Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့မဈေးတွင် ဈေးနှုန်းကျဆင်းနေသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်းဆက်လက် ကျဆင်းနေကြောင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ဂွေးသီး၊ စောင်းလျားသီး ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ရောင်းချ လျက်ရှိကြောင်းသိရသည်။  

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးများကို ကန့်ဘလူမြို့ပေါ် နှင့်နတ်ပေး ကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ဂွေးသီး()လုံး လျှင်(၁၀၀)ကျပ်၊ စောင်းလျားသီး()လုံးလျှင် (၅၀)ကျပ်၊ ()လုံးလျှင်(၂၀၀)ကျပ်၊ သီးသီး()လုံး လျှင်(၁၀၀)ကျပ်၊()လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးများကို အချဉ်ပေါင်းရောင်းချသူများမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

Doca(စစ်ကိုင်း)     

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့်ပဲတီစိမ်းသီးနှံဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူမြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၉၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၄၀၀၀)ကျပ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၇၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၂၅၀၀) ကျပ်တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း မတ်ပဲဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချနေသော ပန်းကုံးမျိုးစုံဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ ဇွန်ပန်း(၁)ကုံးလျှင် (၃၀၀)ကျပ်၊ ဇွန်ပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ ခရေပန်း(၁)ကုံးလျှင်(၂၀၀)ကျပ်၊ ခရေပန်း(၃)ကုံးလျှင် (၅၀၀) ကျပ်၊မြတ်လေးပန်း(၁)ကုံးလျှင်(၂၀၀)ကျပ်၊ မြတ်လေးပန်း(၃)ကုံးလျှင်(၅၀၀)ကျပ်၊ ရွှေပန်း၊ ငွေပန်း (၁)ကုံးလျှင်(၁၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၆)ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ထိုပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီးများအလှပန် ရန်အတွက်လည်းကောင်း၊ ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများ ချိတ်ဆွဲရန်အတွက် လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

Doca(စစ်ကိုင်း)                    

                                      

ငရုတ်သီးဈေးကွက်

    ငရုတ်သီးကို နေရာဒေသအနံ့အပြား ပေါက်ရောက်နိုင်သည်၊ နှုံးတင်မြေနုမြေ တွင်ပိုမိုဖြစ်ထွန်းပါသည်။ပြည်တွင်း ဒေသအသီးသီးမှ မှငရုတ်သီးစိမ်းများ မတ်လတွင် ထွက်ရှိပါသည်။ ယခင်ဈေးကွက်တွင် တစ်ပိသာ ၂၀၀၀ဝိ/ မှ ၂၂၀၀ဝိ၊ ယခုဈေးကွက်တွင် တစ်ပိသာ ၅၀၀ဝိ/မှ ၆၀၀ဝိ/ဈေးရှိပါသည်။ ငရုတ်သီးအခြောက်ယခင်ဈေးကွက်တွင် တစ်ပိသာ ၁၈၀၀ဝိ/မှ၂၀၀၀ဝိ၊ ယခုဈေးကွက်တွင် တစ်ပိသာ ၅၀၀ဝိ/မှ ၆၀၀ဝိ/ဈေးရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင်ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်တို့မှ အများဆုံးထွက်ရှိပါသည်။

( DOCA ဧရာဝတီ)

 

ကျွန်းလှမြို့နယ်ပဲဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်း အနည်းငယ်ကျဆင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

           ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၆၉၅၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၆၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

လိမ္မော်သီးအကြောင်း

    လိမ္မော်သီး၏အရောင်သည် လိမ္မော်ရောင်ရင့်ရင့်နှင့် အနီဘက်သန်းသည့်အနေအထားတွင် ရှိပါသည်။အရသာသည် ခံတွင်ရှင်းပြီး အချိုဓာတ်ပိုကဲ၍ အရည်အလွန်ရွှမ်းပါသည်။ ဗီတာမင်Cဓာတ်တိုးဆန့်ကျင်ပါဝင်သောကြောင့်ခန္ဓာကိုယ်အတွက်အကျိုးပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ လိမ္မော်သီး တစ်လုံးတွင် ကယ်လိုရီ ၈၀၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဟိုက်ဒရိတ် ၁၉ဂရမ် ပါဝင်သည်ဟု သိရှိရပါသည်။ ဗီတာမင်C များစွာပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။

      ယခုဇူလိုင်လတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်ကို ၁ပိသာ ၁၅၀၀၀ကျပ်ဖြင့်ရောင်းချပြီး onlineဈေးကွက်တွင်1kg၁၀၀၀၀ကျပ်ဖြင့် ရောင်းချနေသည်ဟု သိရပါသည်။ လိမ္မော်သီးများကို ရှမ်းပြည်/တောင်ကြီးရှိ လိမ္မော်ခြံများနှင့် ကုန်သည်များဆီမှတဆင့် ကုန်သွယ်ဝယ်ယူ၍ ပြန်လည်ရောင်းချလျက်ရှိပါသည်။

( DOCA ဧရာဝတီ)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ကုလားပဲဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကုလားပဲထိုင်ဝမ်()တင်းလျှင် (၇၂၅၀၀)ကျပ်၊ (929)()တင်းလျှင် (၇၅၀၀၀)ကျပ်၊ (V2)()တင်းလျှင် (၇၅၅၀၀)ကျပ်နှင့် (V7) ()တင်းလျှင် (၇၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိ သောကုလားပဲများကို ကန့်ဘလူမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ထောပတ်‌ဈေးကွက်

     ထောပတ်မျိုးစိပ်များစွာထဲမှာမှ Hassထောပတ်သီးသည် နိုင်ငံခြားကိုင်းဆက်သီးဖြစ်ပြီး ထောပတ်ဘုရင်ဆိုပြီး တင်စားလောက်အောင်အရသာမှာဆိမ့်ပြီး နူးညံ့အိစက်စားကောင်းပါသည်။အလုံးအရွယ်အစားမှာ ပုံမှန်ဒေသထောပတ်သီးထပ်သေးပါသည်။ အစေ့သေးပြီး အသားပြည့်ပါသည်။အမျှင်မပါပဲစားလို့ အဆင်ပြေကြ၍ ယခုဈေးကွက်ထဲတွင် ရောင်းအားကောင်းလျက်ရှိပါသည်။ကိုင်း ဆက်သီးမို့kgဖြင့်ရောင်းချလျက်ရှိပါသည်။ဈေးနူန်းသည်အရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုး ရှိပါသည်။

    ယခုဧရာဝတီတိုင်းပုသိမ်မြို့ရှိဈေးထဲနှင့်သစ်သီးဆိုင်များတွင်ရောင်းချလျက်ရှိသောဈေးနှုန်းများမှာBabyhassဆိုသည့်အသေးလေးတွေကို 1kg ၄၀၀၀ကျပ်/ ၁၄လုံးဝန်ရပြီး Premium size 1kg ၇၀၀၀ကျပ် /၁၀လုံးဝန်ကျင်ရပါသည်။ Grade A size1kg ၁၀၀၀၀ကျပ်ထိ ရောင်းလျက်ရှိပါသည်/ ၆လုံးဝန်ကျင်ရပါသည်။ယခုအချိန်တွင် hassထောပတ်များကို onlineဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိနေပါသည်။1k တွင် အလေးချိန်ကျပ်သား ၆၀ကျပ်သားဝန်းကျင်ဖြစ်ပါသည်။  ထောပတ်သီးသည် ကျန်မာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါသည်။hassထောပတ်များကို ရှမ်းပြည်နယ်ရှိ ထောပတ်ခြံများမှတိုက်ရိုက်ဝယ်ယူရောင်းချသည်ဟု သိရပါသည်။

 

( DOCA ဧရာဝတီ)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဇီးဖြူသီးနှင့် ဇီးဖြူသီးခြောက်ဈေးနှုန်းများ

      ဇီးဖြူသီးသည် မြန်မာနိုင်ငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအစိုနှင့် ဇီးဖြူသီးအခြောက် ပြုလုပ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။

     ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့၊မြို့မဈေးတွင် ဇီးဖြူသီးအစိမ်း နို့ဆီဘူး()ဘူးလျှင် (၅၀၀)ကျပ်၊ ()ပြည်လျှင် (၃၈၀၀)ကျပ်၊ ဇီးဖြူသီးအခြောက် ()ဘူးလျှင် (၁၂၀၀)ကျပ်၊ ()ပြည် လျှင် (၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)                                                                                              

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း