Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ပန်းသီးဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းသီး အသးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းသီး အသးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကာ ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲမြစ်၏ ကောင်းကျိုးနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

           ပဲမြစ်သည်  ပဲစောင်းလျားသီးပင်ရဲ့ အမြစ်ဖြစ်ပြီး ပဲမြစ်ပြုတ်သည် ကျန်းမာရေးအတွက်ကောင်းမွန်၍ စားသုံးသင့်သော ရာသီစာတစ်မျိုးဖြစ်ပါသည်။  ကယ်စီယမ်ဓာတ် များစွာပါဝင်တာကြောင့် အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။ ဆီးချိုလျော့ကျစေခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါများနှင့် အထူးသင့်လျောပါသည်။ ကိုယ်ခံအားစနစ်ကောင်းမွန် စေပြီး ပရိုတင်းဓာတ်များစွားပါဝင်၍ ခန္တာကိုယ်ကြွက်သားများ သန်မာစေပါသည်။   

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ မြလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် ရာသီစာပဲမြစ်များ ရောင်းချလျက်ရှိပါသည်။ မန်ကျည်းတောကျေးရွာမှ အဓိက ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရာသီပေါ်ဖြစ်သည့် ပဲမြစ် ဈေးနှုန်းများမှာ တစ်ပိဿာလျှင် လက်လီဈေး (၄၀၀၀)ကျပ်မှ (၄၂၀၀)ကျပ်ထိ ရောင်းချပြီး လက်က္ကားဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ယခုအခါ ပဲမြစ်များ ထွက်ရှိသည့်အချိန်ဖြစ်သောကြောင့် ပဲမြစ်စိုက်ပျိုးရာ မြို့နယ်အချို့မှ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း ပဲမြစ်ရောင်းဝယ်သူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းမျိုးစုံ ဈေးနှုန်းဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ ဂေါ်သဇင်ပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်းဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓမာ(အပွင့်ကြီး)တစ်စီးလျှင် ကျပ်(၁၅၀၀) ၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီးလျှင် ကျပ်(၁၀၀၀)၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစား အလိုက် ကျပ်(၁၀၀၀/၁၅၀၀)၊ အောင်သပြေအခက် တစ်စီးလျှင် ကျပ်(၁၀၀၀)၊ အာစီယံ အခက် တစ်စီးလျှင် ကျပ်(၅၀၀)၊ မေမြို့ပန်း တစ်စီးလျှင် ကျပ်(၁၀၀၀) နှင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်ကျပ် (၁၅၀၀) တို့ဖြင့်ရောင်းချလျက်ရှိပြီး     ယခု  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓမာ (အပွင့်ကြီး)တစ်စီးလျှင် ကျပ်(၁၅၀၀) ၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီးလျှင် ကျပ်(၁၀၀၀)၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစား အလိုက် ကျပ်(၁၀၀၀/၁၅၀၀)၊ အောင်သပြေအခက် တစ်စီးလျှင် ကျပ်(၁၀၀၀)၊ အာစီယံ သပြေအခက် တစ်စီးလျှင် ကျပ်(၅၀၀)၊ မေမြို့ပန်း တစ်စီးလျှင် ကျပ်(၁၀၀၀) နှင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်ကျပ် (၁၅၀၀) တို့ဖြင့် ရောင်းချလျှက်ရှိ‌သောကြောင့် ယခင်  ဇန်နဝါရီလ (ဒုတိယပတ်)ဈေးနှုန်းဖြင့် နှိုင်ယှဉ်ကြည့်မည်ဆိုပါက ပြောင်းလမှုမရှိ တည်ငြိမ်လျက်ရှိပါကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေးအတွင်းရှိ ကြက်သားဈေးနှုန်း/ ဈေးကွက် အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း မွေးမြူးရေးကြက်နှင့် ဗမာ ကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် ဗမာကြက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူများထံသို့ ရောင်းချသည့်  ဇန်နဝါရီလ ဒုတိယပတ်၏ ကြက်သား ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သား ဈေးနှုန်း လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက္ကားဈေး(၂၀၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီ ဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံ ဈေးနှုန်းအနေဖြင့် လက်လီဈေး(၁၅၀၀၀)ကျပ် ဖြင့် ရောင်းချ ကြောင်း သိရပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်၏ ကြက်သားဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သား ဈေးနှုန်း လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက္ကားဈေး(၂၀၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီ ဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံ ဈေးနှုန်းအနေဖြင့် လက်လီဈေး(၁၆၀၀၀)ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ် ကြည့် မည်ဆိုပါက ကြက်အသားဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ကြက်အရိုးအစုံဈေး(၁)ပိဿာကို (၁၀၀၀)ကျပ် မြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ကြက်သွန်ဖြူ ဈေးနှုန်းအခြေအနေ

             ၂၀၂၅ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မြို့မ စည်ပင်သာယာဈေးကွက် အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

            ၂၀၂၅ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် ကြက်သွန်ဖြူ ဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင်  ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သားလျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သား လျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း ဈေးနှုန်း အသီးသီးရောင်းချခဲ့ပြီး ယခု ဇန်နဝါရီလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင်  ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း အသီးသီး ရောင်းချလျက်ရှိကြောင့် ယခင် ဇန်နဝါရီလ ဒုတိယအပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကြက်သွန်ဖြူအရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်းရှိ ပန်းဂေါ်ဖီ ဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ကန့်ဘလူမြို့ မြို့မဈေး တွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ပန်းဂေါ်ဖီများကို ယခင်လ များတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့်  ဒီဇင်ဘာလ နှင့် ဇန်နဝါရီလ လဆန်းပိုင်းတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်း ချလျက်ရှိပြီး ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး/အ‌သေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေး နှုန်းအနေဖြင့် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည် ရောင်းချသည့် ဈေးနှုန်းမှာ ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ပန်းဂေါ်ဖီအပွင့် အကြီး/အသေးပေါ် မူတည်၍ တစ်ပွင့်လျှင်(၁၅၀၀/၁၈၀၀/၂၀၀၀/၂၅၀၀/ ၂၈၀၀)ကျပ် ဈေးနှုန်းများဖြစ်ခဲ့ပြီး  ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ပန်းဂေါ်ဖီအပွင့် အကြီး/အသေးပေါ်မူတည်၍ တစ်ပွင့်လျှင် (၁၅၀၀/ ၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင် ဒုတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCAစစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော သံပုရာသီးဈေးနှုန်း အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြပြီး မန္တလေးမြို့မှလည်း မှာယူရောင်းချသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများကာ ဈေးနှုန်းချိုသာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          သံပုရာသီးသည် လူသားများ၏ နေ့စဉ်အသုံးပြုမှုတွင် မဖြစ်အနေအရေးပါသော အသီးတစ်မျိုးဖြစ်ရာ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်လှပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ သံပုရာသီးဈေးနှုန်းများမှာ အလုံး အကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး(၁)လုံးလျှင်(၁၀၀/၁၅၀)ကျပ် ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင်လည်း သံပုရာသီး အလုံး အကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး (၁)လုံးလျှင်(၅၀/၁၀၀/၁၅၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်  ဖြစ်လျက်ရှိသောကြောင့် ယခင် ဒုတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် သံပုရာသီးရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်းရှိ ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီထုတ် (မုံလာထုတ်)များကို ယခင်လများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့်  ဒီဇင်ဘာလ နှင့် ဇန်နဝါရီလ လဆန်းပိုင်းတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ဂေါ်ဖီထုတ် (မုံလာထုတ်)များကိုသာ ဝယ်ယူရောင်းချလျက်ရှိပြီး ဂေါ်ဖီထုတ် (မုံလာထုတ် ) များကို အထုတ်ကြီး/ အ‌သေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေးနှန်းအနေဖြင့် ဂေါ်ဖီထုတ် (မုံလာထုတ်) တစ်ထုတ်လျှင် (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/ အသေးပေါ် မူတည်၍ တစ်ထုတ်လျှင်(၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းချခဲ့ပြီး၊  ယခု ဇန်နဝါရီလ တတိယပတ်တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/ အသေးပေါ်မူတည်၍ တစ်ထုတ်လျှင် (၂၅၀၀/၂၈၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  ယခင် ဇန်နဝါရီလ ဒုတိယအပတ် ဈေးနှုန်းနှင့် ယခုဇန်နဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ်ခဲ့သော ဂေါ်ဖီထုတ်ဈေးနှုန်းတို့ကို နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်းရှိ ခါကြက်ဥ ဈေးနှုန်းအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။

            ကန့်ဘလူမြို့မ စည်ပင်သာယာဈေးအတွင်း ဒေသတွင်းခါကြက်ဥများကိုသာမက ခါကြက်ဥ (တရုတ်) ဥကြီးများလည်း မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှတဆင့် ဝယ်ယူရောင်းချလျက်ရှိကြောင်း  သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ခါကြက်ဥ (တရုတ်)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းများ အသီးသီးဖြင့်  ရောင်းချလျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ် ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)ဥသေး တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ ခါကြက်ဥ (တရုတ်)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းများ အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပေါင်းတည်မြို့နယ်တွင် ခရမ်းချဉ် (မြေပုံ)သီး စိုက်ပျိုးထွက်ရှိမှု

ပဲခူးတိုင်းဒေသကြီး (အနောက်) ၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့နယ် ဘိုကုန်းကျေးရွာသို့ သွားရောက်၍ ခရမ်းချဉ်သီး (မြေပုံသီး) စိုက်ပျိုးသူတောင်သူနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာတောင်သူမှ ခရမ်းချဉ်သီး စိုက်ပျိူးရာတွင် တစ်ကျိုးလျှင် မျိုးစေ့ထုပ် (၂) ထုပ်ခန့် စိုက်ပျိုးရပြီး တစ်ထုပ်လျှင် (၁၅၀၀၀) ကျပ်ခန့် ပေးရကြောင်း (မျိုး၊ ဆေးဖိုး ၊ အလုပ်သမားခ ) စုစုပေါင်းအလုပ်သမားခမှာ (၁၅၀၀၀၀)ဝန်းကျင်ခန့် ကုန်ကျပါကြောင်း စိုက်ပျိုးပြီးသည်မှစ၍ ခူးဆွတ်ချိန်ထိ သုံးလခန့် ကြာမြင့်ကြောင်းသိရပါသည်။ ထွက်ရှိမှုအနေဖြင့် ပိဿာ (၈၀) မှ (၁၀၀) ခန့်ထိ ထွက်ရှိပြီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ် ရောင်းချရသည့်အတွက် အကျိုးမြတ်အားဖြင့် (၁၂၀၀၀၀) ကျပ်ဝန်းကျင် ရရှိသည့်အတွက် တောင်သူများခရမ်းချဉ်သီး စိုက်ပျိူးခြင်းဖြင့် အကျိုးမြတ်ဖြစ် ထွန်းကြောင်းသိရှိရပါသည်။ 

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း