Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကရင်ပြည်နယ် ဘားအံမြို့ ထုံးအိုင်စံပြကျေးရွာတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

       ၁၂.၁၂.၂၀၂၁ ရက်နေ့တွင် ကရင်ပြည်နယ်ဘားအံမြို့ ထုံးအိုင်စံပြကျေးရွာ၊ အ.မ.က(၂) ကျောင်း၌ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး (ဒုတိယညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

         ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကုန်စည်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၃)အရ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည်အချက်များမှာ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းကိုပါ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲတွင် စီးပွားရေးလုပ်ငန်းရှင် (၃)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြဝတီမြို့တွင်ဆောင်ရွက်

     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကျေးအဖွဲ့ဝင်များပါဝင်သည့် ခရိုင်ဆေးဝါး နှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်ရောင်းချနေသော ဆေးဆိုင်များသို့ ၁၀-၁၂-၂၀၂၁ရက်နေ့နှင့် ၁၁-၁၂-၂၀၂၁ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် လတ်တလောဖြစ်ပွားနေသော ကိုဗစ် -၁၉ ဗိုင်းရပ်စ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ လျှင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ဆေးနှင့်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ကိုဗစ်ကာကွယ်ကုသရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ကုသရေးဆိုင်ရာဆေးဝါးများ ဈေးကွက်လက်ကျန် အခြေအနေစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉တတိယလှိုင်းအတွင်း နိုင်ငံအဝန်း ကိုဗစ်ဖြစ်ပွားမှုပိုးတွေ့လူနာတွေ့ရှိမှုနှုန်း မြင့်တက်ခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်ခဲ့သောကြောင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း မြဝတီခရိုင်အတွင်း ယနေ့အထိ ကိုဗစ်ဖြစ်ပွားသူလူနာ ၁၉၁၆ ဦး၊ သေဆုံး ၁၂၅ဦး၊ ထိတွေ့သူ ၉၇၅ဦးထိ ရှိခဲ့ကြောင်း ကျန်းမာရေးဌာန၏စာရင်းများအရ သိရပြီး နယ်စပ်ဝင်ပေါက်မြို့ဖြစ်သည့် မြဝတီမြို့တွင် Covid-19 Quarantine Center များထားရှိ၍ ကာကွယ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ပျံ့နှံ့ရောက်ရှိနေသော ကိုဗစ် -၁၉ အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ပျံ့ပွားမှု မဖြစ်စေရေးအတွက်လည်း ကာကွယ်ကုသရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်

ကုန်ညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် စပ်လျဉ်း၍စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

      စားသုံးသူရေးရာဉီးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်ဉီးစီးမှူးရုံး၌ ၉.၁၂.၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ကုန်စည်များပေါ်တွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဉီးစီးမှူး ဦးအောင်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သာယာဝတီခရိုင် ဒုတိယခရိုင်ဉီးစီးမှူးဉီးသန်းစိုးက စားသုံးသူ ကာကွယ်ရေးဉပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် နှင့် တားမြစ်ချက်များကိုလည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ သာယာဝတီခရိုင် စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံဒေါ်ခိုင်ခိုင်ရီက စားသုံးသူကာကွယ်ရေးဉပဒေအခန်း (၁၈) ပါ ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ ရေးသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အကျယ် တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါဆွေးနွေးပွဲသို့ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၇) ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ညွှန်းအမှတ်အသားများ ရေးသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပေါက်ခေါင်းမြို့နယ်တွင်ဝါသီးနှံများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၂၉၃၈) ဧကရှိပြီး ဝါကြီးစိုက်ဧကမှာ (၈၈၈၇)ရှိ၍ စုစုပေါင်းဝါစိုက်ဧကမှာ (၁၁၈၂၅) စိုက်ပျိုးခဲ့ပြီး ဖြစ်ပါ သည်။ ဝါသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး နိုဝင်ဘာလကုန်မှာစ၍ထွက်ရှိပါသည်။ ပြည်ခရိုင် တွင် ဝါစိုက်အများဆုံး ပေါက်ခေါင်းမြို့နယ်အနေဖြင့် ချည်မျှင်ရှည်ဝါ (၈၂၅)ဧကနှင့် ဝါကြီး (၅၈၇၅) ဧက ၊ စုစုပေါင်း ဝါစိုက်ဧက (၆၇၀၀)ခန့် စိုက်ပျိုးကြောင်းသိရပါသည်။ (၈.၁၂.၂၀၂၁)ရက်နေ့တွင် ပေါက်ခေါင်း မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် မစိုးရိမ်အုပ်စု၊ စောကဲကျေးရွာရှိ ဝါစိုက်တောင်သူ ဦးမင်းဇော်ဦး ၏ဝါစိုက်ခင်းသို့ ကွင်းဆင်းရာ ဝါစိုက်ဧက (၃)ဧကရှိပြီး (၃)ဧကလုံး ရိတ်သိမ်းပြီး ဖြစ်ကြောင်း ဝါအထွက် နှုန်းမှာ တစ်ဧကလျှင် ပိဿာ ၆၅၀ မှ ၇၀၀ အထိထွက်ရှိပါသည်။ ယခင်နှစ် အထွက်နှုန်းမှာ တစ်ဧက လျှင် ပိဿာ ၆၀၀ ခန့်သာရှိသဖြင့် ယခုနှစ်တွင် အထွက်နှုန်း ပိုလာ ကြောင်းသိရှိရပါသည်။ စိုက်ပျိုးသည့် ဝါအမျိုးအစားမှာ တစ်စေ့ဝါ အမျိုးအစားဖြစ်ပြီး တစ်ဧက ကုန်ကျစရိတ်မှာ ကျပ်(၄)သိန်းဝန်းကျင်ခန့် ကုန်ကျ၍ ဝါစျေးနှုန်းအနေဖြင့် ယခုနှစ်လက်တလော ရောင်းစျေးမှာ တစ်ပိဿာလျှင် (၁၃၅၀-၁၄၀၀)ကျပ်နှုန်း ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်ကျပ် ၄သိန်းကျော် ၅သိန်းခန့်ရရှိကြောင်းသိရပါသည်။

     ဝါစျေးနှုန်းများမှာ ယခင်နှစ်က တစ်ပိဿာလျှင် (၁၆၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာ (၁၃၀၀-၁၄၀၀)ကျပ်ခန့် စတင်၍ စျေးဖွင့်ဝယ်ယူလျှက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အထွက် နှုန်းအနေဖြင့်လည်း ယခင်နှစ်တွင် တစ်ဧကလျှင် ၆၀၀ ပိဿာထွက်ရှိပြီး ယခုနှစ်တွင် တစ်ဧကလျှင် ၇၀၀ ပိဿာအထိထွက်ရှိသဖြင့် အထွက်နှုန်းလည်း ယခင်နှစ်ထက်စာရင် အထွက်တိုးလာကြောင်း သိရှိရပါသည်။ ဝါစိုက်တောင်သူများအနေဖြင့် သွင်းအားစုများဖြစ်သော ပိုးသတ်ဆေး၊ ဓါတ် မြေသြဇာများ စျေးနှုန်းမြင့်တက်လာမှုကြောင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ ပိုမိုကုန်ကျလာလျှက် ရှိပြီး သွင်းအားစုစျေးနှုန်းများသက်သာစွာဖြင့် ရရှိနိုင်ရေးမျှော်လင့်လျှက် ရှိကြပါသည်။ ထိုပြင် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းစနစ်များလည်း ဖြန့်ဝေပေးနိုင်လျှင် အထွက်နှုန်းလည်းယခင်ထက်ပိုမို၍ ဝါအရည်အသွေးကောင်း များရရှိလာနိုင်မည်ဖြစ်ပြီး ဝါဂွမ်းမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် ချည်မျှင်နှင့် အထည်အလိပ်များကို ဒေသတွင်း ထုတ်လုပ်လာနိုင်ပါက အခြားသောအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည့်အပြင် နိုင်ငံတော်အတွက်လည်း အခွန်ဝင်ငွေများ ပိုမိုရရှိ လာနိုင်မည်ဖြစ်ပါကြောင်း လေ့လာတွေ့ရှိ ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာနိုင်စေရေး ရည်ရွယ်၍ ဒီဇင်ဘာလ (၉)ရက်နေ့ နံနက် (၁၀:၀၀)အချိန်၌ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံးတွင် ပြည်ခရိုင်ဦးစီးမှုးမှ ပေါင်းတည်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ရေးသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်တို့၏ အကြောင်းများအား အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှလည်း မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးဟောပြောပွဲသို့ ပေါင်းတည်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင် (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပဲခူးစက်သုံးဆီဈေးနှုန်းများကျဆင်းလာ

       ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် စက်သုံးဆီအရောင်းဆိုင်များ၊ ကုမ္ပဏီများ ဖွင့်လှစ်၍ ရောင်းချလျှက်ရှိရာ စက်သုံးဆီဈေးနှုန်းအနေဖြင့် နိုဝင်ဘာဒုတိယပတ်တွင် စက်သုံးဆီ တစ်ဂါလံလျှင် ပရီမီယံဒီဇယ် (၆၂၇၅)ကျပ်၊ ရိုးရိုးဒီဇယ် (၆၂၃၀)ကျပ်၊ ဓာတ်ဆီ 92 (၆၅၇၀)ကျပ်၊ ဓာတ်ဆီ 95 (၇၀၀၀)ကျပ် အသီးသီးဖြစ်ခဲ့ပြီး ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ပရီမီယံဒီဇယ် (၅၉၁၀)ကျပ်၊ ရိုးရိုးဒီဇယ် (၅၈၄၀)ကျပ်၊ ဓာတ်ဆီ 92 (၅၉၅၅)ကျပ် ၊ ဓာတ်ဆီ 95 (၆၄၁၀)ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ရာမှ တစ်ဂါလံလျှင် ပရီမီယံဒီဇယ် (၃၆၅)ကျပ်၊ ရိုးရိုးဒီဇယ် (၃၉၀)ကျပ် ၊ ဓာတ်ဆီ 92 (၆၁၅)ကျပ်၊ ဓာတ်ဆီ 95 (၅၉၀)ကျပ် အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါသည်။

         ယခုကဲသို့ဈေးနှုန်းများ ပြန်လည်ကျဆင်းလာရခြင်းမှာ ဗဟိုဘဏ်မှ ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသည့် စက်သုံးဆီများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်း အစီအစဉ်ဖြင့် သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချပေးနေသည့်စက်သုံးဆီ အရောင်းဆိုင် (၄၄)ဆိုင်ရှိပြီး ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ပရီမီယမ်ဒီဇယ် (၂၇၇၇၃၂၈)ဂါလံ၊ ရိုးရိုးဒီဇယ် (၁၂၀၅၇၆၈)ဂါလံ၊ ဓာတ်ဆီ 92 (၁၇၈၃၂၂၆)ဂါလံ၊ ဓာတ်ဆီ 95 (၄၅၉၈၁)ဂါလံ ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

မိုးညှင်းမြို့ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

      ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် မိုးညှင်းမြို့ရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်(၅)ဦးအား ၁၃.၁၂.၂၀၂၁ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မိုးညှင်းခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ကို ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးလျက်ရှိကြောင်း၊ စားသုံးသူအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို စီးပွားရေးလုပ်ငန်းရှင်များက ဖော်ဆောင်ပေးခြင်းဖြင့် မျှတသောယှဉ်ပြိုင်မှု အလေ့အကျင့်များ ဖြစ်ပေါ်လာပြီး ဈေးကွက်ယှဉ်ပြိုင်မှုအားကောင်းသည့် စီးပွားရေးပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများနားလည် သဘောပေါက်စွာဖတ်ရှုနိုင်ရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအား စားသုံးသူရေးရာဦးစီးဌာနတွင် ခွင့်ပြုချက်ရယူနိုင်ရေး လာရောက်လျှောက်ထားနိုင်ကြောင်းနှင့် စားသုံးသူများအားစိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ အနှောက်အယှက်ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည်ရောင်းချခြင်းများ မပြုလုပ်ကြရန် အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

မြစ်ကြီးနားမြို့၊ သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးခြင်း

      ၉.၁၂.၂၀၂၁ ရက်နေ့တွင် မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးသည် မြစ်ကြီးနားမြို့ သောက်ရေသန့်လုပ်ငန်းရှင်(၂)ဦးအား မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ကိုပြဌာန်း၍ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးလျက်ရှိကြောင်း၊ စားသုံးသူများ အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို စီးပွားရေးလုပ်ငန်းရှင်များက ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ မျှတသောယှဉ်ပြိုင်မှုအလေ့အကျင့်ဖြစ်ပေါ်လာပြီး ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းသည့် စီးပွားရေးပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုလျှင် စားသုံးသူရေးရာဦးစီးဌာန၏ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှု ရှိ/မရှိ ကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြနိုင်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

လက်လီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

        ၈.၁၂.၂၀၂၁ ရက်နေ့ ၁၃:၀၀နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအုပ် ဦးဘောမ်ဇုန်းသည် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ လက်လီအရောင်းဆိုင်လုပ်ငန်းရှင် (၃)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်တို့ကို ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

ဗန်းမော်မြို့မုန့်မျိုးစုံထုတ်လုပ်ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ လူပျံအမှတ်တံဆိပ်မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာစွာ ဖော်ပြရမည့်အချက်များမှာ ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့် နေရာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ကုန်စည်တွင်ပါဝင်သောကုန်ကြမ်းပစ္စည်း၊ အမျိုးအမည်နှင့် ပမာဏပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသည့် အချက်များဖြစ်ကြောင်း၊ ကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူရေးရာဦးစီးဌာနသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံခြင်း ရှိ/မရှိ၊ မှန်ကန်ခြင်း ရှိ/မရှိ ကို စိစစ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ခြင်း၊ သတိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များကိုက်ညီမှု ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ