Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းကောင်းလာမည့် အစေ့ထုတ်ပြောင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်သည် မိုးသီးနှံ၊ စပါး၊ ဆောင်းသီးနှံ ပဲမျိုးစုံ ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံအများအပြား စိုက်ပျိုးသောမြို့နယ်ဖြစ်ပါ သည်။ ထိုသီးနှံများကို လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးကြပါသည်။ ထိုသီးနှံများထဲမှ နှုန်းတင်မြေနူ (ကိုင်းမြေ)တွင် စိုက်ပျိုးသော အစေ့ထုတ်ပြောင်း၏လက်ရှိစိုက်ပျိုး ထားမှုအခြေအနေ ၊ တစ်ဧက ကုန်ကျစရိတ်ထွက်ရှိလာတော့မည့် သီးနှံအပေါ်ကြိုတင်ဝယ်ယူမှုများ အရ ၂၀၂၄-၂၀၂၅ ခုနှစ် ထွက် အစေ့ထုတ်ပြောင်းသည် ဟင်္သာတမြို့နယ်တွင် (၃၁၁၆)ဧက စိုက်ပျိုး ထားရှိပါသည်။ အစေ့ထုတ်ပြောင်း တစ်ဧကလျှင် ပျမ်းမျှကုန်ကျစရိတ်  ၁၇ သိန်းကျပ် ကုန်ကျပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၁၂၀ မှ ၁၅၀ ထိ ထွက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံပေါ်ချိန်တွင် အစေ့ထုတ်ပြောင်းတစ်တင်း ဝယ်ဈေးမှာ ၁၈၀၀၀/- ကျပ်မှ ၂၀၀၀၀/- ကျပ်ဝန်းကျင် ရှိခဲ့သော်လည်း ယခုနှစ်တွင် ထွက်ရှိလာမည့် အစေ့ထုတ်ပြောင်း သီးနှံ အပေါ်ကြိုတင်ဝယ်ဈေးအဖြစ် ၂၅၀၀၀ /- ကျပ်အရောင်းအဝယ်ဖြစ်နေကြောင်း၊ အစေ့ထုတ်ပြောင်း ကို တိရိစ္ဆာန်အစားအစာ အဖြစ်သော်လည်းကောင်း၊ စားသောက်ကုန်အဖြစ်သော်လည်းကောင်း အသုံးပြုကြပြီး၊ ပြောင်းဖူးအခွံကို ဆေးလိပ်ဖက် ထုတ်ရန်အဖြစ် အသုံးပြုလာသောကြောင့် ဝယ်လိုအားကောင်းနေပြီး ထွက်ရှိလာမည့် ၂၀၂၄-၂၀၂၅ ခုနှစ် အစေ့ထုတ်ပြောင်းသီးနှံသည် တောင်သူများတွက်ချေကိုက်မည့် သီးနှံဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

“ဈေးကောင်းရနေသောရုံးပတီသီး”

     လူအများသိသော ရုံးပတီသီးကို ရခိုင်လိုချောတောက်သီးဟုလည်းခေါ်ကြပါသည်။ ရုံးပတီပင် သည် ပန်းပွင့်သောအပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်သည် ပူနွေးစိုစွတ်သောရာသီရှိသည့် ကမ္ဘာအနှံ့ အပြားတွင်ပေါက်ရောက်သည်။ ရုံးပတီပင်ကို အပူပိုင်း၊ အပူလျော့ပိုင်းဒေသတွင်စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီပင်များကို ကဆုန်၊ နယုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စိုက်ပျိုးရန်အသင့်တော် ဆုံးဖြစ်သည်။ ရေမဝပ်သောမြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။

          ရုံးပတီပင်များကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော်လည်း ချဉ်ငန်ဓာတ်ရှိသောမြေတွင် ပိုမို ဖြစ်ထွန်းသည်။ အစေ့များကိုမစိုက်ပျိုးမီ (၁၂)နာရီကြာ ရေစိမ်ပေးထားရသည်။ စိုက်ပျိုးရာတွင် မြေများကို တူးဆွပြီး မြေဘောင်ဖြစ်အောင်ပြုပြင်ပေးရသည်။ ခြောက်လက်မနက်သည့်ကျင်းများကို တူ၍ မြေဩဇာအဖြစ်နွားချေးနှင့်မြေဆွေးတို့ကိုထည့်ပြီး အစေ့များကိုဆွထားသည့် မြေကြီးတွင် တင်ရုံသာတင်ထားရသည်။ တစ်ပင်နှင့်တစ်ပင်(၁)ပေခြားစီထား၍စိုက်ပျိုးရသည်။

          ပန်းပွင့်ချိန်နှင့် အသီးသီးချိန်တွင် ရေကို များများလောင်းရန်လိုအပ်သည်။ ‌ရုံးပတီသီးများ(၂-၄) လက်မအထိရှည်လာသည့်အခါ(သို့မဟုတ်) ပန်းပွင့်ပြီးတစ်ပတ်ကြာလာတဲ့အခါမျိုးတွင် ခူးဆွတ်နိုင် သည်။ ရုံးပတီသီးများသည် ရင့်လွယ်သည့်အတွက် ပုံမှန်အားဖြင့် (၂)ရက်တစ်ကြိမ်ခူးဆွတ်ပေးရသည် ကိုလည်းလေ့လာသိရှိရပါသည်။

          ရုံးပတီသီးကို အာလူး၊ ခရမ်းသီး၊ ပဲသီးတို့ဖြင့် ရောနှော၍ဖြစ်စေကြော်ချက်စားနိုင်သလို ငါးပိရည်နှင့်တို့စား၍လည်းကောင်း၊ မီးကင်၍လည်းကောင်းစားသုံးနိုင်သည်။ ဈေးကွက်အနေနှင့် ရုံးပတီ (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(ရှမ်း)

 

ကိုက်လန်အကြောင်းသိကောင်းစရာ

အစိမ်းရောင်ရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်ဖွယ်ရာ ဟင်းသီးဟင်းရွက်များထဲမှာ ကိုက်လန် ကို ‘‘the queen of greens’’ လို့တောင်တင်စားကြပါသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဗီတာမင် အေ၊ ကေ၊ စီ၊ ကယ်လဆီယမ်၊ ကော့ပါ၊ မဂ္ဂနိစ် အစရှိသော အာဟာရဓာတ်များပါဝင်သည့်အပြင် ဆေးဖက်ဝင် ဂုဏ်သတ္တိများလည်းရှိပါသည်။

ဂေါ်ဖီအုပ်စုဝင်အပင်ဖြစ်ပြီး အစိမ်းရောင်နှင့် ခရမ်းရောင်မျိုးကွဲလျက်ရှိကာ တွေ့ရအများဆုံးကတော့ အစိမ်းရောင်လှိုင်းတွန့်သဏ္ဍာန်အရွက် ကိုက်လန်မျိုးဖြစ်ပါသည်။ ကိုက်လန်တွင်ပါဝင်သည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများသည် ရောင်ရမ်းမှုကို ကျစေခြင်း၊ စိတ်ကျခြင်းကို သက်သာစေခြင်း ၊ ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေလျော့ချပေးခြင်း အစရှိသော အာနိသင်များရှိပါသည်။ ကင်ဆာရောဂါကို ခုခံနိုင်သည့် sulforaphane ဓာတ်တစ်မျိုးပါဝင်မှုကြောင့် ကင်ဆာဆဲလ်များ ကြီးထွားမလာအောင် ကာကွယ်ပေးပါသည်။ လူအများစုမှာ နည်းပါးနေတတ်သော သတ္တုဓာတ်နဲ့ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပြီး ဆီးချို နဲ့ နှလုံးရောဂါ အတွက် အကာအကွယ်ဖြစ်စေပါသည်။ ထို့အပြင် ကိုက်လန်မှာ ပါဝင်သည့် lutein နှင့် zeaxanthin ဓာတ်များက မျက်စိကြွက်သားများပျက်စီးခြင်း၊ တိမ်စွဲခြင်းကိုလည်း ကာကွယ်ပေးပါသည်။ သုတေသနတစ်ခုအရ ကိုက်လန်ဖျော် ရည်ကို ၁၂ ပတ်ဆက်တိုက် နေ့စဉ်သောက်ပါက အကျိုးပြုတဲ့ HDL ကိုလက်စထရောကို ၂၇% ထိမြင့်တက်စေပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို ၁၀%ကျဆင်းစေပါသည်။ အမျှင်ဓာတ်နှင့် ဆာလဖာတို့ အပြည့်အဝပါဝင် နေမှုကြောင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေတာကြောင့် အဆိပ်ဖယ်ရှား ပေးနိုင်တဲ့ အစာလို့လည်း ခေါ်ဝေါ်ကြပါသည်။ ကယ်လိုရီနည်းပြီး ရေဓာတ်ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ရန် အထောက်အကူပြုကြောင်းလည်း လေ့လာသိရှိရပါသည်။

ကိုက်လန်ပင်သည် အအေးကြိုက်သည့် သီးနှံပင်တစ်မျိုးဖြစ်ပြီး အပင်အမြင့်တစ်ပေကနေ တစ်ပေခွဲလောက် အထိရှိပြီး အကိုင်းအခက်တွေဟာ(၃)ပေလောက်အထိ ပြန့်ကားပါသည်။ အပင်သက်တမ်းကတော့ ၂ နှစ် အထိခံ ပေမယ့် နှစ်ချင်းစားသုံးလို့ရပြီး ကိုက်လန်ပင်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကာ ဆောင်းရာသီနှောင်းပိုင်းနဲ့ မိုးရာသီ နှောင်းပိုင်းတွေမှာ စိုက်ပျိုးကြပါသည်။ ပြင်ဦးလွင်ဒေသမှာ စိုက်ပျိုးသည့် ကိုက်လန်တွေထဲမှာ မိုးမျိုးဟာ အရွက်ရှည်ပြီး ဆောင်းမျိုးက အရွက်ဝိုင်းပါသည်။ ဆောင်းမျိုးက အပင်နိမ့်လို့ရပြီး မိုးမျိုးမှာ အပင်မြင့်မှရတာဖြစ်ပြီး အပင်နိမ့်ပါက အရွက်များ ရေနဲ့ထိပြီး ပုပ်သွားတတ်ပါသည်။ မိုးမှာ စိုက်သည့်ကိုက်လန်က ဆောင်းတွင်းမှာ စိုက်သည့်ကိုက်လန်ပင် ထက် ဈေးပိုရလေ့ရှိပါသည်။

အရွက်နုများကို စိုက်ပြီး အချိန်(၁)လကြာလျှင် စတင်ခူးဆွတ်လို့ရနိုင်ပြီဖြစ်ပြီး အရွက်ရင့်ကိုခူးဆွတ် မည်ဆိုပါက (၁) လခွဲ (၂) လလောက်အထိထားပေးရမှာဖြစ်ပါသည်။ အကြမ်းအားဖြင့် စတင်စိုက်ပျိုးသည့်အချိန်မှ (၂)လခွဲခန့်တွင် ရောင်းတန်းဝင်သည့် အရွက်များရရှိနိုင်မှာဖြစ်ပါသည်။ ရာသီဉတုအေးပြီး အရွက်ရင့်လာလေ အချိုဓာတ်များလေဖြစ်ပါသည်။ ကိုက်လန်ပင်သည် တစ်ပင်စိုက်ထားလျှင် (၄-၅)ကြိမ်အထိ အရွက်များကို ခူးဆွတ် နိုင်ပြီး မိမိရဲ့ပြုစုမှုအပေါ်မူတည်၍ အရွက်ခူးဆွတ်နိုင်သည့် ကာလမှာ(၃)လအထိရှိနိုင်ပြီး ကိုက်လန် သက်တမ်းဟာ (၅)လခွဲလောက်အထိရှိနိုင်ပါသည်။ ထို့ကြောင့်ကိုက်လန်ပင်သည် ရာသီပေါ်သီးနှံဆိုသော်လည်း စိုက်ပျိုးတောင်သူ များအတွက် တွက်ချေကိုက်သည့် သီးနှံတစ်မျိုးလည်းဖြစ်ပြီး ဈေးကွက်အနေဖြင့် ကိုက်လန်တစ်စီးကို (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

“ရှမ်းပြည်မှ ဆောင်းရာသီစာ ပဲပိုးတီ”(P)

        ပဲပိုးတီသည် ဆောင်းရာသီတွင် ရှမ်းပြည်နယ်ဘက်၌ ပေါများစွာတွေ့ရှိရသော ရာသီစာ တစ်မျိုးဖြစ်သည်။ ရှမ်းပြည်နယ်မှ ဒေသခံအများစု ကြိုက်နှစ်သက်ကြသော ရာသီစာဖြစ်ပြီး ပဲပိုးတီကို ဝက်သားနှင့် လဲစားတောင်မစားဟု ဆိုစမှတ်ပြုကြသည်။

          ပဲပိုးတီသည် အရစ်ရစ်လေးနှင့် လုံးလုံးဖောင်းဖောင်းလေးရှိပြီး ပိုးကောင်လေးနှင့်ဆင်တူသည်။ အရသာမှာ ချိုစိမ့်စိမ့်လေးရှိပြီး ချက်စားပါက အိအိလေးနှင့် အလွန်စားကောင်းသည်။ ပဲပိုးတီကို ဝက်သား၊ ကြက်သားနှင့်ရောချက်စားကြသလို၊ မုန်ညှင်းနှင့်ရောစပ်ပြီး အချဉ်တည်၍သော်လည်းကောင်း၊ ပဲပိုးတီသီးသန့်အချဉ်တည်၍သော်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးကြ သည်။

          ပဲပိုးတီသည် ဆောင်းရာသီစာဟုဆိုသော်လည်း ဒေသခံများက အချဉ်တည်၍ တစ်နှစ်ပတ်လုံးစာ ပြုလုပ်စားသုံးကြကြောင်းသိရသည်။ ပဲပိုးတီမှာချက်စားလျှင် အိအိလေးနှင့်စားကောင်းပြီး အချဉ်တည် ၍ စားသုံးပါက ကြွပ်ကြွပ်လေးနှင့် အရသာရှိကြောင်းသိရှိရသည်။

တောင်ကြီးမြို့နယ်ဘက်တွင်မူ ပဲပိုးတီကို ဈေးများတွင် အလွယ်တကူရရှိနိုင်ပြီး ဒေသခံများ ပြုလုပ်သော ငါးရက်တစ်ဈေးနေ့များတွင် ရွာဘက်မှဒေသခံများ လာရောက်ရောင်းချကြသောကြောင့် ပို၍ပေါများစွာတွေ့ရှိရသည်။ ဈေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင် (၁၀၀၀-၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ကြကြောင်း သိရှိရသည်။

DOCA(ရှမ်း)

ကန်စွန်းရွက်စျေးနှုန်းစျေးကွက်

          ကန်စွန်းပင်သည် အပူပိုင်းဒေသ ကုန်တစ်ပိုင်းရေတစ်ပိုင်း ပေါက်ရောက်သော အပင်တစ်မျိုး ဖြစ်သည်။ ဟင်းသီးဟင်းရွက်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ ကန်စွန်းပင်သည် ရေထဲ(သို့မဟုတ်)စို စွတ်သော မြေကြီးပေါ်တွင် ရှင်သန်ကြီးထွားနိုင်သည်။ အဆစ်များရှိပြီး အဆစ်များမှတစ်ဆင့်အမြစ် များထွက်ကြသည်။ ကန်စွန်းရိုးသည် အခေါင်းပွများဖြစ်ကြပြီး ရေပေါ်၌ပေါ်နိုင်သည်။ ကန်စွန်းပင်ကို ပင်စည်အရိုးကိုဖြစ်၍ မြေ၌ထိုးစိုက်၍စိုက်ပါက အဆစ်များမှ အမြစ်များဖြာထွက်ကာ ရှင်သန်စေနိုင် သကဲ့သို့ မျိုးစေ့များ အသုံးပြု၍လည်းစိုက်ပျိုးနိုင်သည်။ ထားဝယ်ဒေသတွင် ကန်စွန်းပင်ကို ဘောင် များပြုလုပ်၍ မျိုးစေ့ဖြင့် စိုက်ပျိုးလေ့ရှိကြသည်။ ထားဝယ်စျေးကြီးထဲတွင် ကန်စွန်းရွက်တစ်စီးလျှင် (၃၀၀)ကျပ်၊ နှစ်စီးလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်ဒေသထွက် ကြက်ဟင်းခါးသီးစျေးနှုန်း/စျေးကွက်

          ထားဝယ်မြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့် လယ်မြေ များတွင် သီးပင်၊ စားပင်များစိုက်ပျိုးထားလျက်ရှိရာ ကြက်ဟင်းခါးပင်များကိုလည်း စိုက်ပျိုးထားပါ သည်။ ကြက်ဟင်းခါးကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးအချိန်မှစ၍ (၇၅)ရက်ခန့် တွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသောအသီးများကို စည်ပင်သာယာစျေးကြီးအတွင်း ရောင်း ချကြပါသည်။ ကြက်ဟင်းခါးသီးတစ်လုံးလျှင်(၆၀၀)ကျပ်နှင့်(၇၀၀)ကျပ်ရှိပြီး ယခင်နှစ်စျေးနှုန်းနှင့်  နှိုင်းယှဥ်ပါက စျေးနှုန်းမြင့်တက်လျက်ရှိပြီး တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါ သည်။

လိမ္မော်သီးစျေးနှုူန်း

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးများရှိ သစ်သီးအ‌ရောင်းဆိုင်များ တွင် ပန်းသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်သီး၊ စပျစ်သီး စသဖြင့်  နေ့စဉ်လူအများအပြားစည်ကားသိုက်မြိုက် စွာ ဝယ်ယူ‌လျက်ရှိပါသည်။ ထိုသီးနှံများအနက် လိမ္မော်သီးသည်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်ထွန်း လျက်ရှိကြောင်းသိရှိရပါသည်။

          လိမ္မော်သီးသည် ရှောက်မျိုးနွယ်ပင်ဖြစ်ပြီး အရည်ရွမ်းသောအသီးတစ်မျိူးဖြစ်သည်။ အလုံးသေး ပြီး အခွံပါးသောအသီးဖြစ်သည့်အတွက် အရည်ညှစ်ထုတ်၍ သောက်သုံးနိုင်ပြီး ရေခဲသေတ္တာထဲတွင် ထည့်၍စားသုံးမည်ဆိုပါက အရသာပိုမိုကောင်းမွန်ပါသည်။ ထားဝယ်မြို့‌စျေးကြီးများရှိ သစ်သီးအရောင်း ဆိုင်များရှိ စျေးနှုန်းများအရ အလုံးကြီးတစ်လုံးလျှင် ကျပ် (၈၀၀) မှ (၁၀၀၀) ကျပ်အထိ စျေးရရှိနေ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပျားလိမ္မော်သီးစျေးကွက်

          ပျားလိမ္မော်သီးသည် အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီ ဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသောသီးနှံဖြစ်သည်။ ပျားလိမ္မောသီးသည် လိမ္မော်သီး မျိုးစိတ်ဖြစ်ပြီး လိမ္မော်သီးနှင့်မတူဘဲ အရသာအနည်းငယ်ကွဲပြားသည်။ အရသာမှာ လိမ္မော်သီးနှင့်မတူ ဘဲ အချဉ်ဓါတ်အနည်းငယ်ပါဝင်သည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာစျေးများရှိ သစ်သီးရောင်းချသူများအနေ ဖြင့် နေ့စဉ်အ‌‌ရောင်းအဝယ်သွက်လျက်ရှိပြီး စီးပွားရေးကောင်းမွန်လျက်ရှိပါသည်။ ပျားလိမ္မော်သီးစျေး နှုန်းအနေဖြင့် တစ်ကီလိုလျှင် ကျပ်(၁၃၀၀၀)မှ (၁၅၀၀၀)ကျပ်အထိ စျေးရရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရာသီပေါ်ခရမ်းကြွပ်သီး‌ဈေးနှုန်း/ဈေးကွက်

          တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သပြေချောင်းရွာ တွင် ခရမ်းကြွပ်သီးများကို ရာသီမရွေး တစ်နှစ်ပတ်လုံး တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ အစိမ်း ရောင်၊ အဖြူရောင်နှင့် ခရမ်းရောင်ဟူ၍ (၃)မျိုးရှိပြီး ထားဝယ်ဒေသတွင်အဖြူရောင်ကိုအများအပြား စားသုံးလျက် ရှိကြောင်းသိရှိရပါသည်။ ထိုင်းအစားအစာများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပြီး အတို့အမြှုပ် အနေဖြင့်လည်း စားသောက်လျက်ရှိကြပြီး လူကြိုက်များသောသီးနှံတစ်မျိုးလည်း ဖြစ်ပါ သည်။

          ခရမ်းကြွပ်သီးကိုစိုက်ခင်းများမှတဆင့် ရွာဈေးများ၊ မြို့ပေါ်ဈေးများသို့ဆိုင်ကယ်များ၊ ကားများ ဖြင့် သွားရောက်ရောင်းချကြပြီး ယခုပတ်အတွင်းလေ့လာချက်များအရစည်ပင်သာယာဈေးကြီးအတွင်း၌ ခရမ်း ကြွပ်သီးနို့ဆီဗူးတစ်ဗူးလျှင်(၁၀၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်ထိုမြို့နယ်ရှိ ပဲမျိုးစုံစိုက်ကွင်းများသို့ ကွင်းဆင်းလေ့လာ

၂၀.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာရှိ ပဲစိုက်ကွင်းများသို့ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် ပဲစိုက်ပျိုးနေမှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းလေ့လာခဲ့ရာ ကျိုက္ကသာအလယ်သောင်ကွင်းရှိ ပဲစိုက်တောင်သူ ဦးအောင်နိုင်ဌေး၏ ပြောကြားချက်အရ တောင်သူအများစုမှာ ပဲတီစိမ်းကိုသာ အဓိကစိုက်ပျိုးကြပြီး စိုက်ခင်း ဧက (၂၀၀) ခန့်ရှိကြောင်း သိရပါသည်။

ပဲတီစိမ်းကို နိုဝင်ဘာလတွင် စိုက်ပျိုးပြီးဇန်နဝါရီလစတုတ္ထပတ်တွင် ရိတ်သိမ်း ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၄၀၀၀၀၀ ခန့်ရှိပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၅ တင်းခန့် ထွက်ရှိရန်မျှော်မှန်းထားကြောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် ယခင်နှစ်က ကျပ် ၈၀၀၀၀ ရှိခဲ့ရာမှ ယခု ကျပ် ၁၀၀၀၀၀ ခန့်ရှိလာရန် ထွက်ရှိလာမည့် ပဲတီစိမ်းများ ဈေးကောင်းရရှိရန် မျှော်မှန်းထားကြောင်း သိရှိရသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း