Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။

ကုလားပဲဆံ

       ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲဆံ ဈေးနှုန်းမှာ ()ပြည်လျှင်(၈၁၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၉၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

     ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူစျေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများတွင် ဒေသထွက်ကုန် များဖြစ်သည့် ခရမ်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် အခြားသီးနှံများကိုစိုက်ပျိုးလျက်ရှိရာ ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို  စီးပွားဖြစ်စိုက်ပျိုး၍ သော်လည်ကောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုး ၍သော်လည်ကောင်း  စိုက်ပျိုးပြီး မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် မန်ကျည်းပင်ဈေးတို့ တွင်လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

     ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော  ကြက်သွန်နီ(သစ်) ဈေးနှုန်းမှာ (၅၀) ကျပ်သားလျှင် ၇၅၀ ကျပ်ဖြင့်လည်းကောင်း၊ (၁) ပိသာလျှင် (၁၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းမှာ (၅၀) ကျပ်သားလျှင် (၄၂၅၀) ကျပ်ဖြင့် လည်းကောင်း၊ (၁)ပိသာလျှင် (၈၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းမှာ (၅၀) ကျပ်သားလျှင် (၉၂၅၀) ကျပ်ဖြင့်လည်းကောင်း၊ (၁)ပိသာလျှင် (၁၈၅၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင်  ရောင်းချနေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ တဆင့် မှာယူ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာ ကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အသေးစ တစ်ပိဿာလျှင်(၇၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး တစ်ပိဿာလျှင်(၁၈၀၀/၁၅၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၂၀၀ ကျပ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရာသီအလိုက် ရောင်းချလျက်ရှိသော  ကန်ဇွန်းရွက် နှင့် ဂွေးတောက်ရွက် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

     ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ် နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၁၀၀)ကျပ်၊ ဂွေးတောက်ရွက် ဈေးနှုန်းမှာ လက္ကား()ပိဿာလျှင်(၁၈၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

   ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၂၅၀)ကျပ်၊ (၂)စီးလျှင် (၅၀၀)ကျပ် နှင့် (၁၀)စီးတစ်ထုံးလျှင်(၂၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊  ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်()ပိဿာလျှင်(၁၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင်(၅၀၀)ကျပ် နှင့် (၂၅)သားလျှင်(၃၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး မန်ကျည်းသီးစိမ်းပေါသည့်အချိန်ဖြစ်သည့်အတွက်  ချဉ်ပေါင်ရွက်ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၌ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် စက်တင်ဘာလ ဒုတိယပတ်၌ စားအုန်းဆီ ( ၁ ) ပိဿာလျှင် ( ၇၃၅၀)ကျပ်၊ မြေပဲဆီ( ၁)ပိဿာလျှင် ( ၁၅၀၀၀)ကျပ်၊ နှမ်းဆီ( ၁ )ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရာ  စက်တင်ဘာလ တတိယ ပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် မြေပဲဆီနှင့် နှမ်းဆီဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ရှိငရုတ်သီး၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီးဈေးနှုန်းများ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ရှိ ရှမ်းချောင်းကုန်စိမ်းဈေးတွင် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချလျက်ရှိရာ ငရုတ်သီးစိမ်း‌ဈေးနှုန်းမှာ ယခင်စက်တင်ဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ် မှ ၃၅၀၀၀ကျပ် ထိဈေးနှုန်းရှိခဲ့သော်လည်း ယခုစက်တင်ဘာလ တတိယအပတ်တွင် (၁)ပိဿာလျှင် ၂၀၀၀၀ကျပ် မှ ၂၃၀၀၀ကျပ် သာရှိပြီး၊ ငရုတ်သီးဈေးနှုန်းမှာ ၁၅၀၀၀ကျပ်ထိ ဈေးနှုန်းကျဆင်းသွားပါသည်။ ခရမ်းချဉ်သီးဈေးနှုန်း အနေ ဖြင့် အလုံးအသေး၊ အလတ်၊ အကြီး အရွယ်အစားပေါ်မူတည်၍ စက်တင်ဘာလဒုတိယအပတ် တွင် တစ်ပိဿာ ၇၀၀၀ ကျပ် မှ ၇၅၀၀ ကျပ် ထိရှိပြီး ယခုစက်တင်ဘာလ တတိယအပတ်တွင် တစ်ပိဿာ ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိသာ ရှိပြိး တစ်ပိဿာလျှင် ဈေးနှုန်း ၂၀၀၀ကျပ်ခန့် ကျဆင်းသွားကြောင်းသိရပါသည်။ ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်စက်တင်ဘာလ ဒုတိယအပတ် တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ယခုစက်တင်ဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ကျပ်သာရှိပြီး တစ်ပိဿာလျှင် ၃၀၀၀ကျပ်ခန့် ကျဆင်းသွားကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ ကကတက်ငါးစျေးနှုန်းစျေးကွက်

     ကကတက်ငါးကို မြိတ်မြို့တွင် ရေငန်မှဖမမ်းဆီးရမိသလို ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးရန် အတွက် စီပွားဖြစ်မွေးမြူကြပြီး ရေချို၊ ရေငန်၊ နှင့် ရေချိုရေငန်အစပ်များတွင် မြေကန်များ၊ ချောင်းများနှင့် ပင်လယ်များတွင် ဖောင်လှောင်အိမ်များဖြင့်လည်းမွေးမြူကြပါသည်။ ၎င်းကက တက်ငါးများကို ပြည်တွင်းစားသုံးရန်သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချလျက်ရှိကြပါသည်။

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ စျေးနှုန်းစုံစမ်းချက်အရ ကကတက်ငါး တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ခန့် စျေးရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြင်းခြံမြို့၏ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသောခရမ်းချဉ်သီး

        မြင်းခြံမြို့နယ်သည်  ဟင်းသီးဟင်းရွက်မျိုးစုံနှင့် သစ်သီးဝလံများကိုစိုက်ပျိုးလျက်ရှိရာ မိုးရာသီကာလ၌ ခရမ်းချဉ်သီးပင်များ စိုက်ပျိုးဖြစ်ထွန်းမှုမရှိကြောင်း၊ ဒေသတွင်းစားသုံးရန်အတွက် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်းပန်းမြို့ရှိပွဲရုံများမှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးအသေးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ခရမ်းချဉ်သီးအလတ်တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ခရမ်းချဉ်သီးအကြီး တစ်ပိဿာ လျှင် (၃၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လဩဂုတ်လ ဒုတိယပတ်တွင်ခရမ်းချဉ်သီးအသေးတစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ ခရမ်းချဉ်သီးအလတ် တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ခရမ်းချဉ်သီးအကြီး တစ်ပိဿာ လျှင် (၂၈၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလစက်တင်ဘာဒုတိယပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀-၃၀၀)ကျပ်ခန့်ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ ရှမ်းတောင်တွင်မိုးများ၍ လမ်းခရီးနှောင့်နှေးကြန့်ကြာပြီး ကုန်အဝင်နည်းသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ ခရမ်းချဉ်သီးသီးနှံသည် နေ့စဉ်ဟင်းလျာများတွင် ကြော်ချက်စားသုံးကြသောကြောင့် စားသုံးမှုများပြီး အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်လက်လီလက်ကား ဝယ်ယူများသောကြောင့် နေ့စဉ်ကုန်ချိန်ပိဿာ (၁၀၀-၂၀၀) ပိဿာခန့်   ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏ဈေးကျဆင်းလာသောပဲစဉ်းငုံ

         မြင်းခြံမြို့နယ်သည် ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့်  ကြက်သွန်နီသီးနှံများ စိုက်ပျိုးလျက်ရှိရာ ပဲစဉ်းငုံသီးနှံကိုလည်း တောင်သူများအနေဖြင့် နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသတွင်းစိုက်ပျိုးသောမျိုးမှာပဲစဉ်းငုံအဖြူမျိုးနှင့် အနီမျိုးများကိုသာစိုက်ပျိုးကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လကျော် ကြာမြင့်ကြောင်း၊ မေလနှင့် ဇွန်လတို့တွင်စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ တောင်သူများအနေဖြင့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်လှိုင်လှိုင်ထွက်ရှိသော ပဲစဉ်းငုံများကို မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့‌ရောင်းချကြောင်း၊ ပဲအစိုဓာတ်ကုန်ဆုံးသော မတ်လနှင့် ဧပြီလတို့တွင် စတင်သိုလှောင် ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၇၂၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၇၇၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဩဂုတ်လဒုတိယပတ်တွင် ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၇၇၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၈၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ပဲစဉ်းငုံဖြူ တစ်တင်းလျှင် (၅၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၆၀၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊  မြင်းခြံမြို့နယ်အတွင်းရှိ ပွဲရုံများမှ ပဲစဉ်ငုံများကို ရန်ကုန်မြို့သို့တင်ပို့ ရောင်းချကြောင်း၊ ကုန်စည်ဒိုင်မှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း