Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတခရိုင်တွင် တရားမဝင် စက်ဆီ၊ ချောဆီများ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ဇလွန်မြို့နယ်နှင့် မြန်အောင်မြို့နယ်တွင် (၂.၅.၂၀၂၂) နေ့ကလည်းကောင်း၊  ကြံခင်းမြို့နယ်တွင် (၃.၅.၂၀၂၂) နေ့က လည်းကောင်း၊ လေးမျက်နှာမြို့နယ်တွင် (၄.၅.၂၀၂၂) နေ့ကလည်းကောင်း၊ အင်္ဂပူမြို့နယ် တွင် (၅.၅.၂၀၂၂) နေ့ကလည်းကောင်း၊ ဟင်္သာတမြို့နယ်တွင် (၆.၅.၂၀၂၂) နေ့ကလည်းကောင်း၊  ဈေးကွက်အတွင်း ရောင်းချနေသော စက်ဆီ၊ ချောဆီများတွင် တရားမဝင် အတုအပ စက်ဆီ၊ ချောဆီများရောင်းချနေခြင်းရှိမရှိကို စားသုံသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများက မြိုံ့နယ် စည်ပင်မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသိုကွင်းဆင်းစစ်ဆေးရာတွင် ဇလွန်မြို့ပေါ်ရှိ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်(၃)ဆိုင်၊ မြန်အောင် မြို့ပေါ်ရှိ စက်ပစ္စည်းအရောင်းဆိုင် (၂)ဆိုင်၊ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက် ရှိ စက်သုံးဆီ အရောင်း ဆိုင် (  ၁  ) ဆိုင်၊ လေးမျက်နှာမြို့နယ်ရှိ စက်ပစ္စည်းအရောင်းဆိုင် (၂) ဆိုင်၊ အင်္ဂပူမြို့ပေါ်ရှိ ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင် (၅)ဆိုင်၊ ဟင်္သာတမြို့ပေါ်ရှိ စက်ပစ္စည်းအရောင်း (၂) ဆိုင်တို့အား စီစစ်ခဲ့ပြီး၊ ဆိုင်ရှင်များအား အရည်အသွေးမှန်သည့် စက်ဆီချောဆီများရောင်းချရေး၊ အတုအပ စက်ဆီ၊ချောဆီများ မရောင်းချရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊  အခန်း (၁၇)ပါ ကုန်စည်(သို့) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများအား အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရုံးချုပ်၏ လမ်းညွှန်ချက်အရ ကျောက်ဖြူမြို့နယ် ဈေးကွက်အတွင်း Bella Plus Plaster  ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၁၇-၅-၂၀၂၂)နေ့ နေ့လည် (၃:၀၀)အချိန်တွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

             Bella Plus Plaster  သည် ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ ဆေးဝါး မှတ်ပုံတင်အမှတ်နှင့် Import Registration No.(IR)ဖော်ပြမှုမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိခြင်းကြောင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြထားမှုမရှိခြင်း၊ သုံးစွဲမှုမိဘပြည်သူများအနေဖြင့် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာမရရှိနိုင်ခြင်းနှင့် တရားဝင်အခွန်အခများပေးသွင်း၍ တင်သွင်းရောင်းချသူများအနေဖြင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရခြင်းတို့ကြောင့် သွားရောက်စစ်ဆေးရခြင်းဖြစ်ပါသည်။ ၎င်း Bella Plus Plaster  ဆေးပစ္စည်းအား ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးဝါးပစ္စည်းများရောင်းချ နေသည့် ဆိုင်များတွင် ရောင်းချမှုရှိ/မရှိစိစစ်ရာ ရောင်းချမှုမရှိဘဲ သုံးစွဲမှုများသည့် TIGER BALM PLASTER  သာရောင်းချမှုရှိကြောင်း တွေ့ရှိရသည့်အတွက် ဆေးဝါးရောင်းချသည့်လုပ်ငန်းရှင်များ အား Bella Plus Plaster နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်ပစ္စည်းများအား ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ရာတွင် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

FDA မှ တားမြစ်ကုန်စည် ဖြစ်သော တိုင်းရင်းဆေးများဈေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပူးပေါင်း ကွင်းဆင်းဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၉.၅.၂၀၂၂) ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနှင့် ပူးပေါင်း၍ ဓနုဖြူ မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် တားမြစ်တိုင်းရင်းဆေးများ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

            အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဈေးကွက်အတွင်း မရောင်းချသင့်သော ထိုင်းဆေးဝါးများဖြစ်သည့် ရသေ့တိုင်းရင်းဆေး၊ အာရှရွှေကြယ်နှင့် ဆေးမျိုးစုံတို့ကို ရောင်းချခြင်း ရှိ/ မရှိစစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက ဈေးကွက်အတွင်း ရှိ ဆေးများတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုမရှိပါက မရောင်းချသင့်ကြောင်းကို အကျယ်တဝင့် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် SMEလုပ်ငန်း ဖွံ့ဖြိုးရေး ပန်းတနော် ထွန်းတောက်ဆန်စက်သို့ ကွင်းဆင်း အသိပညာပေး

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၅.၂၀၂၂) နေ့ ထွန်းတောက်ဆန်စက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်ဆောင်ရွက်မှုတွင် ပန်းတနော်မြို့နယ်တွင် ကျေးရွာအုပ်စု (၅၂) အုပ်စုရှိပြီး ရေကြီးကွင်း၊ ရေနက်ကွင်းများရှိသောကြောင့် မိုးစပါးနှင့် နွေစပါး စိုက်ဧကများတွင် ရေကျနောက်စိုက်ဟုခေါ်သော နွေစပါးစိုက်ပျိုးထုတ်လုပ်မှုများ များစွာရှိကြောင်း၊ ယနေ့ ဧည်မထစပါး တင်း (၁၀၀)လျှင် ဆန်စက်အရောက်ဈေးမှာ (၈၁၀၀၀၀) ဈေးရှိကြောင်း၊ ဆန်တစ်အိတ်လျှင် (၃၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် တွင်ကျယ်နေပြီး ရန်ကုန်ဘုရင့်နောင်ဈေးကွက်ထိ တင်ပို့နေရကြောင်း ဆန်စက်ပိုင်ရှင် ဦးတင်သန်း၏ ပြောကြားချက်အရ သိရှိရပါသည်။

            ပန်းတနော်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းစိုးမှ စားသုံးသူကာကွယ်‌ပေးရေးဥပဒေပါ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုက်နာရမည့် ဥပဒေအကြောင်း၊ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များကို ရှင်းပြဆွေးနွေးပြီး ရန်ကုန်ဈေးကွက်မှသည် ပြည်ပဈေးကွက်အထိ တင်ပို့နိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆားမလောက်တွင် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၉.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) မှ (၁၁:၃၀) နာရီအချိန်ထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြပါသည်။။

          အဆိုပါ ဟောပြောပွဲတွင် ဌာနဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

         ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူလိုက်နာရမည့် တာဝန်များအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းလေ့လာမှတ်သားရမည့် အချက်များ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်စသော အချက်အလက်များပါဝင်သည့် မြန်မာစာဖြင့်ဖော်ပြသော ကုန်စည်ကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အကျယ်တဝင့်ရှင်းလင်း ဖြေကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ပြည်သူ(၃၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်များတွင် Bella Plus Plaster ရောင်းချနေမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ဒေးဒရဲမြို့နယ်စစ်ဆေးရေးအရာရှိဦးသိန်းမောင် သည် (၁၆.၅.၂၀၂၂)ရက်နေ့နေ့လည်(၀၂:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ အလှကုန်အရောင်း ဆိုင်များတွင် Bella Plus Plaster ရောင်းချနေမှုရှိ/မရှိဈေးကွက်စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး ဒေးဒရဲမြို့နယ် မြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်များတွင် Bella Plus Plaster ရောင်းချနေမှုရှိ/မရှိ စစ်ဆေးရာ ရောင်းချနေမှုမရှိကြောင်း တွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးအရာရှိသည် အလှကုန်အရောင်းဆိုင်များကို တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန် ၊ ဝယ်ယူသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစည်းများသာရောင်းချရန်၊ ဥပဒေနှင့်အတိုက်ညီသည့် ကုန်ပစ္စည်းများရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဖြင့် မြို့ပေါ်ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချသောကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ မေလ(၁၈)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်၊ တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်နှင့် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးစိုင်းဘိုဘိုထွန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များတွင် ရောင်းချသောကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ နှင့်ကုန်စည်ရောင်းချသူများအား စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၂၊၄၃၊၄၄ ပါပြဌာန်းချက်များနှင့်အညီ ကုန်စည်များကို ထုတ်လုပ်ရောင်းချရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့၌ဆီစက်ပိုင်ရှင်နှင့် လုပ်ငန်းရှင်တွေ့ဆုံ၍ အသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းမြင့် မြို့နယ်တာဝန်ခံသည် မေလ ၁၆ ရက်က ပုသိမ်မြို့၊ အောင်ချမ်းသာ(၁)လမ်းရှိ ငွေကျားအမှတ်တံဆိပ် ပဲဆီ၊ နှမ်း ဆီ၊ နေကြာဆီ ထုတ်လုပ်ရောင်းချသည့် ဆီစက်ပိုင်ရှင်အားတွေ့ဆုံပြီး စားသုံးဆီရောင်းချမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့သည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်စည်အုပ်စု(၈)ခုအနက် အုပ်စု(က)ဖြစ်သော စားသောက်ကုန်စည် အုပ်စုတွင်ပါဝင်သော စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတို့ကို အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ပစ္စည်းများကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့်သာဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှုရှိ၊မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားရန်နှင့် ကုန်အညွှန်းအမှတ်အသားရရှိပြီးမှသာလျှင် ဈေးကွက်တွင်ဖြန့်ဖြူး ရောင်းချရမည်ဖြစ်ကြောင်း၊ ညွှန် ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု ပြစ်ဒဏ်များကျခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းရင်းဆေး ပညာဦးစီးဌာနှင့် ပူးပေါင်း၍ ပန်းတနော်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်း

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာဝန်ခံ မသင်းသင်းစိုးနှင့် ဝန်ထမ်းများသည် တိုင်းရင်းဆေးပညာဦးစီးဌာန ၊စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၉.၅.၂၀၂၂) နေ့ ပန်းတနော်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စည်ပင်ဈေးအတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်ဆောင်ရွက်မှုတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထိုင်းနိုင်ငံထုတ် ရသေ့တိုင်း ရင်းဆေးများသည် ဓါတုဆေးဝါး အမြောက်အများပါဝင်သောကြောင့် အသုံးပြုရန် မသင့်သောကြောင့် မရောင်းချသင့်ကြောင်းနှင့် ဈေးကွက်အတွင်း ထိုင်းရသေ့ဆေးနှင့် အခြား ရွှေစင်၊ မှင်ရောဂါ အကြောပြေပျောက်ဆေးများ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ပန်းတနော်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းစိုးမှ ဈေးကွက်အတွင်းရှိ ဆေးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု မရှိပါက မရောင်းချသင့်ကြောင်း ဆေးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေး စစ်ဆေးဆောင်ရွက်ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘီးလင်းမြို့နယ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

            မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဘီးလင်းမြို့ပေါ်ရှိ ဆေးဆိုင် (၉) ဆိုင်သို့ သွားရောက်၍ Bella Plus Plaster အား ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိကို ၂၀၂၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

                Bella Plus Plaster သည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္မဏီ၊ တင်သွင်းသည့် ကုမ္မဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(12) များဖော်ပြထားခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်တင်သွင်းရောင်းချနေသူများအနေဖြင့် အကျိုး စီးပွားထိခိုက်နစ်နာနေမှုများ ကြုံတွေ့နေရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ဘီးလင်းမြို့ရှိဆေးဆိုင်များ၌ Bella Plus Plaster နှင့် ပတ်သက်၍ ဈေးကွက်အတွင်း ရောင်းချနေခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ