Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးမြေပဲ(စိုက်ပျိုးထားရှိမှု)

         မြင်းခြံခရိုင်သည် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲနှင့် မိုးမြေပဲဟူ၍ နှစ်ရာသီစိုကပျိုးလျက်ရှိကြောင်း သိရှိရသည်။ မိုးမြေပဲသီးနှံကို မေလမှ ဇွန်လအထိ စိုက်ပျိုးပြီး စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လကြာမြင့်ကြောင်း သိရှိရသည်။

            ၂၀၂၅-၂၀၂၆ခုနှစ်၊ မြင်းခြံခရိုင်ချုပ်အနေဖြင့် မိုးမြေပဲစိုက်ဧကပေါင်း (၂၅၃၀၀)ဧက စိုက်ပျိုးထားကြောင်း၊ မြင်းခြံမြို့နယ်တွင် မိုးမြေပဲစိုက်ဧက(၂၅၀)စိုက်ပျိုးထားကြောင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၁၀၀၆၈)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၁၄၉၈၂)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ ပင်ပြန့်မျိုးကိုသာ စိုက်ပျိုးထားကြပြီး အတန်းလိုက်စနစ်ဖြင့် တစ်ဧကလျှင် မြေပဲမျိုးစေ့ တစ်တင်းခွဲနှုန်း စိုက်ပျိုးထားရှိကြောင်း၊ ပင်ခြားတန်း ခြားအနေဖြင့် (၆)လက်မ၊(၈)လက်မခြား စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးမြေပဲကိုယခင်နှစ် ကထက်(၇၅)ဧက ပိုမိုစိုက်ပျိုးထားရကြောင်းနှင့် မိုးကိုမျှော်ပြီးစိုက်ပျိုးရသောသီးနှံဖြစ်၍ ယခုနှစ်ရာသီဥတုအခြေအနေအရ ယခင်နှစ်ကထက် အထွက်နှုန်းပိုမိုကောင်းမွန်မည်ဟု သုံးသပ်မိပါကြောင်း မိုးမြေပဲစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မြေပဲ S1 လုံးဆံတစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ဆီဆံတစ် ပိဿာ လျှင်(၆၇၀၀)ကျပ်၊  မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ပေါက်ဈေး များရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုစက်တင်ဘာလတွင် ယခင်လထက် မြေပဲလုံးဆံ၊ မြေပဲဆီဆံနှင့် ပဲဆီသန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း မြင်းခြံကုန်စည်ဒိုင်မှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ် သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချ နေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

        လက်ပံတန်းမြို့မဈေးအတွင်း စက်တင်ဘာလဒုတိယပတ်၌ ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တန်တစ်ပြည်လျှင် ၈၅၀၀ ကျပ်၊ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ကြက်သွန်နီတစ်ပိဿာလျှင် ၁၂၀၀/၁၅၀၀ ကျပ်၊ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ချင်းတက်တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊အာလူးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊မန်းကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ကြက်ဥလက်လီဈေးနှုန်း(အကြီး)တစ်လုံးလျှင် ၅၀၀ ကျပ်၊ (အသေး)တစ်လုံးလျှင် ၄၅၀ ကျပ်၊ဘဲဥ(အကြီး)တစ်လုံးလျှင် ၆၀၀ ကျပ်၊(အသေး) တစ်လုံးလျှင် ၅၀၀ ကျပ်တို့ အသီးသီး ရှိကြပါသည်။

          အခြေခံစားသောက်ကုန်များမှာ လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသား မွေးမြူ ရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀/၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၈၀၀၀/၂၀၀၀၀ ကျပ်၊ အသီးသီး ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

        စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၀၀ကျပ်၊ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်း။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်ရှိဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေများ

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဈေးအတွင်းရှိ  စက်တင်ဘာလအတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အိုးဖရုံသီးတစ်လုံး ၁၀၀၀ ကျပ်၊ရွှေဖရုံသီး တစ်စိပ် လျှင်၅၀၀/ကျပ်၊ဂေါ်ရခါးသီး လုံး ၇၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၄၀၀၀ ကျပ်၊ နံနံပင် ၁ပိဿာ ၅၀၀၀ ကျပ်၊ပဲတောင့်ရှည်အတောင့် ၂၅ တောင့် တစ်စည်းလျှင် ၇၀၀ ကျပ်၊  ကြက်ဟင်းခါးသီး အသေးတစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်၊ခရမ်းသီးတစ် ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ် ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်၊သံပုရာသီးတစ်လုံးလျှင် ၁၀၀ ကျပ်၊မုန်လာဥနီ တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ မုန်ညှင်းထုပ် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ရုံပတီသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊မုန်လာဥ တစ်စည်းလျှင် ၁၂၀၀/၁၅၀၀ ကျပ်၊ သခွားသီးသုတ်သီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ဘူးသီးတစ်စိပ်လျှင် ၅၀၀ကျပ်၊ ကန်ဇွန်းရွက် တစ်စည်းလျှင် ၃၀၀ ကျပ်၊ပြောင်းဖူးတစ်ဖူးလျှင် ၇၀၀ ကျပ်၊ ဘူးညွှန့်တစ်စီးလျှင် ၁၀၀၀ ကျပ်၊‌ကျောက်ဖရုံသီးတစ်စိပ် ၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၃၀၀၀ ကျပ်ဈေးများ ဖြင့်ရောင်းချ နေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း စက်တင်ဘာလဒုတိယ ပတ်တွင် ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀/ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၅၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချ လျှက်ရှိပါသည်။ ငပုတ် သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀/၄၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက် တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၆၀၀၀/၇၀၀၀ /၇၅၀၀ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၈၀၀/၃၀၀၀ ကျပ်၊ SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ငတံခွန် ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ် သားလျှင် ၄၀၀၀/၄၅၀၀ ကျပ်၊ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/၃၀၀၀ ကျပ်ဈေး တို့ဖြင့် ပုံမှန် ရောင်းချလျက် ရှိပါသည်။

          ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၈၀၀၀ ကျပ်မှစတင်၍  ၁၇၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၁၁၀၀၀/၁၂၀၀၀/ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ်မြင့်တက် ရောင်းချလျက်ရှိကြောင်း ဈေးအတွင်းငပိ၊ငခြောက်၊ ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ ဩဂုတ်လတတိယပတ်မှ ဩဂုတ်လနောက်ဆုံးပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၅၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ကြက်သွန်နီ(အသေး) လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၁၂၀၀/ ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ဩဂုတ်လဒုတိယပတ်တွင်လည်း  ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေ ကြောင်းသိရှိရပါသည်။

               အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် ဩဂုတ်လဒုတိယပတ်တွင်   ၄၅၀၀/၅၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု စက်တင်ဘာလ ဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၆၀၀၀/၇၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဂျင်းနှင့်ကြက်သွန်ဖြူဈေးကွက်အခြေအနေ

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင်ရှိသောဂျင်း  ဈေးနှုန်းများမှာ ဩဂုတ်လဒုတိယပတ်တွင် ဂျင်း ၁၀ကျပ်သားလျှင်၇၀၀/ကျပ်ရှိခဲ့ပြီး ယခုစက်တင် ဘာလ ဒုတိယပတ်တွင်လည်း ၇၀၀/ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းမှာ ဈေးငြိမ်နေကြောင်း  သိရှိရပါသည်။

   ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဩဂုတ်လဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခု စက်တင်ဘာလဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။

ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  ဩဂုတ်လဒုတိယပတ်တွင် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုစက်တင်ဘာလဒုတိယတွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ် နေပါသည်။ ကြက်သွန်ဖြူ (ဥတစ်လုံး) ဈေးကွက်မှာတစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်  ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိရာ ဂျင်း၊ကြက်သွန်ဖြူ၊ဈေးကွက်တို့မှာ ဈေးအေးနေပြီးပုံမှန် ရောင်းဝယ် လျှက်ရှိပါသည်။

DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိဘိလပ်မြေဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်မြို့နယ်တွင် ယခုစက်တင်ဘာလတွင် အိမ်ဆောက် ပစ္စည်းများ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် ဘိလပ် မြေသည် မရှိမဖြစ်သော အရာဖြစ်သည်။ ဘိလပ်မြေများကို ပြည်တွင်းဘိလပ်မြေစက်ရုံများမှ ဝယ်ယူသုံးစွဲ ကြသည့်အပြင် ပြည်ပဘိလပ်မြေများကိုလည်း ဝယ်ယူသုံးစွဲကြောင်း သိရှိရပါ သည်။

    မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ရောင်းချနေသောဘိလပ်မြေများဖြစ်သည့်  ဆင်နီ တစ်အိတ်လျှင်  (၂၉၀၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၇၅၀၀)ကျပ်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ကျောက်ပန်းတောင်းမြို့နယ်မိုးစပါးစိုက်ပျိုးထားရှိမှုနှင့်ဆန်စပါးဈေးနှုန်း

           မိုးစပါးစိုက်ဧကများကို ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင်ဆည် အထက်ဘက်ကျေးရွာများဖြစ်သည့် ဂွေးကုန်းရွာ၊ လက်ပံအိုင့်ရွာ၊ လဲဂွရွာ၊မုန့်ကုန်းရွာ၊ ဆပ်ပြာကျင်းရွာ၊ ညောင်ဖြူပင်ရွာနှင့် ရွာသစ်ရွာများ၌ စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးစပါးသီးနှံကို ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကြက်မောက်တောင်  ဆည်ရေသောက်‌ဒေသများတွင် မိုးစပါး (၇၆၄) ဧကစိုက်ပျိုးထားကြောင်းနှင့် စိုက်ပျိုးရန်ကျန်ရှိသော ဧကများ စက်တင်ဘာလ တွင်ဆက်လက် စိုက်ပျိုးနေကြောင်း စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရသိရှိ ရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုးစပါးမျိုးများကို စိုက်ပျိုးထားကြောင်း၊  ပျိုးထောင်ရက် (၂၁)ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မိုးစပါးများ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ မိုးလေဝသမှန်ကန်သည့် နှစ်များတွင် မိုးစပါးများကို စောစောစိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုနောက်ကျလျှင် မြေအောက်ရေသောက်စနစ် ဖြင့်စိုက်ပျိုးကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် ၉၇ တင်းမှ ၁၀၀ တင်းခန့်ထွက် ရှိကြောင်း၊ ထွက်ပေါ်ချိန် စပါးတစ်တင်းလျှင် ဒေသပေါက်ဈေး (၁၈၀၀၀-၂၀၀၀၀) ကျပ်ခန့်ပေါက် ဈေးရှိသော်လည်း အရောင်းအဝယ်မရှိကြောင်း၊ ထွက်ရှိသောစပါးများကို ဒေသအတွင်းရှိစက်များ၌ကြိတ်ခွဲပြီး ရရှိလာသောဆန်သားများကို ‌ဒေသတွင်းဝမ်းစာနှင့် တိရိစ္ဆာန် အစာအဖြစ် အသုံးပြုကြကြောင်း၊ ဒေသတွင်း‌ပေါက်ဈေးအနေဖြင့် မနောသုခဆန်တစ်တင်းခွဲ တစ်အိတ် လျှင် (၇၀၀၀၀-၈၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အညာ ကြက်သွန်နီ စျေးကွက်

         မြင်းခြံမြို့နယ်တွင်းသို့ ၂၈-၈-၂၀၂၅ ရက်နေ့မှ ၄-၉-၂၀၂၅ ရက်နေ့ထိ တစ်ပတ်တာအတွင်း ကြက်သွန်နီ ပိဿာချိန် ၄ သိန်းကျော်ဝင်ရောက်ခဲ့ပြီး ကုန်စည်ဒိုင် လက်ကားပြတ် ဈေးအနေဖြင့် အနိမ့် တစ်ပိဿာ ၅၀၀ ကျပ်မှ အမြင့် ၁၁၅၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအပြောင်းအလဲမရှိ မြို့ပေါ်လက်လီအရောင်းသမားများနှင့် နယ်ဝယ်တင်သမားများ ပုံမှန်အဝယ်ရှိအပြီး အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရသည်။

        မြင်းခြံမြို့၊ အေးမြသီတာစျေး၊ စံပြဈေးနှင့်ဈေးပြင်ဘက် ပြန်ကျတန်းမျာတွင် ရောင်းချလျက်ရှိသော နွေကြက်သွန်နီလက်လီတစ်ပိဿာဈေးနှုန်းများအနေဖြင့် (၈၀၀)ကျပ်စျေးနှုန်းမှ (၁၅၀၀)ကျပ်စျေးနှုန်းရှိကြောင်း သိရသည်။

           ကြက်သွန်နီများကို အခွံပါးသည့်ချောင်းစနှင့် အခွံထူသည့်ကုန်းစဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အခွံပါးသည့် ချောင်းစကြက်သွန်နီများကို တစ်ပိဿာလျှင်(၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ် စျေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အခွံထူသည့်ကုန်းစ ကြက်သွန်နီများကို တစ်ပိဿာလျှင်(၈၀၀) ကျပ်မှစတင်၍ (၁၀၀၀)ကျပ်၊ (၁၂၀၀)ကျပ်၊ (၁၃၀၀)ကျပ်၊ (၁၅၀၀)ကျပ်စျေးနှုန်းများအထိ အလုံးအကြီး အသေးပေါ်လိုက်၍ ချိုသာစွာရောင်းချလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြက်သွန်နီများကို မြင်းခြံအနီးကျေးရွာများတွင် စိုက်ပျိုးကြသော်လည်း ကံဆင့်ကျေးရွာမှထွက်ရှိသော ကြက်သွန်နီများကို ဒေသခံများမှ ပိုမိုအထားခံ၍ ကြိုက်နှစ်သက်ကြ‌ကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း