Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၂.၂၀၂၄ )

     ၂၂.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဆောင်းမတ်ပဲ၊ ဆောင်းပဲတီစိမ်းသီးနှံရိတ်သိမ်းပြီးစီးမှုနှင့် ကာလတူဈေးနှုန်း

     နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သော ပဲမျိုးစုံကိုလည်းစိုက်ပျိုးလျက်ရှိသည့်အနက် မတ်ပဲနှင့်ပဲတီစိမ်းကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။  (၂၀၂၃-၂၀၂၄) ခုနှစ်၌ မတ်ပဲစိုက်ဧက (၁၈၉၉၇)ဧကနှင့် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၅၄၄)ဧကစိုက်ပျိုးခဲ့ပြီး (၁၅-၂-၂၀၂၄)   ရက်နေ့အထိ မတ်ပဲ (၁၄၂၃၇) ဧကရိတ်သိမ်းပြီးစီး၍ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် (၂၆.၈၉)တင်းခန့်ထွက်ရှိပြီး ပဲတီစိမ်း (၁၅၈၄၅) ဧကရိတ်သိမ်းပြီးစီးမှု၌ တစ်ဧကအထွက်တင်းမှာ (၂၄.၁၂)  တင်းခန့်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

      မြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများသည် မတ်ပဲမျိုးသန့် tbl-9 ရေဆင်း ၁-၂၊ ပဲကန်စွန်း၊ လျှာပါးစပ်၊  ရိုးနီမျိုးများနှင့် ပဲတီစိမ်းများစိုက်ပျိုးရာတွင် ဝါးခယ်မမျိုး၊ ပဲစိမ်းမျိုးများကိုအသုံးပြုကြပါသည်။ ယခင်၂၀၂၃ခုနှစ်၊  ဖေဖေါ်ဝါရီလ မတ်ပဲဈေးနှုန်းမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် (၆၀၀၀၀-၆၁၅၀၀)ကျပ်၊ ပဲတီစိမ်းဈေးနှုန်းမှာ ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၅၀၀၀၀-၅၇၅၀၀)ကျပ်ပေါက်ဈေးရှိခဲ့ပြီး ယခု၂၀၂၄ခုနှစ်၊  ဖေဖေါ်ဝါရီလ ဒုတိယပတ်ကာလတူ   မတ်ပဲဈေးနှုန်းမှာ   ပိဿာ(၂၀)ဝင်တစ်တင်းလျှင်   (၉၅၀၀၀-၁၁၀၀၀၀) ကျပ်၊ ပဲတီစိမ်းဈေးနှုန်းမှာ ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၇၃၀၀၀-၈၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းအတက်အကျရှိနေပြီး ရန်ကုန်ဝယ်လက်များသို့ တင်ပို့ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ထွက် မရမ်းသီး(အနု)ဈေးကွက်

     မရမ်းပင်ကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ကျေးရွာတချို့တွင် မိမိတို့အိမ်ခြံဝန်းအတွင်း (၁/၂) ပင်ခန့်စိုက်ပျိုးကြပါသည်။ အချိုသီးနှင့်အချဉ်သီးဟူ၍ မရမ်းပင်နှစ်မျိုးကိုစိုက်ပျိုးကြပြီး မရမ်းသီး (အကင်း) ကို အများအားဖြင့် အချဉ်ပင်မှ ခူးဆွတ်ရောင်းချကြပါသည်။ အချိုသီးကို အသီးမှည့်ချိန်မှစ၍ ခူးဆွတ်ရောင်းချကြပါသည်။ ဒေသခံများက မရမ်းပင်စိုက်ပျိုးရာတွင် အများအားဖြင့် ဒေသမျိုးများကိုစိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အလားအလာရှိသည့် ယိုဒယားကြက်ဥ မရမ်းချိုမျိုးကိုလည်းစိုက်ပျိုးလာကြပါသည်။

   နတ်တလင်းမြို့နယ်တွင် ၂၀၂၄ခုနှစ်၊  ဇန်နဝါရီလ နောက်ဆုံးပတ်မှစတင်၍ မရမ်းသီး (အကင်း) များထွက်ရှိလာရာ  ဖေဖေါ်ဝါရီလ ပထမပတ်တွင် မရမ်းသီး (အနု) တစ်ပိဿာလျှင် (၄၀၀၀၀-၄၅၀၀၀) ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် မရမ်းသီး (အနု) ထွက်ရှိမှုများလာသည့်အတွက် တစ်ပိဿာလျှင် (၃၀၀၀၀- ၂၅၀၀၀) ကျပ်သာရှိတော့ကြောင်းသိရှိရပါသည်။

     မရမ်းပင်မှာ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး နှစ်စဉ်ဝင်ငွေရရှိသော အပင်လည်းဖြစ်ပါသည်။ စားသုံးသူများက မရမ်းသီးကို အနု(အကင်း)မှစ၍ ရင့်မှည့်အချိန်အထိ အမျိုးမျိုးပြုပြင်စီမံစားသုံးလေ့ရှိသည့်အတွက် ဈေးကွက်အတွင်း  အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ကွမ်းရွက်စိုက်ပျိုးဝင်ငွေတိုး

      ကွမ်းရွက်ကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ချောင်းကမ်းကြီး၊ သခွတ်ကုန်း၊ ဖောင်ချောင်း၊ ရှားစေးဖို၊ စံကြီးလောင့်၊ ဂွေ့ကြီး၊  ကြွက်နွယ်တော စသည့်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင်စီးပွားဖြစ်စိုက်ပျိုးကြပါသည်။

      ကွမ်းရွက်ကို မိုးရာသီတွင် ဇွန်လ၊ ဇူလိုင်လနှင့် ဆောင်းရာသီတွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းတိုင်(၅၀၀)စိုက်ပျိုးမည် ဆိုပါက (ဝါး၊ အမိုး၊ ကွမ်းညွန့်)  စုစုပေါင်းကုန်ကျစရိတ်မှာ (၄)သိန်းကျပ်ခန့်ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်စိုက်ပျိုးပြီး (၄)လကြာပါက ၎င်းကိုစတင်ခူးနိုင်ပြီး ဆောင်းရာသီတွင် (၁၅)ရက်/တစ်ပတ်လျှင် တစ်ကြိမ်ခူးရပြီး ပိဿာချိန် (၁၆) ပိဿာခန့်၊ နွေရာသီတွင် (၁၇) ရက်/   တစ်ပတ်လျှင် တစ်ကြိမ်ဖြင့် (၁၄) ပိဿာခန့်၊ မိုးရာသီတွင် (၁၀)ရက်တစ်ပတ်လျှင် တစ်ကြိမ်ဖြင့် (၂၅)ပိဿာခန့်ထွက်ရှိကြောင်း၊ ယခင်မိုးရာသီကာလ၌ ကွမ်းရွက်တစ်ပိဿာလျှင် (ခြံ)ပေါက်ဈေးမှာ (၃၀၀၀) ကျပ်နှုန်းသာရှိသော်လည်း ယခု၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်တွင်  ကွမ်းရွက်တစ်ပိဿာလျှင် (ခြံ)ပေါက်ဈေး (၁၈၀၀၀) ကျပ်နှုန်းထိမြင့်တက်သွားကြောင်းသိရှိရပြီး ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ကွမ်းစိမ်းများဝင်ရောက်မှုကြောင့် ကွမ်းရွက်တစ်ပိဿာလျှင် (ခြံ)ပေါက်ဈေး (၈၀၀၀) ကျပ်နှုန်းသာရှိတော့ကြောင်းသိရပါသည်။ ထွက်ရှိလာသောကွမ်းရွက်များကို  မြိုနယ်အတွင်းရှိ ကွမ်းဒိုင်များက အိမ်အရောက်ဝယ်ယူမှုများရှိကြောင်း  နတ်တလင်းမြိုနယ်အတွင်းရှိ ကွမ်းစိုက်တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ရင်း မိမိတို့ခြံမြေ၊ ယာမြေများပေါ်တွင် ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများရရှိနေကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

မင်းလှမြို့ရှိ ပဲမျိုးစုံဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ မတ်ပဲဈေးကွက်အခြေအနေမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်နှင့် စတုတ္ထပတ်တို့တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၉၅၀၀၀)ကျပ်ဖြစ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် (၁၀၀၉၀၀)ကျပ်ရှိခဲ့သဖြင့် (၅၉၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပဲပုတ်(၂၀)ပိဿာဝင် တစ်တင်းလျှင် (၅၇၂၇၂)ကျပ်၊  ပဲယင်း (၂၀)ပိဿာဝင် တစ်တင်းလျှင် (၆၄၆၀၀/)ကျပ်ဖြင့်ဝယ်ယူလျက်ရှိကြောင်း၊ မင်းလှမှ ဘုရင့်နောင်ပွဲရုံသို့ တစ်ရက်ခြားလျှင် (၃)စီးမှ (၄)စီးခန့်တင်ပို့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်၏ စပါး/ဆန်ဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင်စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ပထမပတ်တွင် (၁၉၃၂၀၀၀)ကျပ်ဈေးနှုန်းသို့မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် အရောင်းအဝယ်မရှိဘဲ ဈေးအေးလျက်ရှိကြောင်း သိရှိရပါသည်။

     ဆန်ဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခဆန်အဟောင်းတစ်အိတ်လျှင် (၈၃၀၀၀/) ကျပ်မှ (၈၅၀၀၀/)ကျပ်၊ ဆန်အသစ်တစ်အိတ်လျှင် (၇၃၀၀၀/) ကျပ်မှ (၇၅၀၀၀/) ကျပ်ထိရှိခဲ့ပြီး မင်းလှမြို့မှ  ရန်ကုန်သို့ တစ်ရက်လျှင် ဆန်ကား (၄)စီးခန့်၊ မင်းလှမြို့မှ ပြည်ဘက်သို့ ဆန်ကား(၃)စီးခန့်တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် ရေလိုက်မတ်ပဲတို့လှိုင်လှိုင်ပေါ်

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်မှ ဒု-ဦးစီးမှူး ဦးကိုကိုနိုင်သည် လက်ပံတန်းမြို့နယ်၊ တော်လသကျေးရွာရှိ တောင်သူဦးမောင်မြင့်ထံသို့ (၁၄-၂-၂၀၂၄) ရက်နေ့တွင်သွားရောက်၍ မေးမြန်းကွင်းဆင်းခဲ့ရာ မတ်ပဲအထွက်နှုန်းမှာလည်း ယခင်နှစ်ထက်သာလွန်၍ထွက်ရှိပြီး အကျိုးအမြတ်များစွာရရှိ‌နေကြောင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ရေလိုက်မတ်ပဲတို့လှိုင်လှိုင်ထွက်ရှိနေပြီး ဈေးနှုန်းမှာ ပေါ်စအချိန်မှစတင်ပြီး ယခုအချိန်ထိ ဈေးကောင်းရရှိနေကြကြောင်းသိရှိရပါသည်။

     ရေလိုက်မတ်ပဲများကိုစိုက်ပျိုးရာ ကိုင်းမြေများသည် မြစ်မခမြစ်ရေကြီး/ရေလျှံဖြစ်ပေါ်ပါက နုန်းတင်မြေနုများပေါ်တွင်စိုက်ပျိုးသော မတ်ပဲများမှာ သန်စွမ်းပြီး အထွက်နှုန်းကောင်းကြကာ ရေကြီးရေလျှံမဖြစ်ပေါ်သောနှစ်များတွင် နုန်းတင်မြေနုမဖြစ်ပေါ်သဖြင့် မတ်ပဲများမှာ အပင်သန်စွမ်းပြီး ပုံမှန်ထွက်ရှိကြောင်း၊ ယခင်နှစ်အထွက်နှုန်းမှာ ၁၅တင်းနှုန်းထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ရေကြီး/ ရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် အထွက်နှုန်းမှာ ၂၅တင်းနှုန်းနှင့်အထက်ထွက်ရှိကြောင်းသိရှိရပါသည်။

     ရေလိုက်မတ်ပဲစိုက်ပျိုးရာတွင် ထွန်ယက်ချိန်မှ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ်မှာ ပုံမှန်ထွန်ယက်ခထက် တစ်ဝက်နှုန်းသက်သာပြီး လယ်ယာမြေထွန်ယက်ခြင်းအတွက် (၃၅၀၀၀)ကျပ်၊ (ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အသီးအပွင့်အားဆေး) သွင်းအားစုကုန်ကျစရိတ်မှာ (၃၀၀၀၀၀)ကျပ်၊ ပဲနှုတ်ခ  (၇၀၀၀၀)ကျပ်၊ စက်ဖြင့်ချွေလှေ့ခမှာ တစ်တင်းလျှင် (၅၀၀၀/)ကျပ်နှုန်းဖြင့် (၂၅) တင်းထွက်ရှိသည့်အတွက် (၁၂၅၀၀၀)ကျပ်၊ သယ်ယူစရိတ်နှင့် လုပ်သားခ (၃၀၀၀၀) ကျပ်၊ ဆေးဖြန်းခ (၅)ကြိမ် (၂၀၀၀၀)ကျပ်၊ မျိုးတစ်တင်းလျှင် (၉၀၀၀၀)ကျပ်နှုန်းဖြင့် မျိုး(၃)စိတ် (၃/၄)တင်းအတွက် ကုန်ကျစရိတ်မှာ (၇၀၀၀၀)ကျပ်၊ စုစုပေါင်းတစ်ဧကကုန်ကျစရိတ်မှာ (၆၅၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ တစ်ဧကလျှင် အထွက်နှုန်း (၂၅)တင်းနှုန်းထွက်ရှိပြီး တစ်တင်းရောင်းဈေးနှုန်းမှာ (၁၀၀၀၀၀) ကျပ်ခန့်ဈေးနှုန်းဖြင့်ရောင်းချရသဖြင့် တစ်ဧကဝင်ငွေ (၂၅၀၀၀၀၀)ကျပ်ရရှိပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၈၅၀၀၀၀)ကျပ်အမြတ်ရရှိကြောင်း တောင်သူထံမှသိရှိရပါသည်။ ရေလိုက်မတ်ပဲသည် အစောဆုံးထွက်ရှိသော မတ်ပဲများဖြစ်ပြီး နှစ်စဉ်ဈေးကောင်းလည်းရရှိကြပါသည်။ ယခင်နှစ် မတ်ပဲတစ်တင်းရောင်းဈေးမှာ ၅၄၀၀၀ကျပ်၊ ယခုနှစ်ရေလိုက်မတ်ပဲတစ်တင်းရောင်းဈေးမှာ ၁၀၀၀၀၀ကျပ်နှင့်အထက်ဖြင့် ရောင်းချရကြောင်းသိရှိရပြီး တောင်သူများလည်းအကျိုးအမြတ်များစွာရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၈၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း)(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ အာမို (ကွန်ပေါင်း) (15:15:15) (50)kg တစ်အိတ်လျှင်(၁၃၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၂၅၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၄၅၀၀) ကျပ်၊ စူပါဂရိုးပလပ်စ်(၅၀၀)စီစီ တစ်ဘူးလျှင် (၂၁၀၀၀)ကျပ် ၊ အဆီဖိတ် (၅၀၀)ဂရမ် တစ်ထုတ်လျှင် (၂၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်းရှိ စပါး၊ဆန်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ  ၁၅ ရက် နေ့အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၅၀၀၀၀၀ ၊ ဧရာမင်းစပါတင်း(၁၀၀)လျှင် ငွေကျပ်၂၇၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ဖေဖော်ဝါရီလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၇၀၀၀၀၀ ၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၂၇၅၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ  ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် ငွေကျပ် ၂၀၀၀၀၀ နှင့် ၂၄ပြည် ပါ ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ငွေကျပ် ၅၀၀၀၀ နှင့် ၂၄ ပြည်ပါ ဆန်တစ်အိတ်လျှင်  ၅၀၀၀ ကျပ် မြင့်တက်ခဲ့ကြောင်း ၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ဆန်အိတ်ရေ ၂၂၀၀ အိတ်၊ ရန်ကုန်တိုင်းဒေသ ကြီးသို့အိတ်ရေ ၄၅၀၀ အိတ် တန်အားဖြင့် ၃၃၅ တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

                   

ပြည်မြို့၏ပေါ်ဦးပေါ်ဖျား မရမ်းသီးဈေးကွက်

    ပြည်ခရိုင်၊ ပြည်မြို့၏ဈေးကွက်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မရမ်းသီးများအနည်းငယ်ဝင်ရောက်စပြုနေသည်ကိုတွေ့ရပါသည်။ ပေါ်စအချိန်တွင် မရမ်းသီးများမှာ ရေလောင်း၍စိုက်ပျိုးထားခြင်းကြောင့် ဆီးသီးအရွယ်လောက်ရှိပြီး တစ်ဆယ်ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချသော်လည်း ဈေးတိုင်းတွင်မရှိဘဲ ရှိသည့်ဈေးတွင် ဈေးသည်တစ်ဦး/ နှစ်ဦးသာရောင်းချကြပါသည်။ ထိုမရမ်းသီးများမှာ ဥယျာဉ်မရမ်းသီးဖြစ်ပြီး ယခုအချိန်တွင် ဈေးကွက်သို့ဝင်ရောက်လာသော မရမ်းသီးများမှာ အသေးစားအရွယ်ဖြစ်ပြီး ပြည်မြို့အနီးတဝိုက်ကျေးရွာများရှိ ဥယျာဉ်များတွင်စိုက်ပျိုးသော မရမ်းသီးများဖြစ်ကြောင်းသိရှိရပါသည်။ မရမ်းသီးဈေနှုန်းများမှာ အရွယ်အစားသေးလျှင် သေးသလိုဈေးကောင်းရပြီး ကြီးလျှင် ဈေးနှုန်းအနည်းငယ်လျော့နည်းသဖြင့် ယခုအပတ် ဖေဖော်ဝါရီလလယ်တွင် ဈေးတင်ရောင်းချသော မရမ်းသီးဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပေါ်ခါစအချိန်ဖြစ်၍ ဈေးသည်ဒိုင်တင်၍ ရောင်းချနိုင်ခြင်းမရှိသလို ဝယ်ယူစားသုံးသူလည်းနည်းနေသော်လည်း ငွေကြေးတတ်နိုင်သူတချို့သာဝယ်ယူစားသုံးကြသဖြင့် မရမ်းသီးဈေးနှုန်းများမြင့်တက်လာသည်ဟုသိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ မရမ်းသီးဈေးနှုန်းများမြင့်တက်နေသော်လည်း နောက်ပိုင်းကာလာများတွင် လှိုင်လှိုင်ပေါ်လာလျှင် ဈေးနှုန်းများကျဆင်းလာနိုင်မည်ဖြစ်ပြီး ယခင်နှစ်မရမ်းသီးလှိုင်လှိုင်ပေါ်ချိန်ကာလတွင် မရမ်းသီးတစ်ဆယ်ကျပ်သားလျှင် (၄၀၀/၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀/၅၀၀၀) ကျပ်ဖြင့်သာရောင်းချခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း