Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၅-၂-၂၀၂၄) ရက်နေ့မှ (၁၀-၂-၂၀၂၄) ရက်နေ့အထိ

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများနေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီကို ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက် ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၅-၂-၂၀၂၄)ရက်နေ့မှ (၁၀-၂-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၂၁) ခုနှင့် စားအုန်းဆီတန်ချိန် (၇၀၂၃.၁၉၈)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၂.၂၀၂၄ )

   ၁၆.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်အတွင်း၌ စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီအမျိုးမျိုးကိုဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်၍ ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများအနေဖြင့် အဓိကစားသောက်ပစ္စည်းဖြစ်သော စားအုန်းဆီအမျိုးမျိုးတို့ကိုဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စံချိန်၊ စံညွှန်းနှင့်ကိုက်ညီမှုရှိသောစားအုန်းဆီများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ပြည့်စုံစွာဖော်ပြပါရှိသော စားအုန်းဆီများကိုသာ အမှန်တကယ်ရောင်းချကြရန်၊ စားအုန်းဆီအမျိုးမျိုးနှင့်စားသောက်ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများက တားမြစ်ထားသောကုန်ပစ္စည်းများ၊ သက်တမ်းကုန်နေသော စားသောက်ကုန်ပစ္စည်းများအား မိမိတို့၏ဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးရှင်းလင်းပြောကြားခဲ့ပြီးနောက် ဈေးကွက်အတွင်းရှိ စားအုန်းဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အခြေခံစားကုန် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး ဈေးနှုန်းအနည်းငယ်ကျ

   အခြေခံစားကုန်ဈေးနှုန်း ဈေးကွက်ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအား ဘားအံမြို့ ရေပေါ်ဈေးကို အခြေခံ၍ ကုန်ဈေးနှုန်းစာရင်းများ ကောက်ယူလျက်ရှိရာ ၁-၂-၂၀၂၄ မှ ၁၃-၂-၂၀၂၄ ရက်နေ့ထိ  ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ  ဧည့်မထဆန် တစ်ပြည် ၃၅၀၀ကျပ်၊ ပေါ်ဆန်း (သထုံ)မွှေးဝါ တစ်ပြည် ၅၄၀၀ ကျပ်၊ စားအုန်းဆီ  တစ်ပိဿာ ၅၉၀၀ကျပ်၊ ငရုတ်ခြောက်ရှည် ၁၃၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀ ကျပ်၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁၀၅၀၀ ကျပ်၊ ဝက်သား ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၀၀၀ ကျပ်၊ အာပြဲခြောက် တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၂၇၀ ကျပ်၊ ဘဲဥ တစ်လုံး ၃၅၀ ကျပ်၊ ကုလားပဲ တစ်ပိဿာ ၇၀၀၀ ကျပ် ဖြစ်ကြောင်းနှင့် အာလူး တစ်ပိဿာ ၂၈၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

     ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ယခုအပတ်တွင် ကြက်သွန်နီ ၁ ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၂၈၀၀ ကျပ်သို့လည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ)မှာ ၁ ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်သို့လည်းကောင်း၊ အာလူးတစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၂၈၀၀ ကျပ်သို့လည်းကောင်း ဈေးနှုန်းအသီးသီး ကျဆင်းခဲ့ပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း နှင့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ယခုနှစ် အသစ်ပေါ်ထွက် လာသော ကြက်သွန်အသစ်များကို ထွက်ရှိရာဒေသမှ တိုက်ရိုက်ဝယ်ယူ၍ ပြည်နယ်အတွင်း ဖြန့်ဖြူးသောကြောင့် ဈေးနှုန်းသက်သာပြီး ဈေးကျရခြင်းဖြစ်ကြောင်းနှင့် အာလူးမှာ ကုန်အသစ် ပေါ်၍ ဝယ်ဈေးသက်သာသောကြောင့် ဈေးနှုန်းကျရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ကရင်)

 

                            

ဘားအံမြို့၏ စက်သုံးဆီ လက်လီဈေးနှုန်းများ

    မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၇)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၇၂၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၈၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၁၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်းသိရသည်။

    စက်သုံးဆီဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၏ (၀၉-၄၄၀၄၃၃၅၃၃၃၊ ၀၉-၆၉၉၆၁၁၁၆၊ ၀၆၇-၄၁၁၁၂၉၊ ၀၆၇-၄၀၉၈၈၁) လုံခြုံစိတ်ချစွာဖြင့် တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

မုဒုံမြို့နယ်တွင် ဖူးစားပြောင်းများဈေးကောင်းရရှိ

  မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ တောင်သူများတွက်ချေကိုက်လျက်ရှိသည်။

      မုဒုံမြို့နယ်တွင် တောင်သူအများစုက မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အားထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံများအနေဖြင့် ဖူးစားပြောင်း၊ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ငရုတ် စသည့်သီးနှံများကို စိုက်ဧကပေါင်း (၂၃၀၀) ကျော်စိုက်ပျိုးထားကြောင်းသိရှိရသည်။

     မုဒုံမြို့နယ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုးသကြားပြောင်းနှင့် ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြပြီး မြို့ပေါ်ဈေးများတွင် တစ်ဖူးလျှင် (၃၅၀) မှ (၄၀၀) ကျပ်ထိရောင်းချရပြီး တွက်ချေကိုက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ဖေဖော်ဝါရီလ(ဒုတိယ)ပတ်အတွင်း ‌ရွှေဘို ပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၁၄၀,၀၀၀ ကျပ်၊ ‌ရွှေဘို ပေါ်ဆန်း (ဟ)(တစ်အိတ်)လျှင် ၁၅၅,၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၁၃၀,၀၀၀ ကျပ်၊ဧရာမင်း(ဆန်) (ဟ) (တစ်အိတ်)လျှင် ၁၅၀,၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)  (တစ်အိတ်)လျှင် ၈၅,၀၀၀ ကျပ်၊ ဧည့်မထ ဆန်(ဟ)  (တစ်အိတ်)လျှင် ၁၀၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၀၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၁၅၀၀ မှ ၁၂၀၀၀ ကျပ်၊ ကြက်သွန်နီ(သစ်) (တစ်ပိဿာ) ၂၃၀၀ မှ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၁၅၅၀၀ မှ ၁၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၁၃၀၀၀ မှ ၁၃၀၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၆၀၀ မှ ၂၈၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၂၈၀၀ မှ ၃၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၀၅၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၀၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်) ၆၀၀ ကျပ်၊ ပဲသီး(ပဲထောင့်ရှည်) (တစ်စီး) ၃၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၉၀၀၀ မှ ၉၅၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၇၀၀၀ မှ ၁၇၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၄၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၁၉၀၀၀ မှ ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၉၅၀၀ မှ ၁၀၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် ၁၀၀၀-၃၀၀၀ ကျပ်အတွင်း အသီးသီး ဈေးရှိကြောင်း သိရသည်။

     ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အသား/ငါး နနွင်းတက်၊ ကြက်သွန်/ဖြူနီ ခရမ်းချဉ်ဈေးနှုန်းအနည်းငယ်အတက်အကျရှိနေပြီး  စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။   

DOCA(စစ်ကိုင်း)

  

မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာမှ စားသုံးဆီပိုမိုထုတ်လုပ်နိုင်ရေးအတွက် လျာထားစိုက်ဧကများပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

      ဆီထွက်သီးနှံဆောင်းနေကြာများအောင်မြင်ဖြစ်ထွန်းရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများကို နေကြာမျိုးကောင်းမျိုးသန့်များပံ့ပိုးဆောင်ရွက်ပေးခြင်း၊  စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးများရွေးချယ်ပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ သွင်းအားစုမြေဩဇာများကို သက်သာသည့်ဈေးနှုန်းများဖြင့် ဖြန့်ဖြူးပေးခြင်းနှင့် စနစ်တကျထည့်သွင်းအသုံးပြုနိုင်ရေးနည်းပညာများကို ပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံတောင်သူများနှင့်ပူးပေါင်းကာ အထွက်နှုန်းတိုးရေးစံပြစိုက်ခင်းများ၌ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

      မုဒုံမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်ဆောင်းရာသီ ဆီထွက်သီးနှံနေကြာကို စိုက်ဧက (၁၁၀၀) ဧကစိုက်ပျိုးရန်လျာထားပြီး လျာထားချက်ပြည့်မီအောင် (၁၁၀၁) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ စတုတ္ထ ပတ်တွင်    ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်(၉၅,၀၀၀)ကျပ်၊ ‌ရွှေကောမတ် (၂၀:၁၂:၁၂)တစ်အိတ် (၁၃၅,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်(၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်) တစ်အိတ် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၈၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၇၈,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၈၀,၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၇၃,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၁၆၇,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၈၅၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၉၅,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၅၄,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၇၁,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၁၈,၀၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ် (၂၀,၀၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ် (၁၅,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၁၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၃,၅၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1 Liter)တစ်ဘူး (၅၁၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၂၇,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter)တစ်ဘူး (၃,၀၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၃၅,၀၀၀) ကျပ်၊ သန်းဒါး(10 CC) တစ်ဘူး (၂,၀၀၀)ကျပ်၊ ဒိုဇာ(10 g)တစ်ဘူး (၂,၄၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၃၀၀)ကျပ်၊ ပင်လုံးပြန့်(1 Liter) တစ်ဘူး (၂၅,၅၀၀)ကျပ်ဖြင့်   အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

     ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင်    ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်(၉၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ် (၁၃၃,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်(၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်) တစ်အိတ် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၈၀,၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၇၃,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၁၆၃,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၇၅၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၉၅,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၅၈,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၅,၀၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၇၄,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၁၈,၀၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ် (၂၀,၀၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ် (၁၅,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၁၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၃,၅၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1 Liter)တစ်ဘူး (၅၁၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၂၇,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter)တစ်ဘူး (၃,၀၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၃၅,၀၀၀) ကျပ်၊ သန်းဒါး(10 CC) တစ်ဘူး (၂,၀၀၀)ကျပ်၊ ဒိုဇာ(10 g)တစ်ဘူး (၂,၄၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၃၀၀)ကျပ်၊ ပင်လုံးပြန့်(1 Liter) တစ်ဘူး (၂၅,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ပါက ဈေးနှုန်းများအနည်းငယ်  ပြောင်းလဲမှုရှိပါကြောင်း လေ့လာသိရှိရသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များ အနေဖြင့် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး  ဈေးနှုန်းများမြင့်တက် နေပါကြောင်း သိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ  (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၁၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၁၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)(ဟောင်း)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၁၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၅၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၈၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည်တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၃၄၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ ဇန်နဝါရီလ (စတုတ္ထ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၃၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၁၂၇၈၀၊ ကချင်သို့ အိတ်‌ရေ ၈၇၈၅၊ ပခုက္ကူသို့ အိတ်ရေ ၆၆၀  စုစုပေါင်း အိတ်ရေ (၇၉၇၂၅)  အိတ်၊ တန်အား ဖြင့် (၃၉၈၆)  စီးထွက်ခဲ့ပြီး ယခုဖေဖော်ဝါရီလ  (ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၃၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၇၂၀၀ နေပြည်တော်သို့ အိတ်ရေ ၃၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၈၀၀၊ မွန်သို့ အိတ်ရေ ၉၉၀၀၊ ကချင်သို့ အိတ်‌ရေ ၃၉၅၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀  စုစုပေါင်း အိတ်ရေ (၇၀၇၅၀)  အိတ်၊ တန်အားဖြင့် (၃၅၃၇) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၈၉၇၅) အိတ်၊ တန်အားဖြင့် ( ၄၄၉) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း