Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ် မှ စိုက်ပျိုးသောစပါးများမှ ကြိတ်ခွဲထွက်ရှိသော ဆန်ကွဲများ ရန်ကုန်သို့ တင်ပို့စီးထွက်မှု အခြေအနေ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စပါးစိုက်ပျိုးပြီး ထွက်ရှိလာသော စပါးများကို ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဆန်ကွဲများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး  ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိတ်ကမ်း အလုံမြို့တို့ကိုသာ တင်ပိုကြောင်း သိရသည်။

            ၂၀၂၃ခုနှစ် ဒီဇင်ဘာလက မအူပင်(၄)မြို့နယ်ဖြစ်သော မအူပင်မှ ၁၂၂၀အတ်၊ ပန်းတနော်မှ ၂၇၀၂အိတ်၊ ညောင်တုန်းမြို့နယ်မှ ၄၃၃၅၂ အိတ်နှင့် ဓနုဖြူမြို့နယ်မှ ၁၂၃၀၀ အိတ် စုစုပေါင်း အိတ်ရေ ၅၉၅၇၄အိတ် တန်အားဖြင့် ၃၀၀၀တန် နှင့် အခြား မြို့နယ်များမှ ၉၃၈၉၀ အိတ် တန်အားဖြင့် ၄၇၀၀တန်  တင်ပို့ခဲ့သည်။

ဇန်နဝါရီလ ၂၀၂၅ခုနှစ်  ဆန်ကွဲ တင်ပိုမှု အနေဖြင့် မအူပင် ၇၄၈၃အိတ်၊ ပန်းတနော် ၇၅၈၀ အိတ်၊ ညောင်တုန်း ၉၈၅၈၀အိတ်၊ ဓနုဖြူမြို့ ၁၁၇၁၆အိတ် နှင့် စုစုပေါင်း ဆန်ကွဲအိတ်အရေအတွက် ၁၂၅၃၅၉ အိတ်ရေ တင်ပို့နိုင်ခဲ့ကြောင်း တန်အားဖြင့် ၆၃၀၀ တန် အခြားမြို့နယ်များမှ ဆန်ကွဲတင်ပိုနိုင်မှု အိတ်ရေ ၁၅၆၀၀၆ အိတ် တန်အားဖြင့် ၇၈၀၀ တန် တင်ပို့နိုင်ခဲ့သောကြောင့်  အခြားမြို့နယ်များမှ ဆန်ကွဲတန် ၃၁၀၀ ပိုမိုတင်ပို့နိုင်ခဲ့ပြီး မအူပင်ခရိုင်အနေဖြင့် ဆန်ကွဲ တန် ၃၃၀၀ တန်ပိုမို တင်ပို့နိုင်ကြောင်း သိရသည်။

 

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်း /ဈေးကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ နှင်းသီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

            ဇီးချိုသီးကိုတော့ မန္တလေးမြို့တို့မှ မှာယူရောင်းချသော အသီးများရှိသလို မိမိတို့ကန့်ဘလူ ဒေသထွက် ဇီးချိုသီးခြံမှ ဖောက်သည်ယူပြီးရောင်းချခြင်းလည်းဖြစ်ပါသည်။ မန္တလေးမြို့တို့မှ ဖောက် သည် မှာယူရောင်းချသော ဇီးချိုသီးမှာ ပိဿာချိန်(၉/၁၀)ပိဿာခန့် တစ်ဖာလျှင်(၂၀၀၀၀)ကျပ် ဖြင့် ဝယ်ယူရပြီး ဒေသထွက်ဇီးခြံများမှ ဇီးချိုသီးဈေးမှာ တစ်ပိဿာလျှင်(၅၅၀၀/၆၀၀၀)ခန့်ရှိသည့် အတွက် ဈေးကြီး၍ ရောင်းအားနည်းသည့်အတွက် အနည်းငယ်သာမှာယူရောင်းချပါသည်။

            ၂၀၂၅ ခုနှစ်    ယခု ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်းမှာ မန္တလေးမြို့မှ မှာယူရသော ဇီးချိုသီးမှာ တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်နှင့် ၇၅ကျပ်သားခန့် တစ်ထုတ် လျှင်(၃၀၀၀)ကျပ်၊ ‌ကန့်ဘလူမြို့ဇီးခြံမှ ထွက်ရှိသော ဒေသထွက်ဇီးချိုသီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီး ဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် (၄)မြို့နယ်နှင့် အခြားမြို့နယ်များမှ တင်ပို့သော ဆန်တင်ပို့မှု အခြေအနေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ မိုးစပါး။ နွေစပါး စိုက်ပျိုးနေပြီး မအူပင်ခရိုင် အနေဖြင့် မြို့နယ်များအပါအဝင် ဆန်စက်အလုံးရေ (၁၀၇)လုံး ရှိပြီး စိုက်ပျိုးပြီး ၂၀၂၄-၂၀၂၅ခုနှစ်ထွက် မိုးစပါးများ ရိတ်သိမ်းထွက်ရှိပြီးဖြစ်၍ ဝယ်ယူကြိတ်ခွဲလျက်ရှိသည်။ ဆန်နှင့်  ကြိတ်ခွဲထွက်ရှိမှုများကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့်  အခြား ဒေသများသို့ (စီးထွက်) လျက်ရှိသည်။  ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၄ ခုနှစ် ဒီဇက်ဘာလ ၁လတွင်း (၄)မြို့နယ် ဆန်အိတ် ၂၂၉၂၅၈ အိတ်နှင့် တန်အားဖြင့် ၁၁၄၀၀ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁လအတွင်း မအူပင်  ဆန်တင်ပို့မှု အိတ် ၉၀၂၃၊ ပန်းတနော် ဆန်တင်ပို့မှု ၁၇၆၃၅၊ ညောင်တုန်းဆန်တင်ပို့မှု ၂၀၂၁၆၉၊ ဓနုဖြူဆန်တင်ပို့မှု ၃၅၈၁၆ အိတ်နှင့် အခြားမြို့နယ်များမှ ဆန်တင်ပို့မှု ၄၁၁၀၁၂ အိတ်တင်ပို့ပြီး၊  (၄)မြို့နယ် တင်ပို့မှုနိုင်မှု အနေဖြင့် ၂၆၄၆၄၃ အိတ် တင်ပို့ခဲ့ကြောင်း၊ တန်အားဖြင့် ၁၃၂၀၀တန် ကိုလည်းကောင်း၊ အခြားမြို့နယ် တင်ပို့နိုင်မှု တန်အားဖြင့် ၂၀၅၀၀ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

            ယခင်လနှင့် နှိုင်းယှဉ်ကြည့်ပါက ယခင်ထက် တန် ၁၈၀၀ တင်ပို့ခဲ့ပြီး၊ ဒီဇင်ဘာလ ၂၀၂၃ ခုနှစ်က အခြားမြို့နယ် တင်ပို့မှု မှာ ၄၁၁၀၁၂ အိတ်ဖြစ်ပြီး တန်အားဖြင့် ၂၀၆၀၀ တင်ပို့နိုင်ခဲ့သောကြောင့် ယခုလ အခြားမြို့နယ် တင်ပို့မှု ထက် တန် ၁၀၀ တင်ပို့နိုင်ကြောင်းကို နယ်စပ်ဖြတ်ကျော် ပန်တိုင် စစ်ဆေးရေး စာရင်းများအရ သိရသည်။

 

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင်ထိုင်ဝမ်ကျောက်စိမ်း ဖရဲသီး ရောင်းချသူများ ရောင်းအားကောင်း၍ အဆင်ပြေလျှက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသော ထိုင်ဝမ်ဖရဲသီးအဝါ မအူပင်မြို့သို့ ဝင်ရောက်နေပြီး ဖရဲသီးရောင်းချသူများ ရှိကြောင်းသီးရသည်။ ထိုင်ဝမ်မျိုးကို ဝယ်ယူစိုက်ပျိုးပြီး အဝါရောင်ဖရဲသီးများမှာ အခွံစိမ်းစိမ်း၊ အတွင်းသား အဝါရောင်သမ်းနေသော ဖရဲသီးနှင့် အနီရောင်သန်းသော ဖရဲသီးဟူ၍ (၂)မျိုးရှိပြီး ဖရဲသီး အဝါကိုပဲ မှာယူရောင်းချကြောင်း သိရသည်။

ဖရဲသီးရောင်းချမှုများနှင့်ပတ်သတ်၍ ဖရဲသီးကို နှစ်ပတ်လည်၏ နိုဝင်ဘာလမှ ဇွန်လအထိ ရောင်းချကြောင်း ရောင်းချသည့်အခါတွင် ရေကြည်မြို့နယ်မှ ဖရဲစိုက်ခင်းများ လေ့လာစုံစမ်းပြီး စိုက်ခင်းအထိသွားရောက်ပြီး အခင်းပြတ်ဝယ်ယူ၍ တဆင့်ပြန်ရောင်းချကြောင်း ရောင်းချသည့် သက်တမ်း (၅) နှစ်ကျော်ရှိပြီး ယခုဖရဲသီးများကိုတော့ ရေကြည်မြို့နယ်ဖရဲစိုက်တောင်သူများနှင့် နှစ်စဉ်ချိတ်ဆက်ဝယ်ယူပြီး ဖရဲသီး ၁ဧကလျှင် ဖရဲသီး အလုံး ၂၀၀၀-၂၅၀၀လုံးအထိ ထွက်ရှိကြောင်း ပြောပြသည်။  မအူပင်မြို့ ၃လမ်းတွင် တဆင့်ပြန်လည် ရောင်းချခြင်းဖြစ်ကြောင်း၊ ဝယ်ယူသည့်အခါ အလုံးအကြီးအသေးအလိုက် တစ်လုံးလျှင်ငွေကျပ် လက်ကားဈေး အလုံးကြီး (၅၀၀၀)ကျပ်၊ အလုံး လတ် (၄၀၀၀) ကျပ်၊ အလုံးသေး (၃၀၀၀)ကျပ်အထိဝယ်ယူ၍ ရောင်းချသည့်အခါ တစ်လုံးတွင် အမြတ်ငွေ (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ ရရှိသဖြင့် အဆင်ပြေလျက် ရှိကြောင်း ထိုင်ဝမ် ကျောက်စီမ်းဖရဲသီး ရောင်းချသူ ကိုမွန်းဟန်မှပြောပြ၍ သိရှိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့သို့ ဘိတ်၊ ကော့သောင်းကွမ်းသီးများ ဝင်ရောက်

          မအူပင်မြို့သို့ ဘိတ်၊ကော့သောင်း ကွမ်းသီးများ ၂၀၂၃ခုနှစ် အောက်တိုဘာလမှ ၂၀၂၅လုနှစ် ဖေဖော်ဝါရီလအထိ ခန့်မှန်း တန်ချိန် ၅၅၀၀၀ ခန့်ဝင်ရောက်လျှက် ရှိကြောင်း မအူပင်မြို့ ကွမ်းသီးအရောင်းအဝယ် ကုန်သည်များထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်ကို ပဲခူးတိုင်း (အရှေ့) တောင်ငူ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေး၊ ကျိုက္ခမီနှင့် စစ်တွေတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မအူပင်မြို့တွင်လည်း ကွမ်းသီး စိုက်ဧက ၉၆၀ဧက ရှိကြောင်း သိရသည်။

          ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ အတွင်း၌ မအူပင်ဈေးကွက်တွင်ရောင်းချသော ကွမ်းသီး ဈေးနှုန်းများမှာ ကော့သောင်းအခွံ ချွတ်ကွမ်းသီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဇန်နဝါရီလအတွင်း  တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ယခုဖေဖော်ဝါရီလဆန်းပိုင်းတွင် ကွမ်းသီးအခွံ ချွတ်ပြီး ၁ပိဿာ (၁၈၀၀၀)ကျပ်ဖြင့်  ကော့်သောင်းကွမ်းသီးများကို အလုံးလိုက်ရောင်းချပြီး အလုံး ၁၀၀၀ပါ တစ်အိတ် ကို ၂၀၂၃ခုနှစ် အောက်တိုဘာလက ၁၂၀၀၀၀ ကျပ်ဖြစ်ပြီး ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ဈေးနှုန်း အနေဖြင့် အလုံးရေ ၁၀၀၀ပါ တစ်အိတ်ဈေး ၁၇၀၀၀၀ကျပ်ဖြင့် ဝယ်ယူရောင်းချရ ကြောင်းသိရသည်။ ကွမ်းသီးများ တစ်ပါတ်လျှင် ၆ဘီးကား (၂)စီး၊ ၁၂ဘီကား (၂)စီး မအူပင်မြို့သို့ ဝင်ရောက်နေပြီး မအူပင်တွင် ကွမ်းသီးရောင်းချသူ လုပ်ငန်းရှင် (၃၅)ဦးခန့်ကြောင်း သိရပြီး  ကော့သောင်းကွမ်းသီးများ တစ်နေ့လျှင် ပိဿာချိန် (၁၀၀)မှ (၂၀၀) အထိ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော မျှစ်ချဉ် ဈေးနှုန်း/ဈေးကွက် အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင်ထွက်ရှိချိန်တွင် မျှစ်ချဉ်/မျှစ်ချိုများကို နှစ်ပတ်လည်ရောင်းချရန်အတွက် စဉ့်အိုးများ၊ အင်တုံများ၊ ပလပ် စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး ဒေသထွက်မျှစ်ချဉ်ကို ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ ‌ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချဉ် ဈေးနှုန်းမှာ မျှစ်ချဉ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၁၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် မျှစ်ချဉ်ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စပျစ်သီးဈေးနှုန်း /ဈေးကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ၁၀ကျပ်သား လျှင်(၂၀၀၀)ကျပ် နှင့် ရက်ကြာ၍ အနည်းငယ်ညှိုးနွမ်းနေသော စပျစ်သီး တစ်ပိဿာ လျှင်(၁၈၀၀၀) ကျပ်၊ ၂၅ကျပ်သား လျှင်(၄၅၀၀)ကျပ်၊ ၁၀ ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ပန်းသီး ဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၂၅၀၀)ကျပ်၊ ပန်းသီး အသး တစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချ နေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ‌ဘူးသီး ဈေးနှုန်းအခြေအနေ

           ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဘူးသီးများ စိုက်ပျိုးကာ ဒေသထွက် ဘူးသီးများ ဈေးကောင်းရရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမအပတ်တွင် ဒေသထွက်ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး(အကြီး/အသေး) ပေါ်မူတည်၍ တစ်လုံးလျှင်(၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ်၊ ဘူးသီးတစ် စိတ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်း အဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“အညာဒေသမှသမုန်းပွင့်များထွက်ပေါ်လျက်ရှိ”

    မြန်မာနိုင်ငံ၏ အထက်အညာဒေသဖြစ်သည့် မန္တလေးတိုင်း‌ဒေသကြီး ၊ ကျောက်ဆည်ခရိုင် သည်အပူပိုင်း‌ဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ဆေးဖတ်ဝင်အပင် တစ်မျိုးဖြစ်သည့် သမားမုန်းသည့် ဆေးဘက်ဝင် သမုန်းပွင့်များဖူးပွင့်လျက်ရှိပါသည် ။ ဖူးပွင့်နေသော သမုန်းပွင့်လေးများအား သေချာစွာခူးယူ၍ အပွင့်အစိမ်းအတိုင်း ရောင်းချကြသလို အဖူးအပွင့်လေး များကိုရေနွေးဖြင့်ဖျော၍ ရောင်းချကြပါသည်။ ယခု ဖေဖော်ဝါရီလ နှင့် မတ်လများတွင် ဖြိုင်ဖြိုင် ထွက်ပေါ်လေ့ရှိပါသည် ။ ရာသီပေါ်သမုန်းပွင့်များကို ဆေးဖက်ဝင်သောကြောင့် စားသုံးသူများ   ကြိုက်နှစ်သက်ကြပါသည် ။  သမုန်းပွင့်ပြုတ်ပြီးသားများကို ဈေးထဲတွင် အနေတော်အပုံလေးများပုံ၍ တစ်ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ပိဿာဖြင့် ဝယ်ယူမည်ဆိုပါက သမုန်းပွင့် ပြုတ်ပြီးသား(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း ၊ ရောင်းချသူများမှာ နေ့စား အလုပ်သမားများမှ မိသားစုဝင်ငွေတိုးရန်အတွက် ခူးဆွတ်၍ရောင်းချခြင်းဖြစ်ပါသည်။ ပြုတ်ပြီးသော သမုန်းပွင့်အရွက်နုနုလေးများကို ကတ်ကြေးဖြင့် နုတ်နုတ်ညှပ်၍ မြေပဲဆံထောင်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူများဖြင့် ဆီမွှေးသပ်ပြီး သုပ်၍စားကြသလို အတို့အနေဖြင့်လည်း စားသုံးကြပါသည်။ တစ်နှစ်မှတစ်ခါသာပေါ်သော သမုန်းပွင့်များမှာ ဆေးဖက်ဝင် အဟာရတန်ဖိုးလည်းမြင့်မားသည့် ခံတွင်းမြိန်စေသော သမုန်းပွင့်များကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း