Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရာသီစာ ပဲစိမ်းစားဥများ စတင်ရောင်းချလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် ပဲစိမ်းစားဥများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် ပဲစိမ်းစာဥများကို ကန့်ဘလူမြို့နယ်ရှိကျေးရွာများ၊ ခင်ဦးမြို့နယ်ဘက်မှ  ဝယ်ယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

ပဲစိမ်းစားဥသည် အရည်ရွှမ်းသောကြောင့် အရသာကောင်းမွန်၍ လူကြိုက်များပြီး သရေစာအဖြစ် လူကြီးလူငယ်မရွေး ဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ရောင်းချနေသော ပဲစိမ်းစားဥဈေးနှုန်းမှာ ပဲစိမ်းစားဥအသေး (၁)ပိဿာ(၁)တွဲ လျှင် (၂၀၀၀)ကျပ်နှင့် ပဲစိမ်းစားဥအကြီး (၁)ပိဿာ(၁)တွဲလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့၏ ထိုင်ဝမ်ဖူးစားပြောင်း ဈေးနှုန်းဈေးကွက်အခြေအနေ

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကိုစိုက်ပျိုး ရောင်းချလျက်ရှိကြောင်း၊ ထိုင်ဝမ်ဖူးစားပြောင်းများကို နေအိမ်ခြံဝင်းများ၌လည်းကောင်း၊ ယာကွက် များ၌လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုင်ဝမ်ဖူးစားပြောင်းများကို ကန့်ဘလူမြို့မဈေးရှိ ကုန်စိမ်းသည်များတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်လည်းကောင်း၊ ပြောင်းဖူးအစိမ်းနှင့် အပြုတ်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ပြောင်းဖူးစိမ်းကို စားသောက်ဆိုင်များနှင့် အိမ်ရှင်မ များကဟင်းချက်ရာ၌ ဝယ်ယူအသုံးပြုကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ပြောင်းဖူးကို လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး(၁)ဖူးလျှင် (၇၀၀)ကျပ်၊ အသေး(၁)ဖူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများ သည်ပြောင်းဖူး ပြုတ်အကြီး(၁)ဖူးလျှင်(၁၀၀၀)ကျပ်၊ အသေး(၁)ဖူးလျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ရာသီစာ ပဲမြစ်ဈေးနှုန်း အခြေအနေ

          ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်  ကုန်စိမ်းသီးနှံများကို ရာသီအလိုက်ဒေသအသီးသီးမှ မှာယူရောင်းချလျက်ရှိပါသည်။

          ကုန်စိမ်းသီးနှံများကိုမှာယူရောင်းချရာတွင် ရာသီအလိုက်သီးနှံများ၊ ကန်ဇွန်းဥ၊ ပိန်းဥ၊ အာတာလွတ်ဥနှင့် ပဲမြစ်တို့ကို ရောင်းချလျက်ရှိရာ ပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး  တံတားဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာ မန်ကျည်းတောပဲမြစ်သည် အခြားဒေသထွက် ပဲမြစ်များထက် အရသာပိုရှိပြီး စေးပိုင်နေသည့်အတွက် လူကြိုက်များသဖြင့် မန်ကျည်းတောပဲမြစ်ကို ကန့်ဘလူဒေသဈေးကွက်သို့ ရောင်းချရန်အတွက် မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပါသည်။

        ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲမြစ်ဈေးနှုန်းများမှာ ပဲမြစ်တစ်ပိဿာလျှင် (၇၈၀၀/၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥလတ် တစ်လုံးလျှင်(၄၂၀)ကျပ် ၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၀၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၈၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများမှ မိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြ ကြောင်းကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)

ဆန်းသစ်ချဲ့ထွင် ဝင်ငွေတိုးလာသော ကုလားပဲခွေလုပ်ငန်း

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး ကုလားပဲ စိုက်ပျိုးမြေ ဧကပေါင်း ၁၂၇၂၅၅ ရှိသောတိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။ပြည်တွင်း၊ပြည်ပသို့ နှစ်စဉ်ပဲ အများဆုံးတင်ပို့နိုင်ပြီး ကုလားပဲစိုက်ပျိုးမြေတစ်ဧကလျှင် ၁၈.၉၅ နှုန်း ခန့်ကိုပြည်တွင်းစားသုံးမှုဖူ လုံစေရန် တင်ပို့လျက်ရှိသည်။ နိုင်ငံအဝန်းကုလားပဲ ကိုအခြေခံကာ ဒေသထွက် အစားစာများစွာ ပြုလုပ်စားသုံးကြသည်။စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုလားပဲကို အခြေခံကာ ပြုလုပ်ရသော အညာစာကလေးခွေ ခေါ် ကုလားပဲခွေကို ကံကုန်း၊ မင်းရွာ၊ ဆားလင်းကြီး ပုလဲ စသည့် ကျေးရွာများနှင့် မုံရွာမြို့ပေါ်တွင်ပါ အသေးစားလုပ်ငန်းများဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းမှသည် တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ အညာဒေသထွက် အစားအစာများတွင် ကုလားပဲခွေကြော်သည် ကုလားပဲအမျိုးအစား တစ်ခုတည်းကိုသာ အသုံးပြုထားပြီး ဓာတုဆေးဝါးပါဝင်မှု အလွန်နည်းသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ကာ ထူးခြားကောင်းမွန်လှသည်။

ကုလားပဲခွေပြုလုပ်ရာတွင် ကုလားပဲအစိမ်းမုန့်ထဲသို့ ရေတစ်ဆင့်ချင်းထည့်ကာ ကုလားပဲ အနှစ် မပျစ်၊မကျဲ အနေတော်အနေအထားရသည် အထိနယ်ကာ ဆား၊ ဟင်းခတ်မှုန့်၊ ဆိုဒါ၊ ဂျင်းနှင့် ကြက်သွန်အရည် ညှစ်ကာထည့်ပြီး သမအောင်မွှေရပါသည်။သမအောင်မွှေထားသော ကုလားပဲ အနှစ်များကို ပုံစံခွက် (သို့) ပုံစံခွက်ပါသောပိတ်စ များစသည်ဖြင့် ၂၀၀ ဒီဂရီစင်တီဂရိတ် ခန့်ပူသောဆီအိုးထဲသို့ ဝိုင်း၍ညစ်ထည့် ကာကြော်ကြပါသည်။ ရရှိလာသောပဲခွေကြော်များကို ဆီစစ်ဆန်ကာသို့ထည့်ကာ ဆီစစ်ရသည်။လုပ်သားအင်အား အနည်းဆုံး(၂)ဦးမှစတင်ကာ လုပ်ငန်း အရွယ်အစားပေါ်မူတည်၍ ချဲ့ထွင်လုပ်ကိုင်လျက်ရှိသည်။ ကုလားပဲနှစ်အစို တစ်ပိဿာလျှင် ပဲခွေကြော် ၀.၇ ပိသာခန့် ရရှိ ကြောင်းသိရသည်။

ရရှိလာသောကုလားပဲခွေကြော် ပူပူများကို ၃-၅ ခန့်အအေးခံ၍ ပြည်တွင်းတံဆိပ် အမျိုးမျိုး ကပ်ကာပလတ်စတစ်အိတ်များ၊ လေဖောင်းအိတ်များ၊ လေစုပ်အိတ်များ၊ ပလတ်စတစ်ဘူးအရွယ်အစား စုံလင်စွာဖြင့် ပမာဏအမျိုးမျိုးထုတ်ပိုး၍ စူပါမားကတ်များနှင့် အညာဒေသလက်ဆောင်များအဖြစ် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြသည်။တွဲဖက်စားသုံးနိုင်ရန် ငရုတ်သီးအတောင့်ကျွတ်ကြော်၊ ပျင်းတော်သိမ်းရွက်အကျွတ်ကြော်၊ ပဲပုတ်ပြားကြော် စသည်ဖြင့်ထည့်ပေးကြသည်။ အရသာ ကောင်းမွန်သောကြောင့် လူကြီး၊လူငယ်မရွေး ထမင်းနှင့်တွဲ၍ သော်လည်းကောင်း၊သရေစာ အဖြစ် သော်လည်းကောင်း နှစ်ခြိုက်စွာစားသုံးကြသည်။

ဈေးနှန်းဈေးကွက်အနေဖြင့် ယခုနှစ်ဒီဇင်ဘာလနောက်ဆုံးအပတ်တွင် ကုလားပဲခွေကြော် ၁၂၅ဂရမ်  ပါတစ်ထုတ်လျှင် ၁၀၀၀ ကျပ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့်အပြင် မြန်မာနိုင်ငံနေရာအနှံ့အပြား သို့တင်ပို့ရောင်းချလျက်ရှိသည်။ ဒေသတွင်းထပ်တိုး ဈေးကွက်တစ်ခု အနေဖြင့် ကုလားပဲခွေကြော်များကို ကြွပ်ရွ၍အရသာကောင်းမွန်မှုကို ထိန်းသိမ်းနိုင်ရန် လေလုံအောင် အထုတ်ငယ်လေးများနှင့်ထုတ်ပိုးပြီး တစ်ထုတ်လျှင်ကျပ် ၁၀၀၀-၄၀၀၀ နှုန်းဖြင့် မြို့ပေါ် အအေးဆိုင်များ၊ ရပ်ကွက်ကုန်စုံဆိုင်များ၊ မုန့်မျိုးစုံအရောင်းဆိုင်များနှင့်မြို့အနီးကျေးရွာအထိ ပါရောင်းချလျက်ရှိသည်။

ထို့ကြောင့်စစ်ကိုင်းတိုင်းဒေသကြီး၏ အညာစာကလေးခွေကြော်သည် တစ်နိုင်တစ်ပိုင် လုပ်ငန်းမှသည် ဆန်းသစ်လာကာ ဒေသတွင်းဝင်ငွေရရှိစေရုံသာမက အလုပ်အကိုင်အခွင့်အလမ်း များပေးစွမ်းနိုင်ခြင်း၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုလျက်ရှိပြီး ဒေသထုတ်ကုန် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူ ပြုလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေ

 ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်သာမက နယ်မြေခြင်းသထိစပ်လျက်ရှိသည့် ရေဦး ခရိုင်နှင့် ကန့်ဘလူခရိုင်မှ အစေ့ထုတ်ပြောင်းများလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၆၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၅၂၅၀)တင်း/ (၁၃၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့်ယခင်အပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ယခုအပတ်၌ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းအဝင်များသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ရာသီစာပိန်းဥဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးအာနိသင်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်  ကုန်စိမ်းသီးနှံများကို ရာသီအလိုက် ဒေသအသီးသီးမှ မှာယူရောင်းချလျက်ရှိပါသည်။

            ကုန်စိမ်းသီးနှံများကို မှာယူရောင်းချရာတွင် ရာသီအလိုက်သီးနှံများ၊ ကန်ဇွန်းဥ၊ ပိန်းဥ၊ အာတာလွတ်ဥနှင့် ပဲမြစ်တို့ကို ရောင်းချလျက်ရှိရာ ပိန်းဥကိုကန့်ဘလူဒေသဈေးကွက်အတွင်းသို့ ရောင်းချရန်အတွက် မန္တလေးမြို့မှ မှာယူရောင်းချရကြောင်းသိရသည်။

           ပိန်းဥ၏ ကျန်းမာရေးအကျိုးအာနိသင်များအနေဖြင့် အစာချေဖျက်နိုင်အားပိုကောင်းစေခြင်း၊ ကင်ဆာကာကွယ်နိုင်ခြင်း၊ ဆီးချိုသွေးချိုကာကွယ်နိုင်ခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊ အသားအရေအတွက်ကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်းနှင့် သွေးလည်ပတ်မှုကောင်းစေခြင်း စသည့်အကျိုးအာနိသင်များရရှိစေသည့်အတွက် ပိန်းဥသည်လည်း စားသုံးသင့်သော ဥတစ်မျိုးဖြစ်ပါသည်။

             ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပိန်းဥဈေးနှုန်းများမှာ ပိန်းဥ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ၅၀ကျပ်သား လျှင်(၂၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ကုန်စိမ်းသီးနှံမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

ဒီဇင်ဘာလ  (စတုတ္ထ)ပတ်တွင်    အာမို (၁၀:၁၀:၅) တစ်အိတ်(၉၇,၀၀၀)ကျပ်၊ ‌ရွှေကောမတ် (၂၀:၁၂:၁၂)တစ်အိတ် (၁၃၈,၀၀၀)ကျပ်၊ ယူရီးယား (အာမို)တစ်အိတ်(၁၃,၀၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၁၃၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၁၁,၃၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၁၁၅၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၉၈၀၀၀) ကျပ်၊ နိုက်ထရိုဖော်စကာ (သြဘာ)တစ်အိတ် (၂၀၂၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၁၃၀၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၉၂,၅၀၀)ကျပ်၊ သံကွင်း (၁၅:၁၅:၁၅)တစ်အိတ် (၁၁၇,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၂,၀၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၉၅,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၆,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၂၇၀၀၀) ကျပ်၊ ဘက်တား (250 g)တစ်ထုပ် (၃၀၀၀၀)ကျပ်၊ ဆန်နာဂျီ(250 g)) တစ်ထုပ် (၁၂,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၈၀၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၄၅,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၅,၄၀၀၀) ကျပ်၊ ဒိုင်နီပီယွန်(ဩဘာ) (1 Liter)တစ်ဘူး (၅၄၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၆၀၈၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter) တစ်ဘူး (၄,၅၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၅၈,၅၀၀) ကျပ်၊ သန်းဒါး(1 Liter)) တစ်ဘူး (၇၆၀၀၀)ကျပ်၊ ဒိုဇာ(100 g)တစ်ဘူး (၁၆၂၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၃၀၀၀)  ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ယခု ဇန်နဝါရီလ  (ပထမ)ပတ်တွင်    အာမို (၁၀:၁၀:၅) တစ်အိတ်(၉၇,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ် (၁၃၈,၀၀၀)ကျပ်၊ ယူရီးယား (အာမို)တစ်အိတ်(၁၃,၀၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၁၃၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၁၁,၃၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၁၁၅၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၉၈၀၀၀) ကျပ်၊ နိုက်ထရိုဖော်စကာ (သြဘာ)တစ်အိတ် (၂၀၂၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၁၃၀၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၉၂,၅၀၀)ကျပ်၊ သံကွင်း (၁၅:၁၅:၁၅)တစ်အိတ် (၁၁၇,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၂,၀၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၉၅,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၆,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၂၇၀၀၀) ကျပ်၊ ဘက်တား (250 g)တစ်ထုပ် (၃၀၀၀၀)ကျပ်၊ ဆန်နာဂျီ(250 g)) တစ်ထုပ် (၁၂,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၈၀၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၄၅,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၅,၄၀၀၀) ကျပ်၊ ဒိုင်နီပီယွန်(ဩဘာ) (1 Liter)တစ်ဘူး (၅၄၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၆၀၈၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter) တစ်ဘူး (၄,၅၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၅၈,၅၀၀) ကျပ်၊ သန်းဒါး(1 Liter)) တစ်ဘူး (၇၆၀၀၀)ကျပ်၊ ဒိုဇာ(100 g)တစ်ဘူး (၁၆၂၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၃၀၀၀)  ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိရာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း မုံရွာမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင် များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ခရမ်းချဉ်သီးနှင့်အာလူးသီး ဈေးနှုန်းဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံး စွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် ခရမ်းချဉ်သီးနှင့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကား ကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက် ရှိကြောင်းနှင့်  ဒေသထွက်ခရမ်းချဉ်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၁၀၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၄၀၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေ ကျပ်(၈၀၀၀)ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိ ဿာလျှင် ငွေကျပ်(၁၅၀၀)ဈေးနှုန်းကျဆင်း၍ အားလူးသီးဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီးပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ စည်ပင်သာယာဈေး ဈေးများတွင် ယခု ဇန်နဝါရီလ (ပထမ) ပတ်အတွင်း ‌ရွှေဘို ပေါ်ဆန်း (တစ်အိတ်)လျှင် ၁၆,၀၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၁၃၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၆၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၄၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၄၅၀၀ ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၈၃၅၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၉၀၀ မှ ၁၀၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၄၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ကြက်သွန်နီ(သစ်) (တစ်ပိဿာ) ၃၅၀၀ မှ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၁၃၅၀၀ မှ ၁၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၂၂၀၀၀ မှ ၂၃၀၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၆၀၀၀ မှ ၆၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၈၀၀၀ မှ ၈၅၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၁၅၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၅၅၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်) ၂၅၀၀ ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၈၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၉၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၂၇၀၀၀ မှ ၂၈၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၉၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၁၀၀၀ မှ ၂၂၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၁၀၀၀ ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၄၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၅၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံး လျှင် ၄၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သည့်‌ အာလူး (တစ်ပိဿာ)၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ)၊ ခရမ်းချဉ်သီး (တစ်ပိဿာ)၊ ငါးမြစ်ချင်း (တစ်ပိဿာ)     စသည့် ဈေးနှုန်းများမှာ ယခင်လ စတုတ္ထပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ဈေးနှုန်းကျဆင်းမှုရှိနေပြီး   စားအုန်းဆီ ဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း သိရှိရသည်။           

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း