အလှကုန်ဆိုင်ကြီးများသို့ဈေးကွက်စောင့်ကြည့်စစ်ဆေး
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြမှုရှိစေရေး ရည်ရွယ်၍ ပြည်မြို့ပေါ်ရှိ အလှကုန်ဆိုင်ကြီးများဖြစ်သော AEC ၊ YADANA ၊ သန္တာဆန်း၊ ရေချမ်း စသောဆိုင်ကြီးများသို့ (၂၁.၄.၂၀၂၃)ရက်နေ့တွင် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင် FDA တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် လုပ်ငန်ရှင်များမှ မိမိတို့ရောင်းချမည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါရှိသည့် အလှကုန်များကိုသာရောင်းချကြရန်၊ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော၊ မြန်မာဘာသာနှင့် ဖော်ပြလေ့မရှိသော အလှကုန်များကို အချို့အလှကုန်ကုမ္ပဏီများမှ လာရောက်တင်သွင်းပါက ကုန်အညွှန်းပြည့်စုံမှုမရှိသည့်အတွက် တင်သွင်းရောင်းချမှု မပြုကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီရောင်းချကြရန်၊ နောက်ပိုင်းကာလများတွင် စစ်ဆေးမှုများနှင့် အရေးယူမှုများ ပြုလုပ်ဆောင်ရွက်လာမှာဖြစ်သည့်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်များကို ရောင်းချကြရန်နှင့် အထူးလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သိရသည်။
DOCA(ပဲခူး)