Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့ ကုန်မျိုးစုံဆိုင်ရှိ စားသုံးသူပြည်သူ(အလုပ်သမား)များအား စားသုံးသူအသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်  (၂၀၂၃)ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကိုဝင်းနောင်ကုန်မျိုးစုံဆိုင်ရှိ စားသုံးသူပြည်သူအလုပ်သမား(၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။
ထိုဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များကို သိရှိကြစေရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်သောကုန်စည်များကိုသာ ရွေးချယ် ဝယ်ယူရောင်းချရန်၊ တရားမဝင်ကုန်စည်များ ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ဘေးအန္တရာယ် မရှိသော ကုန်စည်များကိုသာ  ရွေးချယ်ဝယ်ယူကြရန်တို့အား ရှင်းလင်းပြောကြားကာ ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲသော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ရှိလာပါက ရှင်းလင်းတင်ပြခြင်းနှင့် တိုင်ကြားခွင့်စင်တာများ ဖွင့်လှစ်ကာ တိုင်ကြားမှုကို လက်ခံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် Call Center မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်၊၊

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ် စားသုံးဆီ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအသင်း(ယာယီ) ဖွဲ့စည်းခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၁၈.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီရောင်းချသူလုပ်ငန်းရှင်(၇)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက် ခဲ့ပါသည်။

ထိုဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက တက်‌ရောက်လာသူ စားသုံးဆီလုပ်ငန်းရှင်များအား   မြို့နယ်အနေဖြင့် (ယာယီ) အသင်းဖွဲ့စည်းပေးခဲ့ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေအရ  အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်စပ်လျဉ်းပြီး ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပါရှိနေပြီဖြစ်ကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ရှိလာပါက ရှင်းလင်းခွင့်၊ တိုင်ကြားခွင့်များအား စားသုံးသူရေးရာဦးစီးဌာနတွင် စင်တာများ ဖွင့်လှစ်၍ တိုင်ကြားမှုများအား လက်ခံပါကြောင်း၊ နေပြည်တော်၊ တိုင်း/ ခရိုင်များတွင် တိုင်ကြားနိုင်ကြောင်းနှင့် Call Center 1535 မှတစ်ဆင့်လည်း တိုင်ကြားနိုင်ကြောင်းအချက်များကို ထည့်သွင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီကုန်သည်လုပ်ငန်းရှင်များအား စားသုံးသူ အသိပညာပေးဟောပြော

ဖျာပုံခရိုင်၊ စာသုံးသူရေးရာဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၁၉.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် စာသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူးက အဖွင့်စကားပြောကြားရာတွင် ဆီကုန်သည်များအနေဖြင့် ရည်ညွှန်းဈေးဖြင့် ရရှိသောစားအုန်းဆီများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးရန် ဌာနကလည်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မြို့နယ်အလိုက်  စားဆီအသင်းများကိုလည်း အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွဲ့စည်းရန် လိုအပ်ပါကြောင်း   ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ မြို့နယ်တာဝန်ခံက ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များအရ ဈေးကွက်အတွင်း စားသုံးဆီများအနက် အချို့သော စားသုံးဆီများကို ဟင်သီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)ဟု ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိပါသည်။ အဆိုပါကုန်စည်၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင်  စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်၊   အသားတင်အလေးချိန်တို့ကို ပိဿာ၊ ကျပ်သားဖြင့် ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားရန် (၁၈.၁၂.၂၀၂၂)ရက်နေ့ ကြေးမုံသတင်းစာတွင် ထုတ်ပြန်ထားပြီဖြစ်ပါကြောင်း၊ ပြည်ပမှတင်သွင်းထားသည့် စားသုံးဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ခြင်းညွှန်ကြားချက်အရလည်း ရန်ကုန်မြို့ ဆီသိုလှောင်ရုံးခန်းများမှ လက်ကားဖြန့်ချီခြင်းလုပ်ငန်းစဉ်ကို (၂၀၂၂)ခုနှစ်၊ မေလ(၁)ရက်နေ့မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်ဆီသိုလှောင်ရုံးခန်းများမှ ဆီများကို လာရောက်ထုတ်ယူရာတွင် သက်မှတ်ထားသည့် အဝါရောင်ပေပါသစ်(သို့မဟုတ်)သန့်စင်ပြီး အဝါရောင်ပေပါများဖြင့် ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ကို ဒေသတွင်းဆီလုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပေးဆွေးနွေးခဲ့ပြီဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်  တိုက်တွန်းလိုပါကြောင်း၊ အခြားသောထုပ်ပိုးထားသည့်ကုန်စည်များလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြရန် လိုအပ်ပါကြောင်း  ဟောပြောခဲ့ပါသည်။ ထိုနောက်တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့မဈေးကြီးအတွင်းရှိ ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိဈေးကွက်စောင့်ကြည့်

စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းတို့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မဈေးရှိ မိဘရိပ်ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးအတုအပများ ရောင်းချခြင်းမပြုရန်၊ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ကုန်စည်များ၊ ဆေးဝါးများရောင်းချခြင်းမပြုရန်နှင့် ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်မှု၊ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးရာ တိုင်းရင်းဆေးများတွင်လည်း ကုန်အညွှန်းအမှတ်အသားနှင့် တိုင်းရင်းဆေးမှတ်ပုံတင်ထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ဈေးနှုန်း၊ ဈေးကွက်အကြောင်းနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိ/မရှိကိုလည်း တွေ့ဆုံမေးမြန်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

တောင်ငူမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

       အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့အတွင်း ရောင်းချနေသော အလှကုန်များ၊ စားသောက်ကုန်များနှင့် ဆေးဝါးများကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများဖြစ်ကြသော စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ (၂၄.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်လျက် တောင်ငူမြို့ ဘုရင့်နောင်ဈေးအတွင်း ရောင်းချနေသော ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ အလှကုန်ဆိုင်များတွင် ရက်လွန်အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ခွင့်မပြုဓါတုဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးသည် ဈေးအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်စဉ်တွင် ဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား တရားမဝင်ဆေးဝါးနှင့် ကုန်ပစ္စည်းများ ရောင်းချခြင်းသည် စားသုံးသူကို နစ်နာဆုံးရှုံးမှုဖြစ်စေသည့်အပြင် နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သည့် အခွန်ငွေကို ဆုံးရှုံးစေသဖြင့် တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ၊  မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားထားပြီးဖြစ်ရာ မြန်မာဘာသာဖြင့် ဖော်ပြရောင်းချကြရန်နှင့် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချကြခြင်းမပြုရန် ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဘိုကလေးမြို့မ(၆)ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက်နေ ပြည်သူ(၇)ဦးတို့အား ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊  ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းတို့ကို ရှင်းလင်းဟောပြောကာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ စားသုံးသူများ သိရှိစေရန်၊ ရွေးချယ်ဝယ်ယူနိုင်စေရန်နှင့် Coffee  Shop နှင့် Happy Water Coffee Mix တွင် မူးယစ်ဆေးပါဝင်သဖြင့်  ဝယ်ယူစားသောက်ခြင်း  မပြုကြရန် တို့အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စည်နှင့်  ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှု  တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  စားသုံးသူရေးရာဦးစီးဌာနသို့   တိုင်ကြားနိုင်သည့်အပြင် Call  Center  (1535) မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Global Earth Argo & Aqua public Co.,Ltd ၏ စနစ်သစ် မြစ်ငါးတန်မွေးမြူရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု အလားအလာကောင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် ဆန်စပါးကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍနှင့် ငါးလုပ်ငန်းကဏ္ဍကိုလည်း တိုးတက်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါသည်။

စနစ်သစ်ငါးတန်မွေးမြူရေးစီမံကိန်းကို ဧက(၉၀၀)ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ရေရရှိမှုအနေဖြင့် ရွှေလောင်းချောင်းမကြီးမှ တိုက်ရိုက်သွယ်ယူ၍ ရေကို သဘာဝအတိုင်း ဆင်းသက်စေပြီး ဘီတာအကောင်ရေ တစ်သိန်းမှစ၍ စုဆောင်းမွေးမြူခဲ့ရာ တစ်နှစ်ပတ်လုံး မျိုးဖောက်နိုင်ရေးအတွက် စနစ်သစ်ငါးတန်မွေးမြူရေး လုပ်ငန်းစဉ်များအတိုင်း မျိုးဖောက်ကန် အရွယ်အစားအလိုက် ငါးမွေးကန် ရေဆိုးထုတ်ခြင်း၊ အောက်စီဂျင်လွှတ်ပေးခြင်း၊ အလိုအလျောက် အစာကျွေးခြင်းစနစ်တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့်အပြင် ပြည်ပက နှစ်သက်သော ဈေးကွက်ဝင် ဈေးကောင်းရ အရည်အသွေးကောင်းသော ငါးတန်များထုတ်လုပ်လျက်ရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

စနစ်သစ်ငါးတန်မွေးမြူရေးသည် စီမံကိန်းလုပ်ငန်းအစတွင် ကန်ကြပ်မွေးမြူရေးစနစ်ကို အသုံးပြုခဲ့ပြီး တစ်မီတာပတ်လည်တွင် (၃၅)ကောင်နှုန်းဖြင့် စတင်မွေးမြူသည်မှစ၍ (၁၀၀)ဂရမ်အောက်ငါးများအတွက် ပြည်တွင်းထုတ် ထူးသစ်ရေပေါ်စာ နှစ်ရာခိုင်နှုန်း၊ (၁၀၀)ဂရမ်အထက်  အရွယ်တက်လာပါက လေးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်းအထိ အစားတိုးကျွေးခြင်း၊ (၁၀၀)ဂရမ်နှင့် (၂၀၀)ဂရမ်ကြားတွင် ထူးသစ်ရေပေါ်စာကို တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ လျော့ကျွေးခြင်းစသည်ဖြင့် ငါး၏ ကြီးထွားနှုန်းနှင့် အာဟာရပြည့်ဝသောငါးတန်များ ရရှိရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ်တွင် စနစ်သစ်ငါးတန်မွေးမြူရေးစီမံကိန်းမှာ မြေသားကန်များထက် ပိုမိုကောင်းမွန်သော သံကန်(၉၀)နှင့် စနစ်သစ်ရေဆိုးထုတ်စနစ်၊ သဘာဝရေဖြည့်သွင်းခြင်းစနစ်နှင့် ဥမှစ၍ ဈေးကွက်ဝင် ငါးတန်များ ရရှိလာသည်အထိ organic ငါးတန်များ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ငါးတန်ဈေးကွက်ကို ရန်ကုန်သို့ နေ့စဉ်ပိဿာ(၁၅၀၀၀) တင်ပို့ဈေးကွက်ရရှိနေပြီး၊ ငါးတန်တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဈေးကွက်ရရှိနေကြောင်း ငါးမွေးမြူရေးတာဝန်ခံပြောပြချက်အရ သိရှိခဲ့ရပါသည်။ (၈၀)ကျပ်သား၊ (၉၀)ကျပ်သားရှိ ငါးတန်များကို ရန်ကုန်တွင် ငါးတန်ခြောက် ပြုလုပ်ရောင်းချလျက်ရှိနေကြောင်းနှင့် မွေးစမှ (၈)လအတွင်း ကန်ဖော်ရောင်းချနိုင်သည့် ဈေးကွက်ဝင်ငါးတန်များ ရရှိကြောင်းနှင့် ပြည်ပဈးကွက်ရရှိနိုင်ရေးအတွက်အအေးခန်းစက်ရုံနှင့် အသားလွှာစက်ရုံစီမံကိန်းများ လုပ်ကိုင်လျက်ရှိသည့်အပြင်၊ ငါးတန်မွေးမြူရေး ငါးသားပေါက်မှစ၍  ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အပေါ် ငါးမွေးကန်စက်ရုံ၊ အလုပ်ရုံနှင့် လူနေအိမ်၊ ရုံးခန်းများအတွက်ကိုယ်ပိုင် Gasifier  မီးပေးနိုင်‌ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်ရေးအတွက် ရေဆိုးသန့်စင်နည်းစနစ်ကို  အိန္ဒိယမှပညာရှင်များနှင့်  ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး  Gasifier မီးပေးနိုင်ရေး  စီမံကိန်းပြီးဆုံးပါက   နေ့စဉ် Global Earth Argo & Aqua public Co.,Ltd  စနစ်သစ် မြစ်ငါးတန်မွေးမြူရေး လုပ်ငန်းခွင်တစ်စု လုံးကို အချိန်ပြည့်လျှပ်စစ်ပေးနိုင်ရုံသာမက ပိုလျှံသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပေးပို့ ဆောင်ရွက်သွားနိုင်မည့်အခြေအနေကောင်းများကို လေ့လာတွေ့ရှိခဲ့ရပါသည်။ သို့ဖြစ်ပါ၍ Global Earth Argo & Aqua public Co.,Ltd မှ ငါးတန် မွေးမြူရေးအောင်မြင်မှု အခွင့်အလမ်းကောင်းများ၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုအပေါ် ဈေးကွက်ခိုင်မာမှုရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသလောက်နည်းပါးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော Gasifier မီးပေးနိုင်ရေးစသည့် စီးပွားရေးအ‌ခြေခံ ကောင်းများ၊ လူမှုပတ်ဝန်းကျင်ကောင်းများအား တွေ့ရှိရပါသည်။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုဇွန်အပါအဝင် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ နေမှုပမာဏသည် အိမ်နီးချင်းနိုင်ငံတို့၏ တင်ပို့မှုပမာဏထက် နည်းပါးနေသောကြောင့် ပြည်ပဝယ်ယူမှုပမာဏမြှင့်တင်ရာ တွင် သဘာဝမြစ်ချောင်းများမှ ငါးများကို ဖမ်းစီးရောင်းချခြင်းထက် စနစ်သစ်မွေးမြူရေးနည်းလမ်းများကို အောင်မြင်စွာဆောင်ရွက်ကာ တင်ပို့သင့်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA (ဧရာဝတီ)

နတ်တလင်းမြို့နယ် ဈေးကွက်အတွင်းရှိ အလှကုန် ဖြန့်ဖြူးရောင်းချသည့်အရောင်းဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေး

   နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော အလှကုန်ပစ္စည်းတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းကို(၂၄.၄.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသားဖြင့် ဖော်ပြထားသောကုန်စည်များကိုသာ  ထုတ်လုပ်တင်သွင်းရောင်းချဖြန့်ဖြူးသွားရန် ၊ မိမိတို့‌ရောင်းချသည့် အလှကုန်ပစ္စည်းများအပေါ် ကုန်အညွှန်းအမှတ်အသား ကြည့်ရှုတတ်စေရန် နမူနာပြ၍ အသိပညာပေးခြင်းနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီခြင်းမရှိသည့် ကုန်ပစ္စည်းများ ‌ရောင်းချခြင်းမပြုရန် စောင့်ကြည့်စစ်ဆေးပြီး   လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဝါးမှသည် အဆင့်မြင့်ထုတ်ကုန်ဆီသို့

ဝါးမှသည် အဆင့်မြင့်ထုတ်ကုန်ဆီသို့

မြန်မာနိုင်ငံတွင် ဝါးပင်သည် ရိုးမတောကြီးများတွင် အများအပြားပေါက်ရောက်ကြပါသည်။ ဝါးပင်ကို အဓိကစိုက်ပျိုးသောဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကြံခင်း၊ မြန်အောင်၊ စစ်ကိုင်းဒေသကြီး၊ ချင်းတွင်း မြစ်ရိုးတစ်လျှောက်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် စိုက်ပျိုးကြပါသည်။ စီးပွားရေးအရ ဈေးကွက်ဝင်သည့် ဝါးအမျိုးအစားများမှာ ဝါးပိုးဝါး၊ ဝါးနက်ဝါး၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်ဝါး၊ တင်းလယ်မဲဝါး၊ တင်းဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြသောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖိုဝါး၊ ကြခက်ဝါး၊ ဝါးမင်းနှင့် ခဲလံဝါးတို့ဖြစ်ပါသည်။ ဝါးယားသည် ကွေးညွှတ်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ငြမ်းဆင်သည့်ဝါးအဖြစ် အသုံးပြုကြပါသည်။

ဝါးပင်မဖြစ်မီစ၍ ပေါက်လာသောဝါးစို့ပေါက်ကို လူအများက ချိုးယူ၍ မျှစ်စို့ပေါက်အဖြစ် မျှစ်စပ်၊ မျှစ်ချဉ်၊ မျှစ်ပြုတ်အဖြစ် အမျိုးမျိုးချက်ပြုတ်၍ စားသောက်ကြပါသည်။ မျှစ်စို့ပေါက်ကို မိုးရာသီအချိန်တွင် အများအပြား ရရှိနိုင်သဖြင့် စားသုံးသူများက သူ့ချည်းပဲဖြစ်စေ၊ အချဉ်လုပ်၍ဖြစ်စေ ကြက်သား၊ ငါးတို့ဖြင့် ရော၍ဖြစ်စေ စားသောက်ကြပါသည်။ ထိုမှတစ်ဆင့်ကြီးလာသော မျှစ်စို့ပေါက်မှ ဝါးအဖြစ် အသွင်ပြောင်းပြီး လူအများက ဝါးကို အမျိုးမျိုးအသုံးပြုကြပါသည်။ ဝါးကို အိမ်တိုင်၊ အခင်း၊ အိမ်၏ အမိုးအကာအဖြစ်လည်းကောင်း၊ အခြားလူအသုံးအဆောင်ပစ္စည်းများအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ ဝါးပင်၏ အမြစ်ပိုင်းကို ဆေးလိပ်သောက်ရာတွင် အသုံးပြုသော ဆေးအိုးတံများ၊ တောင်ဝှေးခေါင်းနှင့် အလှအပ ပစ္စည်းအဖြစ် အသုံးပြုခြင်း၊ ပင်စည်ပိုင်းကို လူတို့အတွက်အသုံးဝင်သည့် လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် အသုံးပြုခြင်းတို့အပြင် အဖျားပိုင်းရှိ ဝါးရွက်များကို နွားစာအဖြစ်လည်း အသုံးပြုကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ကိုးကွင်းစဉ်ရွာတွင် ဝါးကုလားထိုင် အတို/အရှည်များကို လုပ်ငန်းရှင် (၄)ဦးတို့မှထုတ်လုပ်ရောင်းချကြောင်း သိရပါသည်။

ဝါးကုလားထိုင်လုပ်ငန်းအခြေအနေ လေ့လာတွေ့ရှိချက်

          ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ကိုးကွင်းစဉ်ရွာတွင် ဝါးကုလားထိုင်လုပ်ငန်း လုပ်ကိုင်သူ ဦးသန်းထွန်းက ဝါးကုလားထိုင်လုပ်ကိုင်ရာတွင် လုပ်သားအရေအတွက် (၇၅)ဦးရှိပြီး၊ တစ်နေ့လျှင် လုပ်သားတစ်ဦး လုပ်အားခရငွေမှာ (၄၅၀၀-၅၀၀၀)ကျပ်ခန့် ပေးချေရသည်ဟု သိရပါသည်။ လုပ်သားတစ်ဦးလျှင် တစ်နေ့လျှင် ဝါးကုလားထိုင် (၃)လုံးခန့် ပြုလုပ်နိုင်ပြီး လိုအပ်သောဝါးများကို မကွေးတိုင်း၊ ကံမမြို့မှ ဝယ်ယူ၍ ပြုလုပ်ရကြောင်း သိရပါသည်။ ဝါးကုလားထိုင် တစ်လုံးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ (၂၀၀၀)ကျပ်ခန့် ကုန်ကျပြီး ကုလားထိုင်တစ်လုံးရောင်းရငွေမှာ (၄၅၀၀)ကျပ် ခန့်ရှိကြောင်း သိရပါသည်။ ကုလားထိုင်တစ်လုံး၏ အသားတင်အကျိုးအမြတ်မှာ (၂၀၀၀)ကျပ်ခန့် ရရှိကြောင်း သိရပါသည်။ ရွှေတောင်မြို့မှထွက်ရှိလာသော ဝါးကုလားထိုင်များကို ဝါးလည်ကျေးရွာရှိ ရန်ကုန်၊ ပြည်ကားလမ်းဘေးတွင် အထိုင်ချ၍ ရောင်းချကြသဖြင့် အဝေးပြေးကားဖြင့် ခရီးသွားကြသော ခရီးသွားပြည်သူများ၊ ကိုယ်ပိုင်ကားဖြင့် ခရီးသွားကြသော ပြည်သူများက ဝယ်ယူကြသလို ကုန်တင်ကားများဖြင့်လည်း ဝယ်ယူကြပြီး အနီးအနားရှိ မြို့ရွာများသို့လည်းသွားရောက်၍ ရောင်းချကြောင်းသိရပါသည်။ ဝါးကုလားထိုင်များကို တစ်ဒိုင်လျှင် တစ်နေ့အလုံး(၂၀)ခန့် ရောင်းချရကြောင်း သိရှိရပါသည်။

သုံးသပ်တင်ပြချက်

          ထိုသို့ဝါးကုလားထိုင်များသာမက တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လူ့အသုံးအဆောင်ပစ္စည်းများကိုလည်း သေသပ်ခမ်းနားစွာ ပြုလုပ်ပြီး ရောင်းချနိုင်မည်ဆိုလျှင် အကျိုးအမြတ်များ ပိုမိုရရှိလာမည့် အပြင်ပြည်တွင်းရှိအလုပ်သမားများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ ဝါးပင်မှအစပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်နိုင်မည်ဆိုလျှင် နိုင်ငံခြားသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလာနိုင်သလို ပြည်တွင်းဈေးကွက်တွင်လည်း ဝင်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး၊ ရွှေတောင်မြို့နယ်အနေဖြင့်လည်း ဝါးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်မြို့နယ်အဖြစ် လူသိများလာနိုင်မှာလည်းဖြစ်သလို အမြတ်အစွန်းများ ပိုမိုရရှိလာနိုင်မည်ဆိုလျှင် လုပ်ငန်းရှင်အရေအတွက်လည်း ပိုမိုများပြားလာနိုင်မှာဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA (ပဲခူး)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၁၈.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီက  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ အောင်သပြေဈေးရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်း  ရောင်းချနေသော မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များအနက်စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုရှင်းလင်းပြောကြားကာ၊ ဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသား ဖော်ပြကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်တို့အတွက် ဈေးကွက်တွင်ရောင်းချနေသော ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ