Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မရမ်းကုန်းကျေးရွာ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး၌ (၂၁-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ မရမ်းကုန်ကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကို ပြည်သူများသည် မိမိတို့၏အခွင့်အရေးများကိုသိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါ ပညာပေးဟောပြောဆွေးနွေးမှုတွင် ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်၊ မရမ်းကုန်းကျေးရွာရှိ ပြည်သူ(၁၀)ဦးအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အကြောင်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီးနောက် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းကိုရှင်းလင်းပြီး စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၄)၊ အခန်း(၆)၊ အခန်း(၉)၊ အခန်း(၁၀)၊ အခန်း(၁၁၊ ၁၂)၊ အခန်း(၁၈)နှင့် အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်းအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသောပြည်သူများကသိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး ဟောပြောပွဲသို့ ပြည်သူ(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရစေမှုရှိစေရေး ကွင်းဆင်းလေ့လာစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် (၂၁-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ ဦးအောင်ရွှေ၏ ဧရာဝတီဆန်စက်သို့သွားရောက်၍ ဈေးကွက်မရောက်မီကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်က ဧရာဝတီဆန်စက်ပိုင်ရှင် ဦးအောင်ရွှေအားတွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းစဉ်များအကြောင်းကိုမေးမြန်းခဲ့ပြီး ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့မှုအခြေအနေ၊ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ လက်ကျန်စပါးနှင့် စီးဝင်စီးထွက်မှုအခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို စနစ်တကျ အလေးချိန်မှန်ကန်ပြည်ဝစွာဖြင့် ထုတ်ပိုးမှု၊ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်စေရး၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပြီး ဈေးကွက်မရောက်မီကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အလေးပေးဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့၊ မြို့မဈေးအတွင်းရှိ လူသုံးကုန်၊ အလှကုန်၊ မုန့်မျိုးစုံဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးသည် (၂၁-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေးသို့သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မုန့်မျိုးစုံ/အလှကုန်/လူသုံးကုန်နှင့် မုန့်မျိုးစုံဆိုင်(၄)ဆိုင်မှ ရောင်းချနေသောကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်း ရောင်းချနေသောကုန်စည်များတွင် FDA ၏တားမြစ်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသောမုန့်များကို ဈေးကွက်အတွင်းရောင်းချနေခြင်းရှိ/မရှိ၊ ဈေးအတွင်း ကုန်မျိုးစုံတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိနှင့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် စစ်ဆေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရတနာဈေးရှိ ကုန်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်က  ဝါးခယ်မမြို့နယ်၊ ရတနာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့ကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက ရတနာဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ပြဋ္ဌာန်းချက်များမှ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်နှင့်   ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနကဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဥပဒေညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဇလွန်မြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၏ မြို့နယ်တာဝန်ခံသည် စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လမ်းမတော်မြောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဧရာဝတီဓာတ်မြေဩဇာဆိုင်တွင်ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး တရားမဝင်သောကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်ဇာဇာချိုဦးသည် စားသုံးသူပြည်သူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၄-၄-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့်စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ နှင့် ဌာန၏ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါ တားမြစ်ထားသည့် စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနကလည်း ကုန်ပစ္စည်းရောင်းချသည့်ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုပါ ထည့်သွင်းဖော်ပြရပါမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် (၂၂-၄-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြစ်မခဆောင်၌ဖွင့်လှစ်သည့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ (၅)ဦး၊ သင်တန်းသား/သူ(၃၈)ဦး၊ စုစုပေါင်း(၄၃)ဦးတက်ရောက်ခဲ့ကြပါသည်။

    သင်တန်းဆရာ ဦးမောင်မောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာန၏သမိုင်းကြောင်းနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဌာနကဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၉)ပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသကာ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများက တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့်  Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ကိတ်မျိုးစုံ၊ ပေါင်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံအသိပညာပေးခြင်း

     မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မျှော်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် စိုက်ပျိုးမွေးမြူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ်တာဝန်ခံ၊ ဦးစီးမှူး ဦးဆန်းလင်းမောင်သည် မိတ်ဖက်ဌာနဖြစ်သောမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်  (၂၅-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ကိတ်မျိုးစုံ၊ ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းရှင် ဒေါ်မူမူအားတွေ့ဆုံ၍ အသိပညာပေးမှုများဆောင်ရွက်ခဲ့ပါသည်။

     မြို့နယ်တာဝန်ခံက အသိပညာပေးပြောကြားရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၈)၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးကာ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ကြော်ငြာချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက်  ခရိုင်/တိုင်းရုံးများသို့ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အခြားဌာနများနှင့်ချိန်ဆက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းဆွေးနွေးခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့်  ကြေငြာချက်အမှတ် (၂/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

Online Shop လိမ်ညာမှုများမဖြစ်စေရေး Talk Show အစီအစဉ်ဖြင့် အသိပညာဆွေးနွေးပေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၁-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူပြည်သူများ Online Shop ရောင်းဝယ်မှုပြုလုပ်ရာတွင် လိမ်ညာမှုများမဖြစ်စေရေး Talk Show အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

     Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို Online မှတစ်ဆင့်ဝယ်ယူသည့်အခါ နစ်နာ ဆုံးရှုံးမှုများမဖြစ်စေရန်နှင့် အမျိုးမျိုးသောလိမ်လည်မှုများမဖြစ်ပေါ်စေရေးအတွက် Online Shop မဝယ်ယူမီ သတိပြုရမည့်အချက်များဖြစ်သော မိမိဝယ်ယူမည့်ပစ္စည်းနှင့်ပတ်သက်သည့် ပြည့်စုံမှန်ကန်သောသတင်းများကို ကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ Online Website များတွင် နာမည်ဂုဏ်သတင်းကောင်းမွန်သော Official Website ကို ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ Online Shopping Page တွင်ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များအား မြေပြင်တွင် လက်တွေ့အသုံးချမှုရှိ/မရှိကို ကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ မိမိဝယ်ယူမည့် Online Shop သည် စားသုံးသူအများစုယုံကြည်လက်ခံထားသော Online Shop ဟုတ်/မဟုတ်ကိုလည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၏ တရားဝင်ခွင့်ပြုထားသော Online Shop ဟုတ်/မဟုတ်လည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ လုံခြုံစိတ်ချရသောငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းဟုတ်/မဟုတ်စိစစ်ရန်လိုအပ်ပါကြောင်း၊ ယုံကြည်စိတ်ချရသော Online ရောင်းဝယ်သူများမှ Group ဖွဲ့ထား သော Online Shop Platform များနှင့်ချိတ်ဆက်ထားခြင်းရှိ/မရှိ၊ Facebook Page တွင် Blue Mark အမှတ်အသားရရှိထားခြင်းရှိ/မရှိနှင့် သုံးစွဲထားသောစားသုံးသူများ၏မှန်ကန်သော သုံးသပ်ချက် Review ကောင်းများရရှိထားခြင်းရှိ/မရှိ စသည့်အချက်များကို ကြည့်ရှုဝယ်ယူရန်လိုအပ်ပါကြောင်း၊  ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Online Shop လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ရောင်းချခဲ့သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး မှန်ကန်ပြည့်စုံသောသတင်းအချက်အလက်များပေးဝေရန်လိုအပ်ပြီး မိမိတို့လုပ်ငန်း၏ဂုဏ်သတင်းကောင်းမွန်ပြီး ရေရှည်တည်တံ့စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်၏ကျင့်ဝတ်များကိုလိုက်နာပြီး မှန်ကန်သောဝန်ဆောင်မှုပေးရန်လိုအပ်ပါကြောင်းနှင့် စားသုံးသူများ၏နစ်နာဆုံးရှုံးမှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ၎င်းနောက် Online မှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူများအနေဖြင့် လိမ်ညာလှည့်စားမှုများခံစားရပါကလည်း မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများအပြင် နစ်နာဆုံးရှုံးမှုများအား ကူညီကုစားပေးလျက်ရှိပါသောကြောင့် မိမိတို့ဌာန၏ Website ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်၍သော်လည်းကောင်း၊ (၁၅၃၅) Call Center သို့လည်းကောင်းခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်းကိုလည်း သတင်းစကားပါး၍ ဆွေးနွေးခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)

မြို့သစ်မြို့၊ စည်ပင်သာယာဈေး၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့်အန္တရာယ်ကင်းသည့်စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ  ကုန်အညွှန်းအမှတ်အသားများနှင့် စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအား ဒေသခံပြည်သူများသိရှိနားလည်သဘောပေါက်စေရန်အတွက် (၁၉-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စည်ပင်သာယာစျေးသို့သွားရောက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

  အဆိုပါဆွေးနွေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ဈေးသည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်နှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအကြောင်း၊ တားမြစ်ထားသောစားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ