ကျိုတ်လတ်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုတ်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ (၁၈-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးတင်စိန်သည် ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အချက်များကို အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးမှု၊ ကုန်စည်အပေါ်တာဝန်ရှိမှု၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ Coffee Shop နှင့် Happy Water Coffee Mix အထုပ်ထဲတွင် မူးယစ်ဆေးဝါးများပါဝင်သည့်အတွက် ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် ဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်( ၇ )ဦးတက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများသာမက ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသည်များကို Call Center (1535) သို့ မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ဧရာဝတီ)