ဧကလျှင် မျိုး(၂) ပြည်ဖြင့် စိုက်ပျိုးရပြီး၊ ထွန်ယက်ခမှာ တစ်စပ်ထွန်လျှင် (၃)သောင်းကျပ်ဖြစ်၍ (၃)စပ်ထွန်လျှင် (၁၂၀၀၀၀)ကျပ် ကုန်ကျကြောင်း သိရပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ယခင်နှစ်များတွင် နွေနှမ်းစိုက်ပျိုးထုတ်လုပ်မှုမရှိဘဲ ယခုနှစ်တွင် ဆီထွက်သီးနှံဖြစ်သော နှမ်းနှင့်မြေပဲမှာ ဈေးနှုန်းများ မြင့်တက်လာခြင်း၊ မြစ်ရေတင်စီမံကိန်းမှ ရေပေးဝေရာတွင် ရေများ၍ လယ်စိုက်မရသောနေရာတွင် အစိုဓာတ်လက်ကျန်များရှိသောမြေတွင် နွေနှမ်းများကို စတင်ကာ စမ်းသပ်စိုက်ပျိုးထားရှိကြောင်း သိရပါသည်။ ထိုသို့ စမ်းသပ်စိုက်ပျိုးရာ ယခုအချိန်တွင် နှမ်းပင်များပေါက်လာသဖြင့် နောက်လများတွင် နှုတ်သိမ်းရမည်ဖြစ်ကြောင်း သိရပါသည်။
နှမ်းဈေးနှုန်းများအနေဖြင့် ယခုအချိန်တွင် ဈေးအနည်းငယ်ကျနေသဖြင့် နှမ်းနက်တစ်တင်းလျှင် (၆၁၀၀၀) ကျပ်ဖြစ်ပြီး ယခင်လများတွင် နှမ်းနက်တစ်တင်းလျှင် (၉၀၀၀၀)ကျပ် ဖြစ်၍ တောင်သူများက နှမ်းများကို ပိုမိုစိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)