Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာအခြားဒေသတိုင်းများမှ ဝယ်ယူတင်သွင်းရသောဒေသဖြစ်ပါသည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ ရေဦးမြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ဟင်္သတမြို့တို့မှ ဆန်အိတ်များဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္တပတ်)တွင် အထက်မင်းလှမြို့၌ ဆန်ဈေးနှုန်းမှာ အနည်း ငယ်မြှင့်တက်လျက်ရှိပါသည်။ စားသုံးမှုများသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန် ရွှေပိုးအိမ် (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ(စိမ်း)(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ(နီ)(၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၁၈၀၀၀)၊ စိန်ရတနာဧရာ(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ စိန်ပုလဲဧရာ(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ကုန်းဇောင်း(အလွတ်) (၂၄) ပြည်(၁)အိတ်လျှင် ကျပ်(၁၄၃၀၀၀)၊ မနောသုခ (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၉၄၅၀၀၀)၊ ပေါ်ဆန်း (ရွှေဘို) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ပေါ်ဆန်း(ဖျာပုံ)(၁)အိတ်လျှင် ကျပ် (၁၂၀၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုဒီဇင်ဘာလ(စတုတ္တပတ်)တွင် ယခင် ဒီဇင်ဘာလ(တတိယပတ်)ထက် ဆန်(၁)အိတ်လျှင် ကျပ်(၁၅၀၀)ဝန်းကျင် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း အထက်မင်းလှမြို့၊ အမှတ်(၉)ရပ်ကွက်နေ ဆန်ရောင်းချသည့် ဆန်ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ မေမြို့ပန်း၊ သစ္စာပန်းစိုက်ပျိုးနေမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စုရှိ ညောင်ပင်သာ(အရှေ့ရွာနှင့်အနောက်ရွာ)သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ကြက်သွန်နီ၊ မြေပဲ၊ ပဲတီစိမ်း၊ မေမြို့ပန်း၊ သစ္စာပန်း၊ ဂန္ဓာမာပန်းနှင့် အခြားသီးပင်စားပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

    ညောင်ပင်သာအရှေ့ရွာနှင့်အနောက်ရွာရှိတောင်သူများအနေဖြင့် သစ္စာပန်းနှင့်မေမြို့ပန်းကို စိုက်ပျိုးသည့်ဧကမှာ ရွာ(၂)ရွာပေါင်း ဧက(၂၀)ဧကကျော်ရှိပြီး စိုက်ပျိုးသည့်တောင်သူမှာ (၂၀)ဦးခန့် ရှိကြောင်း၊ မိမိအနေဖြင့် သစ္စာပန်းနှင့်မေမြို့ပန်းကို အဓိကစိုက်ပျိုးပြီး ပန်း(၂)မျိုးပေါင်း စိုက်ဧကမှာ (၁)ဧကနီးပါးရှိကြောင်း၊ သီတင်းကျွတ်လနှင့် တန်ဆောင်းမုန်းလတွင် စတင်စိုက်ပျိုးပါကြောင်း၊ သစ္စာပန်းစိုက်ပျိုးရာတွင် မျိုးဥကို ဆင်ဖြူကျွန်းမြို့ဘက်မှဝယ်ယူရပြီး (၁)တင်းလျှင် ကျပ်(၆၅၀၀၀) ပေးရကြောင်း၊  မေမြို့ ပန်းမှာ ယခင်နှစ်ကစိုက်ပျိုးခဲ့သည့် အပွင့်မှမျိုးစေ့ယူကာ ပျိုးထောင်ပြီး ပြန်လည်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်မှာ သစ္စာပန်းမျိုးဥ(၇)တင်းကို အလျား (၇)တောင်၊ အနံ(၂)တောင်ခွဲရှိသော မြောင်းကွက်(၁၀၀)ပြုလုပ်၍ စိုက်ပျိုးထားကြောင်း၊ သစ္စာပန်း (၁)ဥစိုက်ပျိုးလျှင် မျိုးဥမှ(၃)ဥပြန်လည်ထွက်ရှိပြီး (၂)ဥမှာအပင်ဥဖြစ်ကာ (၁)ဥမှာမျိုးဥ အဖြစ် ကျန်ရှိ တက်သောကြောင့် သစ္စာပန်းပင်သည် အပင်မသေမချင်း မျိုးမတုံးတတ်သော အပင်မျိုးဖြစ်ပါကြောင်း၊ မေမြို့ပန်းမှာမူ မျိုးစေ့(၄)ပြည်ကို မြောင်းကွက်(၄၀)ကွက်ပြုလုပ်၍ စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးရာတွင် ယခင်နှစ်က(၁)ဧကကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀၀)နီးပါးကုန်ကျပြီး ယခုနှစ်တွင် လုပ်အားခ၊ ဓါတ်မြေဩဇာနှင့်အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ(၁) ဧကလျှင် ကျပ်(၇၀၀၀၀၀)နီးပါးကုန်ကျပါကြောင်း၊  စိုက်ပျိုးနေဆဲကာလအတွင်း မြေအောက်ရေဖြင့် အနည်းဆုံး(၁၅)ကြိမ်နှင့်အထက် သွင်းပေးရကြောင်း၊ စိုက်ပျိုးပြီး(၃)လခွဲအကြာတွင် ခူးဆွတ်နိုင်ပြီဖြစ်ပါကြောင်း၊ ပေါ်ဦးပေါ်စအချိန်တွင် ပန်းဈေးကောင်းရရှိပြီး ပန်းများအပြိုင်ပေါ်ကြသည့်အချိန်တွင်မူ ဈေးမှာလျော့နည်းသွားတတ်ကြောင်း ညောင်ပင်သာအရှေ့ရွာနေ ပန်းစိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့ပေါ် အိမ်သုံးဆေးဝါးဈေးကွက်အခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆောင်းရာသီကာလ ဖြစ်၍ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများဖြစ်ပွားလျက်ရှိရာ ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါးများ အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။   

         ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)အတွင်း ရေစကြိုမြို့ပေါ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိ သော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမျာ Decolgen (၁၀) လုံးပါ (၁)ကတ်လျှင် ကျပ်(၁၈၀၀)၊ Civit အလုံး (၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၃၃၀၀)၊ Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၄၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၂၀၀)၊ Amoxicillin (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၈၀၀)၊ Enervon-C (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၆၀၀)၊ Burmeton အလုံး (၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၂၅၀၀)၊ Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်( ၃၅၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ်(၃၅၀)၊ Oramin-G (၅)လုံးပါ (၁) ကတ်လျှင် ကျပ် (၃၅၀၀)၊ Becozinc (၁၀)လုံးပါ (၁) ကတ်လျှင် ကျပ်(၄၅၀၀)၊ Vitahome (၁၀)လုံးပါ (၁) ကတ်လျှင် ကျပ်(၂၀၀၀)၊ SaRa (၁၀)လုံးပါ (၁) ကတ်လျှင် ကျပ်(၁၀၀၀)၊ Vitacee (၁၅)လုံးပါ (၁) ကတ်လျှင် ကျပ် (၄၅၀၀)၊ Flemex (၁၀)လုံးပါ (၁) ကတ်လျှင် ကျပ်(၂၀၀၀)၊ Solmux (၄)လုံးပါ (၁) ကတ်လျှင် ကျပ် (၁၃၀၀)၊ Woods' (၁)ဘူးလျှင် ကျပ်(၈၀၀၀)၊ Alexal (၁၀)လုံးပါ (၁) ကတ်လျှင် ကျပ်(၂၈၀၀)၊ Mexagrip (၆)လုံးပါ (၁) ကတ်လျှင် ကျပ်(၁၂၀၀)၊ Zinc (၁)လုံးလျှင် ကျပ်(၈၀)၊ Zincovit (၁၅)လုံးလျှင်  ကျပ်(၅၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချ သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

ပခုက္ကူမြို့နယ်အတွင်း ဆေးရွက်ကြီးစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ မြင်းကျွန်း၊ ကျွန်းညို၊ မှိုက်ပင်ကုန်း၊ တင်းဂပ် အုပ်စုအတွင်းရှိကျေးရွာများတွင် စိုက်ပျိုးရေးကို  အဓိကထားလုပ်ကိုင်ကြ၍ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် နှစ်စဉ်ငရုတ်၊ ဆေးရွက်ကြီး၊ အစေ့ထုတ်ပြောင်း(CP)၊ ပဲနီကြားနှင့်ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက်ဒေသ စီးပွားဖြစ် စိုက်ပျိုးကြပြီး ငရုပ်သီးနှံနှင့် ဆေးရွက်ကြီးကို စိုက်ဧကအများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။ ဗမာဆေးရွက်ကြီးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ ယခင်နှစ်က စိုက်ဧက(၃၀၀)ခန့်စိုက်ပျိုးပြီး သီးနှံရောင်းချချိန် ဒေသတွင်းဈေးကွက်ကောင်း၍ ဝယ်လိုအားကောင်းပြီး ဈေးနှုန်းမြင့်တက်မှုကြောင့် ယခုနှစ်တွင် ဆေးရွက်ကြီးစိုက်ဧက (၃၅၀)ခန့်အထိ တောင်သူများ စိုက်ပျိုးမှုများလာကြောင်း သိရှိရသည်။

       စိုက်ပျိုးမှုအနေဖြင့် ဗမာဆေးရွက်ကြီးကို သဲနုန်းမြေအမျိုးအစားတွင်စိုက်ပျိုးကြပြီး ရေသွင်း စနစ်ဖြင့် စိုက်ပျိုးကြောင်း ဒေသခံတောင်သူများမှ မိမိစိုက်ခင်းထွက်ဆေးရွက်ကြီးမျိုးစေ့ကို ကိုယ်တိုင်ပျိုးခင်းထောင်၍ စိုက်ပျိုးခြင်းနှင့်ပျိုးပင်ဝယ်ယူစိုက်ပျိုးခြင်း (၂)မျိုးဖြင့်စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည် ကျပ်(၁)သောင်းခန့်ပေါက်ဈေးရှိပြီး ပျိုးပင်တစ်ပင်လျှင် ကျပ်(၇)ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မျိုးစေ့မှပျိုးထောင်လုပ်ငန်းကို တော်သလင်းလတွင်ပျိုးထောင်ပြီး (၄၅)ရက်ကြာလျှင် စိုက်ခင်းသို့ပျိုးပင်များ ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် ပျိုးပင်(၇၀၀၀)ခန့် ဝင်ဆန့်ပြီး ပင်ကြားတန်း ကြား(၂)ပေအကွာ စိုက်ပျိုးကြောင်း၊ သီတင်းကျွတ်လတွင်စတင်စိုက်ပျိုပြီး တပေါင်းလတွင် ဆေးရွက် ကြီးများခူးကြောင်း၊ ယခုအချိန်တွင် စိုက်ပင်သက်တမ်း(၂)လခန့်ရှိ၍ အပင်အောက်ခြေ အရွက်ရင့်များ စတင်ခူးကြောင်း၊ ပင်စည်မှထွက်သော အတက်သေးများကိုလည်း ဖဲ့ပေးခြင်းဖြင့် စိုက်ပင်မှဆေးရွက် ကြီးများ ကြီးထွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

          ဆေးရွက်ကြီးစိုက်ပျိုးမှုတစ်ဧကလျှင် ရာသီဥတု၊ မြေသား၊ သွင်းအားစုသုံးစွဲပုံ မတူညီ၍ တောင်သူတစ်ဦးချင်း နှစ်စဉ်အထွက်နှုန်း မတူညီကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တစ်ဧက ပျမ်းမျှပိဿာ (၁၀၀၀ မှ ၁၅၀၀ ထိ)ထွက်ရှိကြောင်း၊ ယခင်နှစ်က ပိဿာ(၉၀၀ မှ ၁၃၀၀ ထိ)ထွက်ရှိပြီး၊ တစ်ပိဿာ လျှင် ကျပ်(၁၀၀၀ မှ ၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆေးရွက်ကြီး တစ်ပိဿာလျှင် အရည်အသွေးလိုက်၍ ကျပ်(၂၅၀၀ မှ ၃၅၀၀)ဈေးနှုန်းဖြင့် ရောင်းချ ရကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ်သိန်း(၂၀)ခန့်ကုန်ကျပြီး (၄၅)သိန်းခန့် ဝင်ငွေရရှိ၍ ကျပ်(၂၅)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်တွင် အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုး နှင့်၊ စက်သုံးဆီဝယ်ယူခဈေးနှုန်းကြီးမြင့်မှုကြောင့် ကျပ်(၂၈)သိန်းခန့်ကုန်ကြမည်ဖြစ်၍၊ ဒေသတွင်း သီးနှံရောင်းချ ချိန်တွင် ဆေးရွက်ကြီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)ခန့်ဈေးနှုန်းဖြင့် ရောင်းချမှသာ စိုက်တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း ကျွန်းညိုကြီးကျေးရွာရှိ စိုက်တောင်သူဦးစိန်သန်းမှ တစ်ဆင့်သိရှိရပါသည်။

       ဆေးရွက်ကြီးသည် မြန်မာလူမျိုးများအနေဖြင့် သုံးစွဲမှုနည်းပါးသော်လည်း လူတိုင်းအတွက် အသုံးဝင်သော ကျန်းမာရေးဆေးဖက်ဝင်တစ်မျိုးဖြစ်၍ ပခုက္ကူဒေသရှိ စိုက်တောင်သူများသည် နှစ်စဉ် မပြတ်စိုက်ပျိုးခဲ့ရာ တောင်သူများမှထွက်ရှိသော ဆေးရွက်ကြီးနှင့်ဆေးရိုးများကို ပခုက္ကူမြို့ပေါ်ရှိကုန်ကြမ်းသုံးစွဲမှု များလျက်ရှိသော ဆေးလိပ်ခုံလုပ်ငန်းရှင်များ၊ ကွမ်းယာရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် မြန်မာ့တိုင်းရင်းဆေးဖော်စပ်ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်များမှ ကျေးရွာ များထိဆင်း၍ နှစ်စဉ်ဝယ်ယူလျက်ရှိပြီး ရောင်းလိုအားဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ် ဆေးရွက်ကြီး စိုက်ပျိုး ခြင်းကြောင့် ပြည်တွင်းရှိ ဒေသခံစိုက်တောင်သူများ၊ အလုပ်သမားများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိလျက်ရှိကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄,၉၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၇ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄,၉၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

     ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

     အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့် စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များရောင်းချ

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးနှင့်  ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာမှ ဝန်ထမ်းများပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များကို ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ရောင်းချရာတွင် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့်  ဆီ (၅၀)သား (၁)ဘူးလျှင်  (၂၇၀ဝိ/)နှုန်းဖြင့် ဆီ (၃၁၀)ဘူးကိုလည်‌ကောင်း၊ ဆန်(၁)ပြည်လျှင် (၂၅၀ဝိ)/-ကျပ်နှုန်းဖြင့် ပြည်(၃၅၀)ကိုလည်းကောင်း  အသီးသီးရောင်းချခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများက လာရောက်ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပွင့်ဖြူမြို့၊ မြို့မဈေး၌ ဒီဇင်ဘာလ(တတိယပတ်)အတွင်း ရောင်းချနေသောကုန်ဈေးနှုန်းအခြေအနေ

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ မြို့မဈေးတွင် ပုံမှန်ရောင်းချနေသော အသားများအပြင် ဆင်ဖြူကျွန်းမြို့နှင့် ရှမ်းပြည်နယ်မှစိုက်ပျိုးထွက်ရှိ သောဟင်းသီးဟင်းရွက်များ ဝင်ရောက်လျက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)အတွင်း မြို့မဈေး၌ ရောင်းချလျက်ရှိသော ဈေးနှုန်းများ မှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ပဲသီး(၁) ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်ဟင်းခါးသီး(၁) ပိဿာလျှင် ကျပ်(၂၄၀၀)၊ ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ်(၂၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၅၀၀)၊ မုန်လာဥ(၁) စည်းလျှင် ကျပ်(၂၅၀)၊ ပန်းမုန်လာ(၁)ပွင့် လျှင် ကျပ်(၁၄၀၀)၊ ရုံးပတီသီး (၁၀)တောင့်လျှင် ကျပ်(၂၀၀)၊ ကန်ဇွန်းရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ဘူးရွက် (၁)စည်းလျှင် ကျပ်(၃၀၀)၊ ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၅၀၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဝက်သား(၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဈေးနှုန်းတို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

    မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၀၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၃၀၀၀)ကြားဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင်ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ဝါ၏သမိုင်းအစနှင့် စစ်ကိုင်းခရိုင်၏ ဝါစိုက်ပျိုးထွက်ရှိထုတ်လုပ်မှုအခြေအနေ

     ဝါဂွမ်းရရှိသော ဝါပင်သည် မည့်သည့်နိုင်ငံ၌ ပထမဆုံးပေါက်သည်။ မည်သည့်နိုင်ငံသည် ဝါဂွမ်းကို ပထမဆုံးအသုံးပြုခဲ့သည်ဟူသောအချက်ကို အတိအကျဆုံးဖြတ်ရန် ခဲယဉ်းပေသည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ နှစ်ပေါင်း၁၅၀၀ခန့်ကပင် ချည်ထည်များကို အသုံးများနေပြီဖြစ်ကြောင်း အထောက်အထားများတွေ့ရသည်။ ၁၉၂၀ပြည့်နှစ်တစ်ဝိုက်တွင် ရှေးမြို့ဟောင်းကြီးများ၌ တူးဖော်တွေ့ရှိချက်အရ အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ နှစ်ပေါင်း ၃၀၀၀ခန့်ကပင် ချည်မျှင်ကို အထည်အလိပ်နှင့် ကြိုးအမျိုးမျိုးပြုလုပ်ရာ၌ အသုံးပြုခဲ့ကြောင်းသိရပါသည်။ ခရစ်နှစ် ၁၅၀၀ခန့်တွင် အိန္ဒိယနိုင်ငံသည် ချည်ထည်လုပ်ငန်း၏ အချက်အချာနိုင်ငံတစ်နိုင်ငံဖြစ်နေပြီး အိန္ဒိယနိုင်ငံမှတစ်ဆင့် ဝါပင်စိုက်ပျိုးခြင်း၊ ဝါချည်မျှင်ဖြင့် အထည်အလိပ်များ ရက်လုပ်ခြင်းအတတ်ပညာသည် ပါးရှား(အီရန်)၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ရောက်ရှိသွားသည်။ တရုတ်နှင့်ဂျပန်နိုင်ငံတို့တွင် ပိုးထည်လုပ်ငန်းထွန်းကားနေပြီဖြစ်၍ ချည်ထည်လုပ်ငန်းသည် ပိုးထည်လုပ်ငန်းကို ထိုးဖောက်ကြီးထွားခဲ့သည်။ ဟီရောဒိုးတပ်နှင့် ပလင်နီတို့၏ မှတ်တမ်းများ၌ ဝါချည်မျှင်အသုံးချနည်းကို ရှေးဂရိနှင့်ရောမတို့လည်း သိနားလည်ကြကြောင်း ဖော်ပြထားသည်။ ကိုလံဗပ်သည် ကမ္ဘာသစ်(အမေရိက တိုက်)သို့ ရောက်သွားစဉ်က တိုင်းရင်သားတို့သည် ဝါဂွမ်းကို အသုံးပြုလျက်ရှိကြောင်းတွေ့ခဲ့ရ သည်။ မက္ကဆီကိုနှင့် ပီးရူးနိုင်ငံများကို ရှာဖွေတွေ့ရှိခဲ့သော ရေသစ်မြေသစ်ရှာအာဇာနည်များသည် ယင်းနိုင်ငံများ၌ ဝါဂွမ်းကို တိုင်းရင်းသားများအသုံးပြုလျက်ရှိကြောင်းတွေ့ခဲ့ကြသည်။ ရှေးပီးရူးဂူသင်္ချိုင်းများကို တူးဖော်ကြည့်သည့်အခါ လူသေအလောင်းရစ်ပတ်ထားသော အဝတ်များသည် ဝါချည်မျှင်ဖြင့် ရက်လုပ်ထားကြောင်းတွေ့ရသည်။

       ဥရောပတိုက်သို့ ဝါဂွမ်းကို စတင်တင်သွင်းခဲ့သူများသည် ဆာရဆင်နှင့် မူးဝါးလူမျိုးတို့ဖြစ်၍ ခရစ်နှစ်၇၁၂ခုနှစ်တွင်  အာဖရိကမြောက်ပိုင်းမှ ဝါဂွမ်းများကို စပိန်နိုင်ငံသို့ ယူဆောင်ခဲ့ကြသည်။ ထိုမှ အခြားဥရောပနိုင်ငံများသို့လည်း တစ်စတစ်စပျံ့နှံ့ခဲ့သည်။ အင်္ဂလန်ပြည်သည် ၁၂၉၈ခုနှစ်ကပင် ဝါဂွမ်းအကြောင်းကြားဖူးနေလေပြီ။ တတိယအက်ဒွပ်ဘုရင်သည် ဖလန်းဒါးနိုင်ငံသားရက်ကန်းသည်များကို မန်ချက်စတာမြို့၌ အခြေစိုက်စေခဲ့သည်။ ထိုမြို့သည် ချည်ထည်လုပ်ငန်းအတွက် ထင်ရှားကျော်ကြားလာ၍ ရက်ကန်းလုပ်ငန်းသည် အင်္ဂလန်ပြည်၏ အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်လာသည်။ ရက်ကန်းရက်လုပ်သော စက်ကိရိယာများကိုလည်း အမျိုးမျိုးတီထွင်လုပ်ကိုင်လာခဲ့ကြရာ ၁၈ရာစုနောက်ပိုင်း အထည်အလိပ်ရက်လုပ်သောလုပ်ငန်းတွင် စက်ကရိယာများကို အများအပြားအသုံးပြုလာကြသဖြင့် လုပ်ငန်းတွင်ကျယ်၍ ကုန်ပစ္စည်းအထွက်များလာသောကြောင့် စက်ရုံ၊ အလုပ်ရုံများ၌ ကုန်ပစ္စည်းထုတ်လုပ်သည့်စနစ်ပေါ်ထွက်ထွန်းကားလာသည်။

      ဝါပင်သည် ပူနွေးသောရာသီဥတုမျိုးကိုနှစ်သက်၍ တစ်နှစ်လျှင် ရက်ပေါင်း ၂၀၀ခန့် ဆီးနှင်းမှလွတ်ကင်း၍ အပူချိန် ၈၀ဒီဂရီဖာရင်ဟိုက်ခန့်ရှိသောဒေသ၌ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အထူးသဖြင့် နေရောင်ခြည်များများရရှိ၍ အုံ့မှိုင်းသောရာသီဥတုတာမရှည်သည့်ဒေသမျိုး၌ စိုက်ပျိုးနိုင်သည်။ ရာသီဥတုအုံ့မှိုင်းလျှင် ဝါပင်၌ ဝါပိုးများများစွာကျရောက်တတ်သည်။ ထို့ကြောင့် ကမ္ဘာ့အပူပိုင်းဒေသနှင့် နီးကပ်သောသမပိုင်းဒေသ၊ ရေမဝပ်သောသဲမြေနုနှင့် မြေစေးမြေတို့၌ ဝါပင်များစိုက်ပျိုးကြသည်။ အပူပိုင်းဒေသများ၌ ဝါပင်များအတွက် ဆီးနှင်းကို မစိုးရိမ်ရဘဲ မိုးများလွန်သည်ကိုစိုးရိမ်ရသည်။ သို့သော်ရေသွင်းစိုက်ပျိုးသော ဒေသမှလွဲ၍ ဝါပင်သည် မိုးရေအသင့်အတင့်လိုအပ်သဖြင့် တစ်နှစ်လျှင် မိုးရေချိန်လက်မ ၂၀ခန့် သို့မဟုတ် ဝါစိုက်ချိန်  ခုနှစ်လက်မအထိ ရရှိသောဒေသများ၌ စိုက်ပျိုးရသည်။ သမပိုင်းဒေသပေါက် ဝါပင်တို့သည် တစ်နှစ်တစ်ကြိမ်စိုက်ပျိုးရသော ဝါပင်မျိုးတို့ဖြစ်ကြပြီး၊ အပူပိုင်းဒေသပေါက် ဝါပင်မျိုးတို့သည် နှစ်ရှည်ခံသည်။ တချို့သော ဝါပင်တို့သည် အတော်အတန်မြင့်မား၍ သစ်ပင်သဖွယ်ဖြစ်နေသည်။ အနောက်နိုင်ငံများတွင် ဝါထွက်ကောင်းပြီး မြေဩဇာဖြစ်ထွန်းစေရန် တစ်နေရာတည်းတွင် ဝါတစ်လှည့် ပြောင်းတစ်လှည့်စိုက်ကြသည်။ ဝါပင်တန်းကြားများတွင် ပဲပိစပ်ပင်မျိုးတို့ကိုလည်း စိုက်ပျိုးပေးခြင်းဖြင့် ဝါပင်တို့အား မြေဩဇာဓာတ်ကောင်းစွာရရှိစေသည်။

    ဝါပင်များကို ဧကပေါင်းများစွာစိုက်ပျိုးပါက ဝါပင်စိုက်ရန် မြောင်းနှစ်မြောင်းထက် မနည်းများသောအားဖြင့် နှစ်မြောင်းမှလေးမြောင်းထိဖော်၍ စိုက်ပျိုးကြသည်။ ဝါခင်းပိုင်ရှင်တို့သည် အဖျက်အဆီးပိုးမွှားဒဏ်ခံနိုင်ရည်ရှိ၍ သန်စွမ်းသောဝါပင်များရရှိရန်နှင့် ဝါထွက်ကောင်းသောဝါပင်မျိုးရရှိရန် မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလေ့ရှိကြသည်။ ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးရှိသည့်အနက် ချည်မျှင်ရှည်ဝါမျိုးလည်းဖြစ်ပြီး အချိန်တိုအတွင်း ကောက်သိမ်းနိုင်သောဝါမျိုးဖြစ်ပါက ဝါခင်းပိုင်ရှင်များအတွက် အကျိုးရှိပါသည်။

   ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးတောင်သူများ၊ ကုန်သည်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် စက်ရုံပိုင်ရှင်များပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ နိုင်ငံတော်ဘက်မှလည်း လိုအပ်သောပံ့ပိုးမှုများဖော်ဆောင်ဖြည့်ဆည်းပေးပါက ဝါနှင့်ဝါထွက်ပစ္စည်းကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်မည်မှာ အမှန်ဖြစ်သည်။

     စစ်ကိုင်းခရိုင်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိုးသီးနှံ(ချည်မျှင်ချည်ဝါ)လျာထားဧက ၃၆၀၁၁ဧကဖြစ်ပြီး၊ အမှန်စိုက်ဧက ၃၆၄၇၂ဧကဖြစ်၍ လျာထားချက်ထက် ၁၀၁ရာခိုင်နှုန်းပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ ချည်မျှင်ရှည်ဝါမျိုးကွဲအလိုက် မိုးကြိုတွင် ရွှေတောင်-၈၊ ရွှေတောင် -၁၀၊ မိုးနှင့် မိုးနှောင်တွင် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၉၊ ငွေချည်-၁၀၊ Hybrid(Raka) မျိုးများကို စိုက်ပျိုးကြ‌ကြောင်းသိရသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ အဓိကသီးနှံ(၁၀)မျိုးအနက် ဝါသီးနှံ၏ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ(၇၀၀)ဖြစ်ပြီး၊ စစ်ကိုင်းခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄)ခုနှစ်အတွက် တစ်ဧကခန့်မှန်းကုန်ကျစရိတ်မှာ  ကျပ်၉သိန်းကျော်ဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ပိဿာ(၅၀၀)ခန့်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိပါသည်။ ချည်မျှင်ရှည်ဝါစတင်ထွက်ပေါ်ချိန် စက်တင်ဘာလတွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဈေးပေါက်ပြီး လှိုင်လှိုင်ထွက်ပေါ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် တစ်ပိဿာလျှင် ၂၇၀၀ကျပ်ဈေးပေါက်သဖြင့် တစ်ဧကအကျိုးအမြတ်မှာ ကျပ်၄သိန်းမှ ကျပ်၆သိန်းကြား အကျိုးအမြတ်ရှိကြောင်းသိရှိရသည်။

     ဝါသီးနှံမှ  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့် ဆီကြိတ်ဖတ်များထုတ်လုပ်နိုင်သည်။ စစ်ကိုင်းခရိုင်၌ ဝါကြိတ်စက်(၁၃)စက်ရှိပြီး၊ ပါရမီရပ်ကွက်ရှိ မြမြင့်မိုရ်ဝါကြိတ်စက်သို့ကွင်းဆင်း၍ မေးမြန်းချက်များကို တင်ပြလိုက်ရပါသည်။

   မြမြင့်မိုရ်ဝါကြိတ်စက်တွင် တစ်လုံးလျှင် ကျပ်သိန်းနှစ်ရာတန်ဖိုးရှိ အိန္ဒိယနိုင်ငံထုတ် ဝါကြိတ်စက် ၃လုံးရှိပြီး၊ ဝါကြိတ်စက်တစ်လုံးသည် ကုန်ကြမ်းဝါပိဿာ (၁၀၀၀)အား တစ်ရက် ၁၂နာရီလည်ပတ်ပါက ကုန်ချောဝါဂွမ်း ၃၃၀ပိဿာ၊ ဝါစေ့ ၆၂ပိဿာရရှိပြီး၊ အလေအလွင့် ၅%ဖြစ်ကြောင်းသိရပါသည်။ ထွက်ရှိလာသောကုန်ချောဝါဂွမ်းများကို ဘေထုပ်စက်ဖြင့် ပိဿာချိန် ၄၈ပိဿာအထုပ်များပြုလုပ်သည်။ ဝါကြိတ်ခြင်းလုပ်ငန်းကို ဩဂုတ်လမှ ဧပြီလထိ ၉လခန့်သာလုပ်ကိုင်သည်။ ကုန်ကြမ်းဝါကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှဝယ်ယူပြီး ကုန်ချောဂွမ်းများကို မန္တလေး(ဂွမ်းစက်ရုံ)နှင့် မူဆယ်(တရုတ်)သို့ တင်ပို့ရောင်းချကြောင်းသိရသည်။ ဒီဇင်ဘာလအတွင်း ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်၇၀၀၀မှ ကျပ်၇၅၀၀၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်၁၁၀၀မှ ကျပ်၁၂၀၀ပေါက်စျေးအသီးသီးဖြင့် မန္တလေးသို့ တင်ပို့ရောင်းချကြောင်းသိရသည်။ ဝါသီးနှံသည် စိုက်ပျိုးသူတောင်သူများအတွက် တွက်ချေကိုက်ပြီး ဝါကြိတ်စက်များသည်လည်း လုပ်ငန်းလည်ပတ်ကာလ ၉လခန့်ရှိသည့်အတွက် စိုက်ပျိုးသင့်သည့်သီးနှံတစ်ခုဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း