Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီပေါ်ပဲစဉ်းငုံသီးနှံများ ဈေးကောင်းရလျက်ရှိ

    ပဲစဉ်းငုံသီးနှံမှာ စိုက်ပျိုးရာသီအနေဖြင့် (၇)လကျော်ကြာမြင့်သော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်းရှိ မလှိုင်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြီးလျှင် ပဲစဉ်းငုံကို ဒုတိယအများဆုံးစိုက်ပျိုးသော ဒေသဖြစ်ပါသည်။ ၎င်းမှာ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး စိုက်ပျိုးစရိတ်သက်သာကာ ဈေးကွက်အတွင်း ဝယ်လိုအားရှိသောသီးနှံဖြစ်၍ တောင်သူများအတွက် အကျိုးအမြတ်များသောသီးနှံဖြစ်ပါသည်။ ယခုနှစ်တွင် စိုက်ပျိုးဧက (၆၆၃၆၇) ဧကရှိပြီး အထွက်တင်းပေါင်း (၃၆၉၁၁၄) တင်းရှိကြောင်း၊  တောင်သူများအနေဖြင့် ဝါသီးနှံတွင် အကျိုးအမြတ်နည်းခဲ့သော်လည်း ပဲစဉ်းငုံမှာ သီးနှံပေါ်စကပင် တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ထိဈေးကောင်းခဲ့ရာမှ ယခုအခါ (၁၂၃၀၀၀) ကျပ်ထိဈေးကောင်းရကြောင်းသိရပါသည်။ ဒေသတွင်းတောင်သူများအနေဖြင့် အကျိုးအမြတ်ပေါ်မူတည်ခြင်းမရှိဘဲ မိရိုးဖလာနည်းအတိုင်းစိုက်ပျိုးရာ ယခုနှစ်ဈေးကောင်းရမှုအပေါ် လာမည့်နှစ်များတွင်လည်း စိုက်ပျိုးဧကလျော့နည်းနိုင်ရာမရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

 

“ကုန်တင်ယာဉ်ကားခစျေးနှုန်းများ’’

     မိတ္ထီလာမြို့မှာ ရန်ကုန်-မန္တလေး၊ အဝေးပြေးကားလမ်းကြီး၊ ပုဂံ-တောင်ကြီးလမ်းနှင့် မိတ္ထီလာ-မြင်းခြံလမ်းတို့ဆုံရာ လမ်းဆုံလမ်းခွတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။ ကုန်တင်ယာဉ်ကြီးများမှာ မိတ္ထီလာမြို့မှ အခြားမြို့အသီးသီးသို့ ကုန်စည်များသယ်ယူပို့ဆောင်လျက်ရှိရာ ကားခစျေးနှုန်းများမှာ ကုန်ကျစ် ၁ပိဿာလျှင် ၁၂ဘီးကား (အဆင်း) မိတ္ထီလာမှ ရန်ကုန်သို့ ၁၃၀ကျပ်၊ မိတ္ထီလာမှ မန္တလေးသို့ ၇၀ကျပ်၊ ၆ ဘီးကား (အဆင်း) မိတ္ထီလာမှ ရန်ကုန်သို့ ၁၅၀ကျပ်၊ မိတ္ထီလာမှ ပဲခူးသို့ ၁၁၅ကျပ်၊ မိတ္ထီလာမှ မော်လမြိုင်သို့ ၁၆၀ကျပ်၊ ၂၂ဘီးကား (အဆင်း) မိတ္ထီလာမှ ရန်ကုန်သို့ ၁၂၀ကျပ်၊ မိတ္ထီလာမှ ဘားအံသို့  ၂၀၀ကျပ်ရှိပြီး ကုန်ကျစ် ၁ပိဿာလျှင် ၁၂ဘီးကား (အတက်) ရန်ကုန်မှ မိတ္ထီလာသို့ ၁၁၀ကျပ်၊ မန္တလေးမှ မိတ္ထီလာသို့ ၆၀ကျပ်၊ ၆ဘီးကား (အတက်)  ရန်ကုန်မှ မိတ္ထီလာသို့ ၁၃၀ကျပ်၊ ပဲခူးမှ မိတ္ထီလာသို့ ၁၀၀ကျပ်၊ မော်လမြိုင်မှမိတ္ထီလာသို့ ၁၃၀ကျပ်၊ ၂၂ဘီးကား (အတက်) ရန်ကုန်မှ မိတ္ထီလာသို့ ၁၀၀ကျပ်စျေးနှုန်းရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာဈေးကွက်အတွင်း မြေဩဇာဈေးနှုန်းတည်ငြိမ်နေ

    မိတ္ထီလာခရိုင်မှာ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများကို အများအပြားစိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများဖြစ်ထွန်းအောင်မြင်ရန်အတွက်အသုံးပြုသည့် သွင်းအားစုမြေဩဇာဈေးများဈေးငြိမ်နေသည်ကိုတွေ့ရှိရပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် GBS (50kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၇၆၅၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)  တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဖေဖော်ဝါရီလ ပထမပတ်တွင် GBS (50kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၇၆၅၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)  တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဈေးနှုန်းရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက မြေဩဇာဈေးနှုန်းများမှာ ဈေးငြိမ်လျက်ရှိပါသည်။ စိုက်ပျိုးရာသီချိန်မဟုတ်သောကြောင့်အရောင်းအဝယ်ပါး၍ ဈေးငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

တရုတ်နှစ်သစ်ကူးပွဲတော်နီးလာ၍ သစ်သီးမျိုးစုံ အလွန်ရောင်းကောင်း

    မန္တလေးမြို့ ၃၄လမ်း၊ (၇၄-၇၆) လမ်း၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တရုတ်ညဈေးတန်းတွင် နေ့လယ် (၃း၃၀)နာရီအချိန်မှ ည (၇:၀၀)နာရီအအချိန်ထိ တရုတ်အစားစားနှင့်သစ်သီးမျိုးစုံရောင်းချသော ညနေဈေးလေးဖြစ်ပါသည်။ အခြားရက်များထက် တရုတ်နှစ်သစ်ကူးပွဲတော်ရက်နီးလာသဖြင့် တရုတ်ရိုးရာပစ္စည်းများ၊ အသီးအနှံများ၊ ကောက်ညှင်းဖြင့်ပြုလုပ်သော၊ ရိုးရာနှစ်သစ်ကူးတင်ရာတွင် မပါမဖြစ်သော အီကွေ့ကောက်ညှင်းမုန့်ဝိုင်းများမှာ အရောင်းသွက်လျက်ရှိပါသည်။ မန္တလေးမြို့အနီးတဝိုက်ဒေသများမှထွက်ရှိသည့် ထိုင်ဝမ်ဆီးသီး(၁၀)လုံးလျှင် (၁၅၀၀-၂၀၀)ကျပ်၊ မာလကာသီး ၁လုံးလျှင် (၇၀၀-၁၀၀၀)ကျပ်၊ သင်္ဘောသီး၁လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၃၀၀၀-၄၀၀၀)ကျပ်၊ သခွားဝါသီး ၁လုံးလျှင် (၂၀၀၀)ကျပ်၊ နဂါးမောက်သီးတစ်လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး ၂၅ကျပ်သားလျှင် (၄၀၀၀)ကျပ်တို့ဖြင့်လည်းကောင်း၊ တရုတ်ဘက်မှဝင်ရောက်လာသည့် ပန်းသစ်တော်သီးတစ်လုံးလျှင် (၂၅၀၀-၃၅၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ စပျစ်သီး ၂၅ကျပ်သားလျှင်(၄၅၀၀-၅၀၀၀)ကျပ်၊ လီမွန်သီးတစ်လုံးလျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ လိမ္မော်သီးတစ်လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ ပန်းလိမ္မော် ၂၅ကျပ်သားလျှင် (၃၅၀၀-၄၀၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

                                   

ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဈေးနှုန်းများ

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်၌ ပုဇွန်တောင်ဈေးအတွင်းရောင်းနေသော ဆန်ကြမ်း/ချောအမျိုးအစားအလိုက် ဈေးနှုန်းများမှာ (ထိပ်စ/လတ်စ /နိမ့်စ)များတွင်  ဧည့်မထ ၁အိတ်လျှင် (၈၅၀၀၀ - ၈၂၅၀၀ - ၇၅၅၀၀)ကျပ်၊ မနောသုခ ၁အိတ်လျှင် (၁၀၄၀၀၀ - ၉၉၅၀၀ - ၉၄၅၀၀ကျပ်)ထိလည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၇၈၅၀၀ – ၁၆၆၅၀၀)  ကျပ်ထိ၊  ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၃၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၃၀၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ပေါ်ဆန်းမွှေး (မြောင်းမြ) ၁အိတ်လျှင်  ၁၂၆၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ရှိနေကြောင်း၊ ဆန်ဟောင်းဈေးနှုန်းများမှာမူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဆန်သစ်များသာအဝင်များလာကြောင်း ဆန်လက်လီ / လက်ကားရောင်းချသော ဆန်ဆိုင်ရှင်များမှသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန်မြို့နယ်၊ ကြက်/ဘဲဈေးရှိ ဈေးနှုန်းများ

     မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်လျက်ရှိရာ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင်  (၁၆၀၀၀ /၁၇၀၀၀) ကျပ်နှင့် ကုန်အဝင်ပိဿာ (၂၉၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ၇၂၀၀ /၇၃၀၀ ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၅၆၀၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ် (၆၀၀၀ / ၁၀၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၇၀၀၀) ၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀/ ၁၀၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၆၅၀၀/၇၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၇၀၀) တို့ဖင့် စုစုပေါင်းကုန်အဝင်ပိဿာချိန် (၈၆၈၀၀) ရှိကြောင်းသိရှိရပါသည်။  

    အဆိုပါဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် အသားတိုးကြက်နှင့် မွေးမြူရေးကြက်ဈေးနှုန်းများမှာ ဈေးနှုန်းမြင့်တက်လာပြီး ကုန်အဝင်ပိဿာပြောင်းလဲခြင်းမရှိဘဲ  ပုံမှန်အတိုင်း ကုန်စည်စီဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေပြည်သာမြို့နယ်ရှိ သံချောင်းဈေးနှုန်းအခြေအနေ

     မြောက်ပိုင်းခရိုင်အတွင်းရှိ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်ရှိသော အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချနေသော ရွှေမေတ္တာဆိုင်သို့သွားရောက်၍ (၅-၂-၂၀၂၄) ရက်နေ့တွင် သံချောင်းဈေးနှုန်းများမေးမြန်းခဲ့ရာ သံချောင်းအမျိုးအစားများဖြစ်သော HRB 400 Local နှင့် H Bean, Hollow Original သာရောင်းချကြောင်းသိရှိရပါသည်။ HRB 400 တွင် 10M, 12M, 16M, 18M, 20M, 25M ရှိပြီး ယခင်အပတ်ထက် ယခုအပတ်တွင် တစ်မျိုးလျှင် (၅)သောင်းကျပ်မှ (၁)သိန်းကျပ်ခန့်ဈေးနှုန်းမြင့်တက်လာခဲ့ပြီး H Bean နှင့် Hollow Original မှာလည်း (၁)သိန်းကျပ်မှ (၁)သိန်း၊(၅)သောင်းကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်လာသောကြောင့်ဖြစ်သည်ဟု စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့၏ သီးထပ်စွမ်းအား (ဆောင်းသီးနှံ) စိုက်ပျိုးမှု

    တိုက်ကြီးမြို့နယ်၌ သီးထပ်စွမ်းအားဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် စပါးနှင့် အခြားသီးနှံများကိုလည်းစိုက်ပျိုးပါသည်။ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် နွေစပါး (၄၄၇၆၁)ဧက စိုက်ပျိုးခဲ့ပြီး (၂၀၂၃-၂၀၂၄) ခုနှစ်တွင် (၄၆၄၉၂)ဧကလျာထား၍ (၂-၂-၂၀၂၄) ရက်နေ့ထိ (၃၅၂၈၉)ဧကစိုက်ပျိုးပြီးစီးပြီး (၁၁၂၀၃)ဧကစိုက်ရန်ကျန်ရှိပါသည်။ မြေပဲကို (၇၁၉)ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး ယခုနှစ်တွင် နေကြာ (၅၄၂)ဧက၊ မတ်ပဲ (၃၅၈၇၃)ဧကလျာထားသော်လည်း (၄၄၇၉၄)ဧကအပြင် (၈၉၂၁)ဧကတိုး၍ စိုက်ပျိုးနိုင်ခဲ့ပါသည်။ ပဲတီစိမ်းကို (၂၅၀၀)ဧက လျာထားသော်လည်း (၄၂၀)ဧကစိုက်ပျိုးပြီးစီးပြီး (၂၀၈၀)ဧကကျန်ရှိကြောင်း၊ ပိုက်ဆံလျော်ကိုမူ (၅၀၀)ဧကလျာထားခဲ့ပြီး (၂၆၆)ဧကစိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ် ရာသီကုန်၌ လယ်မြေ(၁၂၄၁၄၃)ဧကတွင် သဲဆန်ကုန်းကြော (၈၉၆၀)ဧကနုတ်ပြီး စိုက်ပျိုးနိုင်သောလယ်မြေ (၁၁၅၁၈၃)ဧကတွင် လယ်သီးထပ် (၂-၂-၂၀၂၄) ရက်နေ့ထိ (၈၈၇၇၈) ဧကစိုက်ပျိုးပြီး နွေစပါးလျာထားချက်အပေါ် ကျန်ဧက (၁၁၂၀၃)ဧကစိုက်ပျိုးပြီးပါက (၉၉၉၈၁)ဧကစိုက်ပျိုးနိုင်မည်ဖြစါသဖြင့် လယ်ယာ မြေပေါ် သီးထပ်စွမ်းအား (၈၆.၈၀%)ထိ တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်နေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

နို့စားနွားမွေးမြူခြင်းလုပ်ငန်း

    မှော်ဘီမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အင်ကြင်းလမ်းတွင် နို့စားနွားမွေးမြူခြင်းလုပ်ငန်းကို ခြံပိုင်ရှင် ဉီးမင်းမင်းက ၁၉၉၉ခုနှစ်တွင် စတင်မွေးမြူခဲ့ရာ ခြံအကျယ်အဝန်း (၀.၄၅)ဧကကျယ်ဝန်းပြီး နွားအမျိုးအစားမှာ ဖရစ်ရှန်(နိုင်ငံခြား) နွားမျိုးကို အဓိကထားမွေးမြူထားပါသည်။ နွားအကောင်ရေ (၂၈)ကောင်ရှိရာ နွားမကြီး(၁၄)ကောင်၊ မဒန်း(၆)ကောင်၊ (၁)နှစ်ခွဲအသေး (၈)ကောင်၊ (၆)လသားအရွယ်နွားများမွေးမြူထားပြီး (၃)နှစ်သားရောက်လျှင် နို့ညှစ်၍ရပါသည်။ နွားမကြီး(၁၄) နှစ်သားထိ နို့ညှစ်ယူ၍ရပြီး နို့ထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် မျိုးပွားရန် မျိုးစပ်ရာတွင် မေထုန်မဲ့သားစပ်နည်းဖြင့်သားစပ်၍ သားတင်ရပါသည်။ နွားထီးမွေးပါက ရောင်းချရန်အရွယ်ရောက်လျှင် ပြန်လည်ရောင်းချပါသည်။ နွား(၁)ကောင်၏ တန်ဖိုးမှာ ကျပ်(၁၈) သိန်းမှ ကျပ်(၂၂)သိန်းအထိဈေးရှိကြောင်း၊ (၁)နှစ်လျှင် (၁)သားကျပြီး နွားအစာ (၂)မျိုးကျွေးပါသည်။ အစာတောင့်နှင့် ဘီယာဖတ်ကျွေး၍ ဘီယာဖတ် (၁)တန်လျှင် (၂၀၀၀၀၀)ကျပ်၊ CP အစာတောင့် (၁)အိတ်လျှင် (၆၀၀၀၀)ကျပ်ဈေးနှုန်းဖြစ်ပြီး တစ်ရက်လျှင် မနက်၊ ည (၁၂၈)ပိဿာ ကျွေးရပါသည်။ ဘီယာဖတ် (၁၂၂)ပိဿာ၊ အစာတောင့် (၆)ပိဿာဖြစ်ပြီး နွားနို့မှာ တစ်ရက်လျှင် (၄၀)ပိဿာထွက်ရှိပါသည်။ ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ခြံသို့ နွားနို့များကိုလာရောက်ဝယ်ယူပြီး အင်းစိန်မြို့နယ်ရှိ နို့ဈေးတွင် ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၂၉-၁-၂၀၂၄) ရက်နေ့မှ (၃-၂-၂၀၂၄) ရက်နေ့အထိ

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအရ လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ်  (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၉-၁-၂၀၂၄)ရက်နေ့မှ (၃-၂-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၁)ခုနှင့် စားအုန်းဆီတန်ချိန် (၅၉၃၄.၂၃၈)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း