Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့သို့ ကုန်စည်ဝင်ရောက်မှုအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် မီးဖိုချောင်သုံးသီးနှံများအနက် ဟင်းသီးဟင်းရွက်များ ကိုသာ အများအပြား စိုက်ပျိုးကြပြီး ဒေသ၏ ရေ၊ မြေနှင့် ကိုက်ညီမှုမရှိသော စားဖိုဆောင်သုံး သီးနှံ များကိုမူ ရန်ကုန်၊ မော်လမြိုင်နှင့် အညာဒေသများဖြစ်သော မိတ္ထိလာ၊ မုံရွာ၊ မြင်းခြံ၊အောင်ပန်း၊ ပျော်ဘွယ်၊ တပ်ကုန်း စသောမြို့များမှ ကုန်စည်အလိုက် မှာယူတင်သွင်းလျက်ရှိပါသည်။

          ကြက်သွန်နီကို မိတ္ထိလာ၊ မြင်းခြံနှင့် မုံရွာ မြို့များမှလည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ)အား ရှမ်းပြည်နယ်၊ အောင်ပန်းမှလည်းကောင်း၊ ကြက်သွန်ဖြူ(ကြူဂုတ်)အား မော်လမြိုင်မြို့မှ လည်း ကောင်း၊ မန်ကျည်းသီးကို ပျော်ဘွယ်၊ တပ်ကုန်းမြို့များမှလည်းကောင်း၊ အာလူးကို မော်လမြိုင်မြို့ မှလည်းကောင်း မှာယူတင်သွင်းလျက်ရှိပါသည်။

          ထိုသို့ မှာယူတင်သွင်းရာတွင် မိတ္ထိလာ၊ မြင်းခြံ၊ မုံရွာမြို့များမှ ထားဝယ်မြို့သို့ ကားစီးလုံးငှား၍ တင်သွင်းပြီး တစ်ခေါက်လျှင် ကျပ်သိန်း (၄၀) ခန့် ကျသင့်ကြောင်း၊ မော်လမြိုင်မြို့မှ မှာယူပါက မည် သည့်ကုန်စည်မဆို ၁ပိဿာလျှင် သယ်ယူပို့ဆောင်ခ ၁၇ဝိ/- ခန့် ကျသင့်ပြီး ထားဝယ်မြို့တွင် လက်ရှိ ကြက်သွန်နီ(၁)ပိဿာလျှင်(၄၀၀ဝိ/-)ခန့်၊ ကြက်သွန်ဖြူ (ရှမ်းစ)(၁)ပိဿာလျှင်(၁၇၀၀ဝိ/)မှ(၁၉၀၀ဝိ/-) ၊ ကြူဂုတ် (၁)ပိဿာလျှင် (၁၈၀၀ဝိ/-)မှ(၂၀၀၀ဝိ/)၊ မန်ကျည်းသီး(အစေ့မပါ) (၁)ပိဿာ လျှင်(၈၅၀ဝိ/-) ၊အာလူး(၁)ပိဿာလျှင် (၆၅၀ဝိ/-)မှ(၇၀၀ဝိ/-)ခန့် ဈေးများဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော လိမ္မော်သီး ဈေးနှုန်း/ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ လိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀၀) ရွှေလိမ္မော်သီး ချိန်သား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ ကေဘီလိမ္မော်သီး တစ်ပိဿာ လျှင်(၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီး ဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ရာသီစာမြူရွက်ဈေးနှုန်း

            မြူရွက်ဟာ ဆောင်းတွင်းကာလမှာ နှင်းရည်သောက်ပြီး ပေါက်ရောက်သော ရာသီစာအရွက် တစ်မျိုးဖြစ်ပါသည်။ စိုထိုင်းဆရှိတဲ့ မြေနေရာတွေမှာ ပေါက်ရောက်ပြီး အပင်ပုမျိုးဖြစ်ကာ အရွက် ကခပ်ဖားဖားလေးတွေရှိကြောင်း ရိုးတံက အနည်းငယ်ပျော့ပြီး အရွက်ကနူးညံ့ကာ ဟင်းနုနယ်ရွက်နဲ့ဆင်တူပြီး တစ်ပင်လုံးကို စားလို့ရကြောင်း သိရသည်။

           မြူရွက်လေးများကို ရေနွေးဖျောပြီး ရေစင်အောင်ညှစ်၊ သံပုရာရည်နိုင်နိုင်လေးနဲ့ ငရုတ်သီး စိမ်း၊ ကြက်သွန်နီ၊ ပုစွန်ခြောက်ထောင်း၊ မြေပဲထောင်းပြီး ဆီချက်(သို့) ဆီစိမ်းလေးနဲ့ သုပ်စားကာ ခံတွင်းမြိန်စေတဲ့ ဆေးဖက်ဝင် အရွက်သုပ်တစ်မျိုးဖြစ်ပါတယ်။၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ် အတွင်း ကန့်ဘလူမြို့၊မြို့မဈေးတွင်း  ရောင်းချနေသော  မြူရွက်ဈေးနှုန်းမှာ မြူရွက်(၁)စည်းလျှင် (၂၅၀)ကျပ်၊ မြူရွက်(၂၅)ကျပ်သားပါ(၁)ထုပ်လျှင် (၅၀၀)ကျပ်နှင့် မြူရွက်(၁)ပိဿာပါ(၁)ထုပ်လျှင် (၂၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် နံနံပင်များလှိုင်လှိုင်ရောင်းချလျက်ရှိ

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

             ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်များ ကိုစိုက်ပျိုးကြကြောင်း၊ နံနံပင်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဖေဖော် ဝါရီလ ပထမပတ်အတွင်း နံနံပင်(၁)စည်းလျှင်(၂၀၀)ကျပ်၊ နံနံပင်(၃)စည်းလျှင် (၅၀၀)ကျပ်နှင့် နံနံပင်(၇)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ နံနံပင်များကို အိမ်ရှင်မများဟင်းချက်ရာ တွင်လည်းကောင်း၊ မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များမှဝယ်ယူကြသဖြင့် နံနံပင်များအရောင်း အဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ မုန့်လက်ဆောင်းဈေးနှုန်းဈေးကွက်

             မုန့်လက်ဆောင်းသည် တစ်နှစ်ပတ်လုံးရနိုင်သည်ဟုဆိုသော်လည်း ယခုလို ဆောင်းအကုန် နွေအကူးခါနီး ကာလသို့ရောက်လျှင် မုန့်လက်ဆောင်းများ ရောင်းအားကောင်းလာသည်ကို တွေ့ရ ပါသည်။ မုန့်လက်ဆောင်းသည် ပူးပြင်းခြောက်သွေ့သည့် ရာသီဥတုနဲ့အလိုက်ဖက်ဆုံး မုန့်တစ်မျိုးဖြစ်သလို သောက်လိုက်ရင်လည်း ရင်ထဲအေးပြီး  အမောပြေသွားသလို ခံစားရပါသည်။

          မုန့်လက်ဆောင်းကို ထန်းလျက်၊ ဆား၊  မုန့်ဖတ်၊ သကြား၊ အုန်းသီး၊ နှမ်းလှော်ထောင်း၊  ရေခဲတို့ဖြင့်ပြုလုပ်ရကြောင်း၊ မုန့်ဖတ်ကို ဧရာမင်းဆန်ဖြင့်ပြုလုပ်ကြောင်း၊ ဆန်(၁)ပြည်လျှင်ထန်း လျက်(၃၅)ကျပ်သား၊ သကြား (၇၀)သား၊ အုန်းသီး (၂)လုံး အသုံးပြုကြောင်းသိရသည်။ ယခုအခါ မုန့်လက်ဆောင်းကို အထမ်းများဖြင့်လှည့်ပြီးရောင်းချကြသလို လမ်းဘေးတွင်ဈေးဆိုင်များဖြင့် လည်းရောင်းချကြကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် မုန့်လက်ဆောင်း ခွက်အသေး(၁)ခွက်လျှင် (၅၀၀)ကျပ်နှင့် မုန့်လက်ဆောင်းခွက်အကြီး(၁)ခွက်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ကုန်ကျစရိတ်မများသဖြင့် မုန့်လက်ဆောင်းရောင်းချသူများအတွက် အဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ မြေပဲလုံးဆံနှင့်မြေပဲအတောင့် ဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ကြကြောင်းသိရသည်။ မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယိုပြုလုပ်ခြင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြ ကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများသည် ဒေသတွင်းမှလည်း ထွက်ရှိကြောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့များမှလည်း ပြန်လည်ဝင်ရောက်ကြောင်း သိရသည်။

            ကန့်ဘလူခရိုင်တွင် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၅၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ်(၁၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလပထမပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင်(၃၇၀၀၀)ကျပ်နှင့် မြေပဲလုံးဆံ(၁) တင်းလျှင်(၁၂၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်လျက်ရှိသောကြောင့် မြေပဲအတောင့်(၁)တင်းလျှင် (၂၀၀၀)ကျပ်နှင့် မြေပဲလုံးဆံဈေးမှာ(၄၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်းအခြေအနေ

                စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။

            ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့်အခြားကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီကိုစိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီနောက်ဆုံးပတ်တွင် ကန့်ဘလူမြို့မဈေး၌ ကြက်သွန်နီတစ်ပိဿာလျှင် ၃၈၀၀ကျပ်ရှိခဲ့ရာ ဖေဖေါ်ဝါရီလပထမပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ မြစ်သားကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀၀-၄၅၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀ကျပ် ကျဆင်းသွားကြောင်း ကုန်မျိုးစုံရောင်းချ သည့်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိကုန်စုံဆိုင်များ၌ ရောင်းချနေသော ထန်းလျက်ဈေးနှုန်းအခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်တွင်ရောင်းချနေသော ထန်းလျက်ဈေးနှုန်းမှာ ပန်ထန်းလျက် တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ရိုးရိုးထန်းလျက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ နို့ထန်းလျက် တစ်ပိဿာလျှင် (၇၇၀၀)ကျပ်နှင့် စမုံထန်လျက်အသေး(၁)ပိဿာလျှင် (၇၅၀၀)ကျပ် ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

              ထန်းလျက်သည် ထန်းပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကို အစားအသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ မြေပဲယို၊ နှမ်းယို၊ ဇီးယို စသည်တို့ပြုလုပ် ခြင်းနှင့် ဆေးဖော်စပ်ရာတွင်လည်း ထန်းလျက်ကိုအသုံးပြုကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော ကြံသကာဈေးနှုန်းအခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ် တွင်ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၅၀၀-၇၀၀၀ကျပ်၊ (၅၀)ကျပ်သား လျှင် ၃၃၀၀-၃၈၀၀ကျပ်နှင့် (၁၀)ကျပ်သားလျှင် ၇၂၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြံသကာသည် ကြံပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ကြံသကာကို မုန့်ပြုလုပ်ရာတွင်လည်းအသုံးပြုကြောင်း၊ အညာဒေသတွင် အိမ်အလည်လာသူ မိတ်ဆွေများကို တည်ခင်းဧည့်ခံရာတွင်လည်း အသုံးပြုကြသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဘိလပ်စေ့သီးနှံဈေးနှုန်းအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလပထမပတ်အတွင်း ဈေးနှုန်းများမှာ ဘိလပ်စေ့တစ်တင်းလျှင် (၆၀၀၀၀)ကျပ်၊ ဘိလပ် စေ့အညံ့တစ်တင်းလျှင်(၅၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ဘိလပ်စေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

              ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း