ဟိုပုံးမြို့တွင် ပြည်ပပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Export Promotion Task Force) ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်၍ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တို့မှလိုက် ပါ၍ (၁၁.၆.၂၀၂၃) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပွဲရုံလုပ်ငန်းရှင်များ၊ ဆန်အစုအဖွဲ့၊ ပြောင်းအစုအဖွဲ့၊ အာလူးအစုအဖွဲ့၊ ထောပတ်အစုအဖွဲ့၊ ပင်မှည့်အစုအဖွဲ့၊ ငရုတ်သီးအစုအဖွဲ့၊ နာနတ်အစုအဖွဲ့၊ ကော်ဖီအစုအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
Task Force အဖွဲ့မှ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေသခံလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့၊ အစုအဖွဲ့များမှ လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် ဟိုပုံးမြို့ရှိ Coffee Neo စက်ရုံလုပ်ငန်းဆောင်ရွက်နေမှုများနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)