Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ ကွမ်းရွက်ဈေးနှုန်း၊ဈေးကွက်အခြေအနေ

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ယခုလိုဆောင်းရာသီတွင် ကွမ်းရွက်များအထွက်နည်းလာကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေး ပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ၂၁၀၀၀ မှ ၂၂၀၀၀ ကျပ် ၊ ကွမ်းရွက်(ကြီး)တစ်ပိ ဿာလျှင် ၁၅၀၀၀ ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ် မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူ မြို့ ၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်း၊ ယခင်အပတ်တွင် အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုလတတိယပတ်အတွင်း ကွမ်းရွက်(ရှယ်)တစ်ပိ ဿာလျှင် ၂၀၀၀ ကျပ်၊ ကွမ်းရွက် (ကြီး)တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ၊ ကွမ်းရွက်(သေး) တစ်ပိဿာ လျှင် ၃၀၀၀ ကျပ်ပြန် လည်မြင့် တက်လာကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း၊ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူ ခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလတတိယပတ်တွင် ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများ မှာအရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင်(၂၀၅၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ကွမ်းသီးစိတ် (ရှယ်)လက်လီ/လက္ကားဈေးမှာ (၂၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၅၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့် ကျေးရွာများ၊ ကျွန်းလှမြို့နယ်များသို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ် ကွက်ရှိ ကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ပဲစဉ်းငုံ(နီ)ဈေး အနည်းငယ်အေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ တတိယအပတ်တွင်  အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်ခဲ့ပြီး တတိယအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၉၂၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်း အဝယ်ဖြစ်မှုမှာ(၂၇၀၀၀)တင်း/ (၈၈၂)တန် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၉၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၂၅၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ် ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၇၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်းနှင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် အရောင်းအဝယ်ဖြစ်နေသော နှမ်းနက်ဈေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းနက်များ ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ၊ တတိယအပတ်တွင်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင်(၂၁၅၀၀ဝိ/) ကျပ်ပေါက်ဈေးရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက်တစ်တင်း လျှင်(၂၁၃၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် နှမ်းနက်တစ်တင်းလျှင် (၂၀၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် နှမ်းနက်အရောင်းအဝယ်ဖြစ်သည့်ဈေး အနည်းငယ် တက်လာပြီး   ဝင်ရောက်သမျှအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန် ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုဈေးကွက်သို့ မတ်ပဲများစတင်ဝင်ရောက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ တတိယအပတ်တွင်  အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ မတ်ပဲများ စတင်ဝင်ရောက်ခဲ့ပြီး တတိယအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မတ်ပဲတစ်တင်းလျှင် (၈၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်း အဝယ်ဖြစ်မှုမှာ(၂၇၀၀)တင်း/ (၈၈)တန် ဖြစ်ကြောင်း၊ မတ်ပဲမှာ ယခုနှစ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် လယ်ကြွက်ဈေး

          ရွှေဘိုမြို့ရှိ ဈေးများတွင် လယ်ကြွက်များကို ရောင်းချလျက်ရှိကြောင်း၊  လယ်ကြွက်များမှာ  စပါးခင်းများတွင် ခိုအောင်းနေသည့်အတွက်  မိုးစပါးများ စတင်ရိတ်သိမ်းသည့်  ဒီဇင်ဘာလ လဆန်းပိုင်းတွင် စတင်ပေါ်ပြီး  ဇန်နဝါရီလကုန်စပါးများ ကွင်းပိတ်ရိတ်သိမ်းပြီးသည့်အချိန်တွင် လယ်ကြွက်များ လှိုင်လှိုင်ပေါ်ကြောင်း၊ ရာသီစာဖြစ်သည့် လယ်ကြွက်များကို စပါးခင်းများတွင် ထောင်ဖမ်းခြင်းများပြုလုပ်ကြပြီး အညှီနံ့သက်သာစေရန်၊ ခြောက်သွေ့စေရန်နှင့် ရောင်းပန်း လှစေရန်အတွက် မရောင်းချခင် ကြွက်များကိုအရေခွံချွတ်၍ ဆီဖြင့်အိုးကင်ပူတိုက်ပြီး ရောင်းချကြကြောင်း သိရှိရပါသည်။

          ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသည့် ပေါ်ဉီးပေါ်ဖျားလယ်ကြွက်ဈေးနှုန်းများမှာ အရွယ်အစား အကောင်အကြီးအသေးပေါ်မူတည်၍ (၁)ကောင်လျှင် (၂၀၀ဝိ/-)ကျပ်၊ (၂၅၀ဝိ/-)ကျပ်နှင့် (၃၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လယ်ကြွက်များလှိုင်လှိုင်ပေါ်သည့် ဇန်နဝါရီလ (တတိယ) ပတ်တွင် ရောင်းချသည့် ဈေးနှုန်းများမှာ (၁)ကောင်လျှင် (၁၂၀ဝိ/-)ကျပ်၊ (၁၅၀ဝိ/-)ကျပ်၊ နှင့်(၂၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့၏ ခရမ်းချဉ်သီးနှင့် အာလူး ဈေးနှုန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံး စွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များ မှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့်  ခရမ်းချဉ်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရ သည်။

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၆၅၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၂၅၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေကျပ် (၈၀၀၀)ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီးနှင့်အားလူး သီးဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

“ရာသီပေါ်ဇီးသီး၏ကောင်းကျိုးများနှင့် ဈေးကွက်အခြေအနေ”

 

            ဇီးသီးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသော်လည်း အပူပိုင်းဒေသ မန္တလေး၊ စစ်ကိုင်းနှင့်မကွေးနယ်ပယ်တွင်အများဆုံး စိုက်ပျိုးဖြစ်ထွန်းကြောင်းသိရှိရပါသည်။ ဇီးသီးပင်များ     သည် ပူပြင်းခြောက်သွေ့သောရာသီဥတုကို နှစ်သက်သည်။ ဇီးသီးအများဆုံးထွက်ရှိသောရာသီမှာ ဆောင်းရာသီဖြစ်သည်။

            ဇီးသီးတွင် ရေဓာတ်များစွာပါဝင်ပြီး ချိုအေးသောအရသာရှိသည်။ ဇီးသီးအမျိုးပေါင်းများစွာရှိ ပြီး ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီးပဲလှော်၊ ဇီးကြက်ဥ ဟူ၍အမျိုးအစားများစွာရှိပါသည်။ ဇီးသီးတွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါရှိသည့်အတွက် ဘေးဥပါဒ်ဖြစ်စေသော ကိုလက်စထရောလုံးဝမပါ ဝင်သောကြောင့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး စိတ်ကိုတည်ငြိမ်စေသည့်အပြင် အခြားကျန်းမာရေး ကောင်းကျိုးများလည်းရှိနေကြောင်းသိရသည်။

            သံဓာတ်နှင့်အမျှင်ဓာတ်ပါဝင်သောကြောင့် အာရုံကြောစနစ်တွေကိုပြေလျော့စေပြီး ကောင်းမွန် စွာ အိပ်ပျော်စေဖို့ အထောက်အကူပေးနိုင်ပါသည်။ ဇီးသီးကိုအစိမ်းလိုက်စားလို့ရသလို ဖျော်ရည်လုပ် ပြီး သောက်လို့ရသလို ဆား၊ ငရုတ်သီးမှုန့်လေးနဲ့အရသာမှုန့်ပြုလုပ်ပြီးလည်း စားလို့ရပါသည်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေပြီး ဝမ်းချုပ်ခြင်းဝေဒနာ မဖြစ်စေဖို့ကိုလည်း ကာကွယ်ပေးပါ သည်။

        သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့်အရေးပြားကင်ဆာတွေ မဖြစ်စေဖို့အထောက်အကူ ပေးကြောင်းသိရသည်။ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန် စေပြီး နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးပါသည်။

            ဗီတာမင်အေနှင့်စီ ပါဝင်သောကြောင့်ကိုယ်တွင်းအဆိပ်အတောက်ဖြစ်စေသောအရာများကို လည်း ဖယ်ရှားပေးပါသည်။ ဇီးသီးတွင် ကျန်းမာရေးအတွက် အကျိုးများတာမှန်ပေမယ့် အလွန်အကျွံ မစားသုံးသင့်ကြောင်းကိုလည်း သိရှိရပါသည်။

             နေရာအနှံ့အပြားမှ ဇီးသီးများဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး ဇီးသီးအရွယ်အစား အလိုက်ရောင်းချလျက်ရှိရာ လက်ရှိဈေးနှုန်းများမှာ ဇီးသီးအသေးကော်ခြင်းတစ်ခြင်းလျှင် (၂၀၀၀ )ကျပ်၊ ဇီးသီးအကြီး (၁၀)လုံးလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ်ဈေးဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ထားဝယ်မြို့ငရုတ်သီးစိမ်းစျေးနှုန်း

          ထားဝယ်မြို့ စည်ပင်သာယာစျေးတွင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကို ရောင်း ချလျက်ရှိရာ ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ပြောင်းချို၊ မုန်ညင်းထုတ်၊ ခါကြက်ဉ၊ သံပုရာသီးနှင့် တိုင်ထောင်ဗိုလ်စားပဲသီးတို့အပြင် ငရုတ်သီးစိမ်း၊ ပန်းငရုတ်ပွစသည့်အသီး အနှံများကိုလည်း ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်း၌ ဖြစ်ပေါ်နေသော ငရုတ်သီး စျေးနှုန်း/စျေးကွက်အနေဖြင့် မိုးမျှော်ငရုတ် သီး(ကျောက်စိမ်းသီး)တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း စည်ပင်သာယာစျေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိကြံစျေးနှုန်းနှင့်ကြံရည်

           ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံရည်စျေးကွက်မှာလည်း စျေးကောင်းလျှက် ရှိကြောင်း သိရှိရပါသည်။ ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။

          ဆောင်းတွင်းကာလဖြစ်သော်လည်း သဘာဝပျော်ရည်တစ်မျိုးဖြစ်သည့် ကြံရည်ဆိုင်များ လည်းတွေ့ရပါသည်။ ကြံရည်ကို သံပုရာသီး၊ ဂျင်း၊ မြင်းခွာရွက်၊ တို့နှင့်လည်းသောက်သုံး၍ရပါသည်။ အခြားသောက်စရာတွေနဲ့မတူဘဲ သကြားစစ်စစ်မှရ‌သော အချိုရည်တစ်မျိုးဖြစ်သောကြောင့် ခန္ဓာ ကိုယ်ရေဓာတ်ကို လည်းဖြည့်ပေးနိုင်ပါသည်။ ထားဝယ်မြို့ရှိ ဒေသထွက် ကြံစျေးနှုန်းများမှာ (၁၀) ချောင်းပါ တစ်စည်းစျေးနှုန်း (၂၀၀၀၀)ကျပ်၊ ကြံရည်တစ်ခွက်စျေးနှုန်းမှာ (၁၅၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း